သတင်းစာစဉ် စက်တင်ဘာလ ၂၀၂၆

အရာရာကို တစ်ယောက်တည်း ရုန်းကန်ရခြင်းရဲ့ ကြီးမားတဲ့ တန်ဖိုး “ဘယ်လောက်ပဲ ခက်ခဲတဲ့ ဒုက္ခတွေနဲ့ ကြုံနေရပါစေ… သူတစ်ပါးဆီက အကူအညီတောင်းဖို့ကို အသက်ထက် စိုးရွံ့နေမိပါသလား?” အရာရာကို ကိုယ်တိုင်ပဲ လုပ်မယ်၊ ဘယ်သူ့ကိုမှ အားမကိုးဘူးဆိုတဲ့ စရိုက်ကို လူအများက ခွန်အားလို့ ထင်မှတ်ပြီး ချီးကျူးတတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ပညာအရ အစွန်းရောက်တဲ့ လွတ်လပ်လွန်းတဲ့စရိုက် (Hyper-Independence) ဟာ အားသာချက်မဟုတ်ဘဲ၊ အတိတ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှု (Trauma Response) တစ်ခု ဖြစ်နေတတ်ပါတယ်။ ငယ်စဉ်က ကိုယ်အကူအညီလိုချိန်မှာ အားကိုးရမယ့်သူတွေက ပစ်ပယ်ခဲ့တာ ဒါမှမဟုတ် စိတ်ပျက်အောင် လုပ်ခဲ့တာတွေကြောင့် “ငါကလွဲရင် ဘယ်သူ့ကိုမှ မယုံနိုင်ဘူး၊ အရာရာကို ကိုယ်တိုင်ပဲ လုပ်ရမယ်” လို့ မသိစိတ်က တထစ်ချ

သတင်းစာစဉ် စက်တင်ဘာလ ၂၀၂၆ Read More »

သတင်းစာစဉ် ဩဂုတ်လ ၂၀၂၆

ကိုယ့်အတွင်းစိတ်ထဲမှာ အခြားသူတွေကို မနာလိုဖြစ်တဲ့စိတ်၊ ဒေါသထွက်တဲ့စိတ်တွေ ပေါ်လာတဲ့အခါ… ငါဟာ လူဆိုးတစ်ယောက်များလားလို့ ကိုယ့်ကိုယ်ကိုယ် လန့်ဖူးလား? ကမ္ဘာကျော်စိတ်ပညာရှင် Carl Jung ရဲ့ အဆိုအရ လူတိုင်းမှာ ပတ်ဝန်းကျင်အကြိုက် ပြသထားတဲ့ မျက်နှာဖုံး (Persona) အပြင်၊ လူမှုဝန်းကျင်က လက်မခံမှာ ကြောက်လို့ မသိစိတ်ထဲကို တွန်းထုတ်ဖုံးကွယ်ထားတဲ့ “Shadow Self (ပုံရိပ်မည်း)” ဆိုတာ ရှိပါတယ်။ အဲဒီအရိပ်ထဲမှာ ဒေါသ၊ အတ္တ၊ မနာလိုမှုနဲ့ ရက်စက်မှုတွေ ပုန်းကွယ်နေပြီး ဒါတွေကို ရှိမှန်းမသိဘဲ အတင်းအဓမ္မ ဖိနှိပ်ထားရင် တစ်နေ့မှာ မမျှော်လင့်ဘဲ ပေါက်ကွဲထွက်လာတတ်ပါတယ်။ကိုယ့်ရဲ့ Shadow Self ကို အသိအမှတ်မပြုဘဲ ငြင်းပယ်ထားတာဟာ အတွင်းစိတ် ငြိမ်းချမ်းမှု (Inner Peace) ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

သတင်းစာစဉ် ဩဂုတ်လ ၂၀၂၆ Read More »

Newsletter Aug 2026

Finding Peace Within: Getting to Know Your Shadow Self Have you ever felt a sudden spark of jealousy or anger inside, and panicked, thinking, “Am I a bad person?According to the famous psychologist Carl Jung, alongside the “Persona,” the mask we wear for the world, we all have a “Shadow Self.” This consists of the

Newsletter Aug 2026 Read More »

