မေဖြိုးသူ

Diploma in Nursing (Singapore)
Basic Counselling Skills Training (Counselling Corner)
Advanced Counselling Skills Training (Counselling Corner)
Clinical Teaching Course (Singapore)
Self-Leadership Course (Singapore)

မမေဖြိုးသူသည် ရန်ကုန်တွင်နေထိုင်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက စိတ်ပညာကို စိတ်ဝင်စားခဲ့ပါတယ်။ စင်္ကာပူတွင် Clinical Instructor အဖြစ် အလုပ်လုပ်နေစဉ်တွင် သူမ၏ စိတ်ပညာ အထူးသဖြင့် အကြံပေးခြင်းအပေါ် စိတ်ပါဝင်စားမှုက ပိုမိုအားကောင်းလာပြီး လူမှုအသိုင်းအဝိုင်းများတွင်လဲ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်လာသည်ကိုပါ သူမသတိပြုမိခဲ့သည်။

သူမသည် မိမိ၏စိတ်ဝင်စားမှုကို အလျောက် Counselling Corner Myanmar တွင် Basic Counselling Course နှင့် Advanced Counselling Course ကို တက်ရောက်ခဲ့ပြီး Counselling Corner Myanmar တွင် လက်တွေ့နှင့် သီအိုရီပိုင်းကို လေ့လာခဲ့ပြီး သူမရေးသားခဲ့သော assignment နှင့် ဤအချင်းအရာအားလုံးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူမသည် Serenity Counselling မှာ Trauma Care and Support Course ကိုလဲ ပြီးမြောက်ခဲ့ပါတယ်။

သူမသည် freelance trainer နှင့် အတိုင်ပင်ခံတစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် စိတ်ပိုင်းဆိုင်ရာလူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုအစီအစဉ်များအတွက် လုပ်ဆောင်ခဲ့ပြီး Emotional Wellbeing အလုပ်ရုံဆွေးနွေးပွဲများနှင့် webinars အများအပြားတွင် တက်ကြွစွာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သူမသည် လက်ရှိမှာ Person Centered Approach ကို အသုံးပြု၍ Counselling Service ပေးနေသော Counsellor တစ်ဦးလဲဖြစ်ပါတယ်။

သူမသည် ရန်ကုန်ရှိ H.E.A.R.T.S Center တွင် ဆေးဘက်ဆိုင်ရာကဏ္ဍတွင် ဆက်လက်လုပ်ကိုင်နေပြီး သူမ၏ စိတ်အအားအထားဆုံးဖြစ်သည့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါတယ်။ သူမတွင် ဂရုစိုက်တက်ြခင်း နှင့် စီရင်ဆုံးဖြတ်မှုမရှိသော ကိုယ်ရည်ကိုယ်သွေးတို့ ရှိပါတယ်။ ကျန်းမာသော အလုပ်-ဘဝ ဟန်ချက်ညီအောင် ထိန်းသိမ်းထားစဉ်တွင် အခြားသူများ၏ (ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ) ကို ဂရုစိုက်ခြင်းကိုလဲ အထူးနှစ်သက်သူ တစ်ဦိးလဲ ဖြစ်ပါတယ်။

သူမကိုယ်တိုင်လည်း ဆုံးရှုံးမှုကြီးကြီးမားမားကို ကြုံတွေ့ခဲ့ရပြီး ဝမ်းနည်းပူဆွေးမှုဖြစ်စဉ်ကို ဖြတ်ကျော်ခဲ့ရသောကြောင့် ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရသူများ အပေါ်စာနာစိတ်ဖြင့်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုပေးလိုစိတ်ရှိသောသူဖြစ်ပါတယ်။။ စင်္ကာပူနှင့် မြန်မာနိုင်ငံတွင် သူနာပြုလုပ်သက် ၇ နှစ်တာကာလအတွင်း အထူးသဖြင့် လူငယ်နှင့် အမျိုးသမီးများ၏ စိတ်ကျန်းမာရေးနှင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးတို့အတွက် ရုန်းကန်နေရမှုများကို နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် လူငယ်များကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာစေရန်နှင့် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ရည်ရွယ်ထားသူ တစ်ဦးလဲဖြစ်ပါတယ်။