စိတ်ကုထုံးနှင့် ဆွေးနွေးပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများ

တစ်ယောက်ချင်းကုထုံး

တစ်ယောက်ချင်းကုထုံးကတော့ ဖြစ်စဉ်ပေါ်မှာ အခြေခံပါတယ်။ အဲ့ဒီဖြစ်စဉ်ပေါ်မှာ လေ့ကျင့်ပေးထားတဲ့ ပညာရှင်နဲ့ လုံခြုံသော ဂရုစိုက်သော မပေါက်ကြားသော ပတ်ဝန်းကျင်တွင်ဆွေးနွေးပြီး ခံစားချက်တွေ၊ ယုံကြည်မှူတွေ၊ အပြုအမူတွေ ကိုစူးစမ်းရှာဖွေကြမှာ ဖြစ်ပါတယ်။ ခက်ခဲသော၊ လွှမ်းမိုးနေသောမှတ်ဉာဏ်များနှင့်အတူ ပြောင်းလဲခြင်သော ဘဝအစိတ်အပိုင်းတစ်ခုကိုကုညီရှာဖွေပေးပြီး ကိုယ့်ကိုကိုယ် ပိုနားလည်အောင် နှင့် ကိုယ်ပတ်ဝန်းကျင်ရှိလူများ ကိုလဲ ပိုမိုနားလည်အောင်ပြုလုပ်ပေးပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် လိုချင်သော ပြောင်းလဲမှုအပေါ် မူတည်ပြီးမိမိနှင့်သက်ဆိုင်သော ပန်းတိုင်သတ်မှတ်ကာ အတူတကွပူးပေါင်းဆောင်ရွက် လုပ်ကိုင်မှာဖြစ်ပါသည်။

တစ်ယောက်ချင်းကုထုံး

မိသားစုကုထုံး

မိသားစုကုထုံးဆိုတာကတော့ မိသားစုတွေ ကြားက လေးနက်တဲ့ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးတဲ့ကုထုံးဖြစ်ပါသည်။ မိသားစုဝင်တွေကြားထဲက အပြန်အလှန်ဆက်ဆံမှု ပြောင်းလဲလာမှု၊ တိုးတက်လာမှူတို့ကိုကြည့်ပါသည်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ဖြေရှင်းမှုတွေ၊ လုပ်ဆောင်နည်းတွေ၊ ရလဒ်တွေ မှာ မိသားစုဆက်ဆံရေးကအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။

မိသားစုကုထုံး

သမီးရည်းစား၊အိမ်ထောင်ဖက် အတွဲလိုက်ကုထုံး

အတွဲလိုက်ကုထုံးမှာတော့ စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပြဿနာတွေကို အဓိကအာရုံစိုက်မှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနှင် ပြောင်းလဲသောဆက်ဆံရေးတွေမှာ တစ်ဦးချင်း၏လက္ခဏာများ ဖြစ်ကြသော (အပြုအမူ၊ခံစားချက်၊ စိတ်ပဋိပက္ခများ၊အတွေးဖြစ်စဉ်)၊ လူနှစ်ဦးကြားဆက်ဆံရေး မှပြောင်းလဲခြင်းများပါဝင်သည်။ အတွဲလိုက်ကုထုံးက လက်ရှိဖြစ်ပျက်နေတဲ့ လူနှစ်ယောက်ကြားမှ ဆက်ဆံရေးပြဿနာတွေကို အာရုံစိုက်ပါ သည်။

သမီးရည်းစား၊အိမ်ထောင်ဖက် အတွဲလိုက်ကုထုံး

အုပ်စုကုထုံး 

အုပ်စုကုထုံးမှာတော့ကုသမှုခံယူသူတွေကိုသူတို့ပြဿနာတွေဘယ်လိုဖြေရှင်းရမလဲ၊ အခြားသူတွေဆီက ဝေဖန်မှုတွေကိုဘယ်လိုလက်ခံရမလဲကိုကူညီပေးမှာဖြစ်ပါတယ်။ အုပ်စုကုထုံးက တစ်ဦးချင်းစီကို ဆက်သွယ်ရေးကျွမ်းကျင်မှုများ၊လူမှုရေးကျွမ်းကျင်မှုများ တိုးတက်လာအောင် ပြုလုပ်ပေးပါတယ်။ တစ်ဦးချင်းစီကို အခြားသူပြောသည်များအား နားထောင်စေခြင်းအားဖြင့် ကိုယ့်ကိုကိုယ်သိမြင်လာအောင် ပြုလုပ်ပေးပါသည်။

အုပ်စုကုထုံး