တိမ် ☁️

By Nick တောင်ပေါ်ဒေသတစ်နေရာ။ အိမ်ရဲ့ အရှေ့ဖက်မှာ ​ရေပြင်ကျယ်နဲ့ တောင်တန်းတွေရှိသလို၊ အိမ်ရဲ့ နောက်ဖက်မှာလည်း တောင်ကုန်းတွေ စိမ်းစိုနေတတ်တယ်။ ဆောင်းရာသီရဲ့ နေဝင်ချိန်က အေးစက်မှုနဲ့နွေးထွေးမှု ကြားက တိုတောင်းလှတဲ့အခိုက်အတန့်လေး တစ်ခု။ ဒီလိုနေဝင်ချိန်တွေဆို အိမ်ရဲ့ ခြံစည်းရိုးထောင့်ပေါ်မှာ ထိုင်ရင်း အချိန်ကုန်ဆုံးဖြစ်တယ်။ လေတစ်ချက်ဝှေ့သွားတိုင်း ခြံစည်းရိုးဘေးက နံ့သာဖြူပင်ကနေ အရွက်တွေ ကြွေကျသွားတတ်တယ်။ တစ်ခါတလေလည်း မလှမ်းမကမ်းမှာရှိတဲ့ ပြတင်းပေါက်နားက အဖြူရောင် လိုက်ကာစတွေကို ဖြတ်ကျော်ပြီး “တိမ်”ရဲ့ အခန်းထဲကို ဝင်သွားတတ်တယ်။ “တိမ်”ဟာ အသက်၂၀ လူငယ်တစ်ယောက်။ မျက်ခုံးမွေးထူပြီး အညိုရောင် မျက်လုံးတွေ ပိုင်ဆိုင်ထားတယ်။ လမ်းလျှောက်တတ်စ,အရွယ်မှာ တိမ်တွေကို ကြည့်ပြီး ရီနေတတ်တဲ့ကလေးမို့ အားလုံးက “တိမ်”လို့ခေါ်ခဲ့ကြတယ်။ “တိမ်”ကိုစတွေ့တုန်းက တော်တော်စိမ်းတယ်။ အနားမကပ်သလို စကားလည်းမပြောခဲ့ဘူး။ ဒါပေမယ့် “တိမ်”

တိမ် ☁️ Read More »

မပြီးဆုံးခဲ့လေသော….. 

By Khaing Ji ဆောင်းအကုန် နွေအကူး နေ့ရက်တွေမှာ ဆိုရင်ဖြင့် အညာဒေသမှာ နေလို့ထိုင်လို့ ကောင်းတဲ့ အချိန်လို့ပြောလို့ရသလို မပူလွန်း မအေးလွန်းလို့ ဒေါ်သီသီတစ်ယောက် သဘောကျရတဲ့ အချိန်ကာလဆိုလည်း မမှားဟု ဆိုရပေမည်။ ဒီနေ့လည်း မနက်စောစော မီးဖိုချောင်မှာ ချက်ရင်းပြုတ်ရင်း ဒေါ် သီသီတစ်ယောက် အတွေးများနေမိပြန်သည်။ ဥပုသ်နေ့ဆိုတော့ မနက် တန်းဆွမ်းလောင်းပြီးတာနဲ့ ဘုန်းကြီးကျောင်း သီလယူရန်သွားရမည်။ ဟင်းအိုးတည်ထားစဥ် ဘုရားဆွမ်းတော်ကပ်ဖို့ ပန်းကန်များဆေးကြောပြင်ဆင်ရင်း ဥပုသ်ကျောင်းမှာ သီလယူသွားနေကြဖြစ်သော်လည်း အကြောင်းရင်းရှာမရဘဲ လေးလံနေသည့်စိတ်ကို နားမလည်နိုင်ဖြစ်နေမိသည်။ တစ်ပတ်တစ်ခါ ဥပုသ်သည်တွေ တရားနားချိန် စကားစမြည်ပြောကြပုံများ အတွေးအာရုံထဲ ဝင်ရောက်လာသည်။ လှုပ်ခတ်လာသော စိတ်အလျင်သည်  သူများတွေပြောသော မိသားစုရေးရာများကို မကြားရရင်ကောင်းမှာပဲဟု တိတ်တိတ်လေးဆုတောင်းမိလိုက်သည်။ ဒေါ်သီသီ၏ စိတ်သည် အစွန်းနှစ်ခုကွဲထွက်နေသလို ခံစားနေရသည်။ အတူနေမိသားစုဝင်ဖြစ်သူ

မပြီးဆုံးခဲ့လေသော…..  Read More »

သိရက်နဲ့

By Daniel Hein ၁။ ဖြူဖွေးနေတဲ့လက်ကောက်ဝတ်ပေါ်ကရွှေဝါရောင်နာရီလေးကသူမကိုပိုလှသွားစေတယ်လို့ထင်တယ်။ ဆံပင်ရှည်ကို ဖြန့်ချထားပြီး မြန်မာရင်ဖုံး ဝမ်းဆက်လေးနဲ့ဆိုတော့ အလှပေါ် အယဉ်ဆင့်တာပေါ့။ မျက်နှာလေးက ကြည်နေပြီး အမြဲလို အေးချမ်းတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတစ်ယောက်အဖြစ် သူ့ကို လူတွေသိကြတယ်။ စာတော်တယ်။ ထက်မြက်တယ်။ ကိုယ်ပိုင်ကားအနီလေးကို ကိုယ်တိုင်မောင်းပြီး ကျောင်းလာတက်တဲ့ကျောင်းသူတစ်ယောက်။ အားလပ်ချိန်တိုင်းမှာ သူရဲ့ လပ်တော့လေးနဲ့ပဲ အလုပ်ရှုပ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ၂။ အတန်းပြီးရင် ကျောင်းသား/သူတိုင်းက ကိုယ့်နေရာ၊ ကိုယ့်အိမ်၊ ကိုယ့်အဆောင်ကို အပြေးပြန်ပြီး နားချင်ကြတာသဘာဝပဲလို့ ကျွန်မထင်မိတယ်။ ဒါပေမယ့် ကျွန်မအတွက် အဲ့ဒီသဘာဝကပေးတဲ့ စိတ်က ချို့ယွင်းနေသလားတော့မသိ။ Practical ပြီးလို့ Labက ထွက်လာခဲ့တယ်။ အိတ်ထဲက ကားသော့ကို ထုတ်လိုက်ပြီး ကားထားခဲ့တဲ့ Car Parking ကို

