
Stories of Healing: Reflections from our Trauma Healing Writing Training
This section features a collection of articles written by participants of the Trauma Writing Workshop, led by psychotherapist Ko Aung Min Thein.
Through these pieces, the writers explore the intersection of storytelling and mental health. Each article demonstrates how to bring psychological depth to characters and narratives, focusing on themes of resilience and the human experience. These works highlight the creative techniques learned during the workshop to portray difficult themes with sensitivity and insight.

ရေခဲသေတ္တာထဲက မိန်းကလေး
နွေး ရေခဲသေတ္တာထဲမှာနေလာတာ နွေးဘဝ တသက်တာပဲ။ အေးစက်တယ် မှောင်မဲတယ် လူမမြင်ကွယ်ရာ အအေးခန်းတခုထဲမှာပေါ့။နွေးကိုယ်တိုင်လဲ နာမည်က နွေးဆိုပေမယ့် မနွေးထွေးနေဘူး။ အေးစက်စက်ပဲ.. ငယ်ငယ်ထဲက အေးစက်စက်ပဲ ကြုံလာခဲ့တော့ ဒါကိုပဲ သင်ယူလာခဲ့တာလေ။ နွေး ဘယ်လို နွေးထွေးရမယ်ဆိုတာကို မသိဘူး။ လူတွေအမြင်မှာ နွေးဟာ အစစအရာရာ အဆင်ပြေနေတယ် ပျော်နေတဲ့ပုံပေါက်တယ် စိတ်ညစ်တယ်ဆိုတာကို မသိဘူးလို့ထင်ကြတယ်။ ဒါပေမယ့် နွေး ရေခဲသေတ္တာထဲမှာ နေတာကိုတော့ ဘယ်သူမှမသိကြဘူး။

လက်ဖက်ရည်ဆိုင်ရဲ့ ညနေခင်း
ညနေခင်းရဲ့ နေရောင်ဖျော့ဖျော့က ဆိုင်အပြင်ဘက် ကို မှိန်ပျပျကျရောက်နေတယ်။
လက်ဖက်ရည်ဆိုင်ထဲမှာတော့ ပုံမှန်အတိုင်းပန်းကန်ချင်း ရိုက်ခတ်သံ၊ လူတွေရဲ့ ဟက်ဟက်ပက်ပက် ရယ်သံနဲ့ အော်ဟစ်မှာယူနေတဲ့ အသံတွေက ဆူညံပွက်လောရိုက်လို့။
စားပွဲပေါ်က လက်ဖက်ရည်ခွက်ထဲက အငွေ့တွေကတော့ တဖြည်းဖြည်း ငြိမ်သက်သွားပြီး အအေးဓာတ်က ခွက်နှုတ်ခမ်းဆီ ကူးစက်နေပြီ။

ဆူးများရဲ့ဒိုင်ယာရီ
ကျွန်မက အရမ်းစေ့စပ်သေချာတဲ့သူ၊ အမှားဆိုတာ ကျွန်မရဲ့ အဘိဓာန်မှာ မရှိစေရဘူး… ကျွန်မမှားတာ လုံးဝမကြိုက်ဘူး အဲ့လိုပဲ ကျွန်မကို အမှားလာကြူးလွန်ရင်လဲ လုံးဝခွင့်မလွှတ်တတ်ဘူး။ ကျွန်မက ကျွန်မကိုယ်ကျွန်မ စံနှုန်းမြင့်မြင့်ပဲထားတယ်၊ ရည်းစားရွေးတာပဲ ဖြစ်ဖြစ်၊ နာရီဝယ်တာပဲဖြစ်ဖြစ်၊ အကျီဝယ်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲ ဖြစ်ဖြစ်ပေါ့၊ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျပုံစံမျိုး ဝတ်ရတာကို ကြိုက်တယ်၊ ယောကျာ်းဆိုလဲ စနစ်တကျမနေတဲ့သူတွေဆို မကြိုက်ဘူး၊ အလုပ်လုပ်ရင်လဲ အမှားကင်းအောင် perfect ဖြစ်အောင် အမြဲတမ်း စစ်တယ်။ ဒါတွေလဲ အမေပဲလေ့ကျင့်ပေးခဲ့တာပါ..

