Counselling Corner
ကျန်းမာခြင်းဆိုသည်မှာ စိတ်ရောကိုယ်ပါကျန်းမာခြင်းဟု ဆိုလိုပါသည်။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကျန်းမာနေမှသာ မိမိ၏ နိစ္စဓူဝ လုပ်ငန်းဆောင်များအတွက် ပိုမို ကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာဖြစ်သကဲ့သို့ မိမိပတ်ဝန်းကျင်ရှိ လူအများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ Counselling Corner အနေဖြင့် သင်နှင့် သင့်ပတ်ဝန်းကျင်တွင်ရင်ဆိုင်ကြုံတွေေ့နေရသော စိတ်ပိုင်းဆိုင်ရာအခက်အခဲများနှင့် ပတ်သက်၍ အကောင်းဆုံးအကူအညီပေး နိုင်ရန် အဆင်သင့်ရှိနေပါသည်။



စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အထီးကျန်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို လက်တွေ့တွင် လူတိုင်းနီးပါးခံစားကြရပါသည်။ ထိုခံစားချက်များ အကြောင်းပိုမိုနားလည်နိုင်စေမည့် လမ်းစမှာ တစုံတယောက်ကို ရင်ဖွင့်ပြောကြားခြင်းဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးအကြံပေးသူ (ကောင်စလာ) များသည် သင်ပြောပြလိုသည့် အကြောင်းအရာများ၊ သင့်ခံစားချက်များကို စနစ်တကျ နားထောင်ကာ ဖေးမ ကူညီလမ်းပြပေးနိုင်ရန်အတွက် အထူးတလည် သင်ယူလေ့ကျင့်ထားသူများ ဖြစ်ပါသည်။ ၎င်းတို့သည် သင့်စကားကို နားထောင်ပေးပြီး အပြန်အလှန် အမေးအဖြေလုပ်ပေးခြင်းဖြင့် သင့်ခံစားချက်များ၊ အတွေးများကို သင်ကိုယ်တိုင်နားလည်လာအောင်၊ ဖြေရှင်းလာနိုင်အောင် အကောင်းဆုံး လမ်းပြကူညီပေးနိုင်သူများဖြစ်ပါသည်။
ဆက်သွယ်ရန်
Myanmar
No.5/9, Bogalazay Street (Lower Block)
Botahtaung Township
Yangon, Myanmar
+95-(0)9 785074173
info@counsellingcornermyanmar.com
Sa/6, 108 C, 67*67A,
Chan Mya Tharzi Township
Mandalay, Myanmar
+95-(0)9 960252799
Thailand
Opening Soon
လူမှုကွန်ယက်မှ ဆက်သွယ်ရန်
အဖွဲ့ဝင်



ဝန်ဆောင်မှုများ
စိတ်ပိုင်းဆိုင်ရာကုထုံးနှင့် တစ်ဦးချင်းဆွေးနွေးတိုင်ပင်မှု
လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်
စိတ်ပိုင်းဆိုင်ရာအသိပညာပြန့်ပွားရေးနှင့် လူထုအကျိုးပြု အစီအစဉ်
အလုပ်ရုံဆွေးနွေးပွဲများနှင့် ဝက်ဘ်ဘီနာများ
သင်တန်းများ
(စိတ်ပိုင်းဆိုင်ရာ)နှစ်သိမ့်ဆွေးနွေးတိုင်ပင်မှုများ
သုတေသန