သိရက်နဲ့ Read More »

“Me Time”

By ရီနာ (Ri Na) တစ်ယောက်တည်း နေရတာ ကြိုက်တာလားလို့ မေးရင်.. ဟုတ်တယ်လို့ ပြန်ဖြေမိမယ် ထင်တယ်။ လူတွေနဲ့ ရောနှောနေရတာရော ကြိုက်လားလို့ မေးရင်… တစ်ခါတလေတော့လည်း ကြိုက်ပါတယ်၊ အမြဲတမ်းတော့ မဟုတ်ဘူးထင်တယ်လို့ ပြန်ဖြေမိမယ်။ တစ်နေ့ မိုးလေးက အုံ့မှိုင်းမှိုင်း၊ နေကမပွင့်တပွင့် ဖြစ်နေတဲ့ ရာသီဥတုလေးမှာ ကိုထက်တို့ အိပ်ရာက နိုးလာခဲ့လေတယ်။ နိုးနိုးချင်းပဲ “အီး.. အားး” အပျင်းဆန့်ရင်း ဘေးမှာ ချထားတဲ့ ဖုန်းကို ကောက်ကိုင်ပြီး “ဒီနေ့ကတော့ ငါ့နားရက်ပဲ.. လုပ်ချင်တာလေးတွေ လုပ်ရင်း ကိုယ့်ကိုကိုယ် အချိန်ပေးရမယ်” လို့ ပါးစပ်ကနေ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ရေရွတ်နေတဲ့ အချိန်မှာပဲ “ဒူး ဒူး ဒူး” နဲ့ ဖုန်းတုန်ခါပြီး ဝင်လာတာကြောင့်

“Me Time” Read More »

ငါးစက္ကန့်

By ဧအိမ် ကဆုန်လပြည့်နေ့ရောက်တိုင်းလုံမေ့ရင်ထဲမှာ အမျိုးအမည်မသိတဲ့ စိတ်ခံစားချက်တွေ ကြီးစိုးလို့နေ တတ်တယ်။ လပြည့်နေ့ရောက်တိုင်းလုံမေတို့ ရပ်ကွက်ကလူတွေအလုပ်များတတ်ကြတယ်။ တမြို့နယ် လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲကို တောင်ဘုရားကြီးမှာ မြို့လူကြီးတွေကဦးစီး ကျင်းပကြတယ်။ မြို့သူ၊ မြို့သားတွေညောင်ရေသွန်းကြတဲ့ ညောင်ပင်ကို ဘုန်းဘုန်းဦးကိတ္တိသာရက အိန္ဒိယကနေ သယ်ယူ လာတယ်လို့ရှေးလူကြီးများ လက်ဆင့်ကမ်းစကားရှိကြတယ်။ မနက်အာရုံဦး ဆွမ်းကြီးလောင်းလှူပွဲမှာ ဆွမ်း၊ နှမ်းမုန့်ကြော်၊ မုန့်ဆီကြော်၊ ငါးကြော်(ပုစွန်ကြက်သွန်ထောင်းကြော်)၊ မုန့်ဖက်ထုပ် စသဖြင့် စိုက်ပျိုးသီးနှံထွက်နှုန်းပေါ်မူတည်ပြီး ကိုယ်တတ်စွမ်းရာလှူဒါန်းကြတယ်။ စာရေးတန်မဲတွေ ကလည်း စိတ်လှုပ်ရှားစရာကောင်းတယ်။ မွေးကင်းစကလေးငယ်ငယ်ရှိကြတဲ့မိဘတွေက ကျန်းမာတဲ့ ကလေးလေးတွေအဖြစ်ကြီးပြင်းလာစေဖို့ ကလေးမဲ ဖောက်ကြတယ်။ မဲပေါက်ရင် ငွေကြေးပမာတစ်ခု ကပ်လှူကြတဲ့ ဓလေ့တစ်ခုလည်း ရှိတယ်။ ဘုန်းဘုန်း အားလုံးကိုလောင်းလှူပြီးချိန်မှာ ဘိုးသူတော်လို့ ဆိုတဲ့ အဝတ်ဖြူရုံထားတဲ့ ကာလသားခေါင်း ဒါမှမဟုတ် ကာလသားတစ်ဦး၊ဦးဆောင်တဲ့အဖွဲ့က နောက်

ငါးစက္ကန့် Read More »

Newsletter July 2026

Counselling: finding your own path, not just looking for answers When we face life’s challenges, it’s natural to walk into a counselling session and think, “Just tell me what to do.” Many people feel frustrated when a counsellor doesn’t provide a direct solution, instead opting to ask probing questions. It can feel like they are

Newsletter July 2026 Read More »