ဘဝရဲ့ အိမ်စာ
နေထွက်ခါစ မနက်ခင်းလေးတစ်ခုမှာ အိပ်ခန်းပြတင်းပေါက်ကနေ ဖြာကျနေတဲ့ အလင်းရောင်က ခန်းစီးအဖြူစလေးအပေါ် ကျနေတယ် လေလေးတဖြူးဖြူးတိုက်နေတာကြောင့် ခန်းစီးလေးဟာ လူးကာလွင့်ကာနဲ့ မြင်ရတဲ့သူမှာ အနုပညာတစ်ခုကို ခံစားနေရသလို ဖြစ်နေတယ်
ဒီမြင်ကွင်းကို ကြည့်ရင်း လေနုအေးရဲ့ထိတွေ့မှုကို အသေအချာလေးခံစားနေတဲ့ လူတစ်ယောက်က ပြတင်းပေါက်နားက ထိုင်ခုံလေးမှာ ကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်ရင်း ထိုင်နေတယ်
ချက်ချင်းဆိုသလိုပဲ လွင့်နေတဲ့ခန်းစီးစလေးကိုကြည့်ရင်း သူအတွေးတစ်ချက်ဝင်လာတယ်
‘ငါ ဒီမြင်ကွင်းကို ရေးဦးမှပဲ’

တိမ်
တောင်ပေါ်ဒေသတစ်နေရာ။ အိမ်ရဲ့ အရှေ့ဖက်မှာ ရေပြင်ကျယ်နဲ့ တောင်တန်းတွေရှိသလို၊ အိမ်ရဲ့နောက်ဖက်မှာလည်း တောင်ကုန်းတွေ စိမ်းစိုနေတတ်တယ်။ ဆောင်းရာသီရဲ့ နေဝင်ချိန်က အေးစက်မှုနဲ့နွေးထွေးမှု ကြားက တိုတောင်းလှတဲ့အခိုက်အတန့်လေး တစ်ခု။ ဒီလိုနေဝင်ချိန်တွေဆို…….

မပြီးဆုံးခဲ့လေသော…..
မျက်ရည်စများကို အသာအယာသုတ်လိုက်ရင်း ဒေါ်သီသီ၏ စိတ်ထဲမှာ ပိတ်ဆို့နေသော အစိုင်အခဲများ၏နောက်ကွယ်မှ သူမ၏ ဆုံးရှူံးမှုကို လက်ခံရန်အသင့်မဖြစ်ခဲ့သော အခြေအနေကို အခုချိန်မှာ ပြန်လည်မြင်ယောင်မိပြန်သည်။ ရင်ထဲက လေးလံမှု အစိတ်အပိုင်းများသည် မျက်ရည်နှင့်အတူ တချို့တဝက်ပါသွားကာ ပေါ့ပါးလာသလို အသက်ကိုဝဝရှူသွင်းလိုက်မိသည်။

သိရက်နဲ့
ပထမဆုံးအကြိမ်ဆိုပေမယ့် ဒီ အချိန်အတွင်းမှာပဲ ကျွန်မရင်ထဲက ခံစားချက်တွေကို အထိုက်အလျှောက် ကျွန်မနားလည်နိုင်ခဲ့တယ်။ အပြန် City Martမှာ ဝင်ပြီး မေမေကြိုက်တတ်တဲ့ ပန်းသစ်တော်သီးလေးနဲ့ ဖေ့ဖေ့အကြိုက် စပျစ်ဝိုင်လေး ဝင်ဝယ်ခဲ့တယ်။ ပုံမှန်ပြန်ရောက်ချိန်ထက် နည်းနည်းနောက်ကျပြီးမှအိမ်ကိုရောက်တယ်။ အိမ်ထဲကို ဝင်ဝင်ချင်းပဲ Puppyလေးက အပြေးအလွှား လာကြိုရှာတယ်။

“Me Time”
တစ်ယောက်တည်း နေရတာ ကြိုက်တာလားလို့ မေးရင်.. ဟုတ်တယ်လို့ ပြန်ဖြေမိမယ် ထင်တယ်။ လူတွေနဲ့ ရောနှောနေရတာရော ကြိုက်လားလို့ မေးရင်… တစ်ခါတလေတော့လည်း ကြိုက်ပါတယ်၊ အမြဲတမ်းတော့ မဟုတ်ဘူးထင်တယ်လို့ ပြန်ဖြေမိမယ်။

ငါးစက္ကန့်
ကဆုန်လပြည့်နေ့ရောက်တိုင်းလုံမေ့ရင်ထဲမှာ အမျိုးအမည်မသိတဲ့ စိတ်ခံစားချက်တွေ ကြီးစိုးလို့နေ တတ်တယ်။ လပြည့်နေ့ရောက်တိုင်းလုံမေတို့ ရပ်ကွက်ကလူတွေအလုပ်များတတ်ကြတယ်။ တမြို့နယ် လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲကို တောင်ဘုရားကြီးမှာ မြို့လူကြီးတွေကဦးစီး ကျင်းပကြတယ်။
Counselling Corner
Singapore – Myanmar – Thailand
