အိမ့်ဝေဝေထွန်း

Diploma in Nursing (Magway)
Diploma in Child Psychology (Future Light Academy)
Certificate in Creative Therapies Facilitation – focused in Drama and Music
(Academy of Care, Goethe-Institut Myanmar)
Certificate in Dramatherapy for Active Personal Counselling
(Research Institute for Dramatherapy)
Basic, Intermediate & Advanced Counselling Skills Training (Counselling Corner)
Intensive Suicide Prevention Training (Jue Jue’s Safe Space)
Understanding Men with Trauma (Jue Jue’s Safe Space)
Applied and Counselling Psychology (IDA)
Introduction to Buddhist Psychotherapy (Thismoment Zone)
“The power of play – Supporting Growth, Development and Healing training by Gothe-Institute Myanmar in colalboration with FIN Myanmar and Think Playground (Vietnam)”
Children Emotional Regulation Training (Counselling Corner based on healing play therapy model)

Available days : Mondays, Tuesdays, Thursdays, Fridays, Saturdays

မအိမ့်ဝေဝေထွန်းသည် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် စိတ်ကျန်းမာရေးသူနာပြုဆရာမအဖြစ် ၂နှစ်ကြာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီး စိတ်ကျန်းမာရေးပြသာနာများကို ပြုစုကုသရာတွင် အတွေ့ကြုံများ ရရှိခဲ့ပါသည်။ စိတ်ကစဥ့်ကလျား၊ စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ၊ အရက်နှင့်မူးယစ်ဆေးသုံးစွဲသူများ အပါအဝင် လူနာများစွာကို အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သည်။ သူမသည်
အကောင်းဆုံးသော အတွေ့အကြုံများကို ရရှိခဲ့ပြီး စိတ်ကျန်းမာရေးသည် မည်မျှအရေးကြီးပြီးအသေးစိတ် ဂရုစိုက်ရမည်ကို ရှင်းရှင်းလင်းလင်းနားလည်သူဖြစ်သည်။

“စိတ်ကျန်းမာမှကိုယ်ကျန်းမာမည်” ဆိုသော ဆောင်ပုဒ်ကို ကိုင်စွဲသူဖြစ်သည်။ယခုခေတ်တွင် စိတ်ကျန်းမာရေးပြဿနာများကြောင့် ခက်ခဲလာသည့်အခါ၌ စိတ်အခြေအနေကိုတည်မြဲစွာ ထိန်းချုပ်ရန် နည်းလမ်းများကို ရှာဖွေတတ်လာကြသည်။ အရာရာတွင်ခက်ခဲလာသည်နှင့်အမျှ အဆုံးစီရင်သည့် နည်းလမ်းများကို စဥ်းစားလာကြသည့်အတွက်၊ သူမအနေဖြင့်တတ်နိုင်သလောက် အများကြီး ကူညီပေးလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် Suicideprevention training သင်ယူပြီး suicide prevention helpline တွင် တတ်နိုင်သလောက် စနစ်တကျကူညီပေးခဲ့သည်။ ဤအတွေ့အကြုံများသည် စိတ်ကျန်းမာရေးတွင် ကူညီပေးရန်
သူမ၏စိတ်အားထက်သန်မှုကို အထောက်အကူပြုခဲ့ပါသည်။

ထို့အပြင်၊ သူမသည် basic မှ advance အထိ counselling training များကို Counselling Corner တွင်စနစ်တကျ တက်ရောက်ခဲ့ပြီး၊ လူသားအခြေပြုစိတ်ကျန်းမာရေး (person-centered approach)ပညာရပ်များကို စနစ်တကျ လေ့လာထားပါသည်။ တစ်ဦးချင်းစီ၏ အတွေးအမြင်၊ ခံစားချက်များကိုနားလည်ပြီး၊ မိမိကိုယ်ကို လက်ခံကာ ပြောင်းလဲနိုင်စေရန် ထောက်ပံ့ပေးလိုသူတစ်ဦးဖြစ်ပါသည်။သူမသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုချဥ်းကပ်ကုသသည့်ဖန်တီးဖော်ထုတ်ခြင်းဆိုင်ရာ ဂီတကုထုံး (Music Therapy) နှင့် ပြဇာတ်ကုထုံး(Drama Therapy) များကိုလည်း ဆက်လက်လေ့လာသင်ယူအသုံးချလျက်ရှိပါသည်။

Health care assistant trainer တစ်ဦးအဖြစ် အတွေ့အကြုံရှိပြီး ဆေးပညာနှင့်ကျန်းမာရေးဆိုင်ရာအကျိုးရှိသော အကြောင်းအရာများကို မျှဝေနေသည့်အပြင် Family Planning Education Course ကို ဖွင့်လှစ်ပြီး တားဆေးခြားနည်းပညာပေးခြင်းများကို အလျင်းသင့်သလိုပညာပေးနေသူလည်းဖြစ်ပါတယ်။သူမသည် ကလေးများကို ချစ်ခင်တက်သူဖြစ်ပြီး၊ ကလေးသူငယ်အခွင့်အရေးကို အလွန်လေးစားသူဖြစ်သည်။

Diploma in child psychology ကိုပြီးမြောက်ထားပြီး၊ ကျောင်းသားများရဲ့ကိုယ်စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာကို တိုးတက်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးပညာပေးများကို ဦးဆောင်လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ ကလေးများရဲ့ စိတ်ကျန်းမာရေး,ကိုယ်ကျန်းမာရေးချိတ်ဆက်ပုံများကို ကိုယ်တိုင်ကိုယ်ကျ နားလည်သူ ဖြစ်သည့်အတွက် များစွာကူညီပေးလိုတော့ စိတ်စေတနာရှိပါတယ်။ ငယ်ဘဝစိတ်ဒဏ်ရာများ၊ စိတ်ဒဏ်ရာ အလွန်ဖိစီးမှုဝေဒနာ၊ဆယ်ကျော်သက်နှင့် လူငယ်များရဲ့ စိတ်ကျန်းမာရေးဆိုင်ရာများကို အထူးစိတ်ဝင်စားပါသည်။

သူမရဲ့ဝါသနာများမှသီချင်းဆိုခြင်း၊သင်ကြားခြင်း၊တစ်ယောက်တည်းခရီးထွက်ခြင်းနှင့်စာအုပ်ဖတ်ခြင်းတို့ဖြစ်သည်။ သူမရဲ့ passion မှာ မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေးပြဿနာများကိုပိုမိုလေးစားသိမြင်လာစေရန်၊ စိတ်ကျန်းမာရေးကို ဦးစားပေးသောနားလည်သောလူထုတစ်ရပ်ဖန်တီးရန်ဖြစ်သည်။အဓိက ရည်မှန်းချက်မှာ လူသားများကို စိတ်ကျန်းမာရေးဆိုင်ရာ
အကူအညီကို အချိန်မရွေးရယူနိုင်သောပတ်ဝန်းကျင်တစ်ခု ဖန်တီးလိုခြင်းဖြစ်သည်။မြန်မာလူထုကြားထဲစိတ်ကျန်းမာရေးအသိပညာမြှင့်တင်မှုနှင့်ဝန်ဆောင်မှုများကိုပိုမိုလက်လှမ်းမှီနိုင်စေရန် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။