NewsLetter သတင်းစာ (Myanmar) ၂၀၂၅

သတင်းစာ

ကျွန်ုပ်တို့၏လုပ်ဆောင်မှုများနှင့်ပတ်သက်၍ သင့်အား အသိပေးရန်နှင့် သင့်အား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေစေရန် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုနှင့် သူငယ်ချင်းများကို ကူညီပံ့ပိုးရန် ကျွန်ုပ်တို့သည် ပုံမှန်သတင်းလွှာတစ်စောင်ကို ပေးပို့ပါသည်။

← Back

Newsletter

Thank you for your submission! We will send you upcoming news letter.

ဖေဖော်ဝါရီ ၂၀၂၅ သတင်းစာစဉ်

Counselling Corner Myanmar ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ လူများ၏ စိတ်ကျန်းမာရေးအခြေအနေကို တစ်ဦးချင်းအကြံပေးခြင်း၊ အသိပညာမြှင့်တင်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ပြုလုပ်ခြင်းနှင့် အခြား ဆန်းသစ်သော နည်းလမ်းများဖြင့် လူများ၏ စိတ်ပိုင်းဆိုင်ရာ ခိုင်မာသန်စွမ်းစေရန် ကူညီပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ သတင်းလွှာတွင် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများကို အချိန်နှင့် တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၂၀၂၅ သတင်းစာစဉ်

နိုဝင်ဘာလသည် အမျိုးသားများ၏ စိတ်ကျန်းမာရေး အသိပညာပေးလ ဖြစ်ပါတယ်။ ဤကာလသည် အမျိုးသားများ မိမိတို့၏ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အလေးပေးပြောဆိုရန် အရေးပါသည့် အချိန်အခါတစ်ခု ဖြစ်ပါတယ်။ စိတ်ကျန်းမာရေး ခံစားချက်များသည် လူတိုင်းကို သက်ရောက်မှုရှိသည်မှာ မှန်သော်လည်း လူမှုပတ်ဝန်းကျင်၏ စံနှုန်းများသည် အမျိုးသားများအတွက် အကူအညီတောင်းခံရန် ခက်ခဲစေတတ်ပါတယ်။

ဒီဇင်ဘာ ၂၀၂၅ သတင်းစာစဉ်

ဒီနှစ်ရဲ့နောက်ဆုံးလကို ရောက်လာခဲ့ပြီနော်

ဒီဇင်ဘာလဟာ ခံစားချက်မျိုးစုံ ရောထွေးနေတတ်တဲ့ လတစ်လပါ။ ဒါဟာ ပျော်ပွဲရွှင်ပွဲနဲ့ စုစည်းမှုတွေရှိတဲ့ ရာသီဖြစ်ပေမဲ့၊ ကျွန်တော်တို့ အများစုအတွက်တော့ လွန်ခဲ့တဲ့ ၁၁ လတာကာလရဲ့ ဝန်ထုပ်ဝန်ပိုးကို ခံစားရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီကာလတွေမှာ ဖြတ်သန်းခဲ့ရတဲ့ ခရီးကို ပြန်လည်သုံးသပ်ဖို့၊ ကျော်လွှားခဲ့တဲ့ စိန်ခေါ်မှုတွေ၊ ရရှိခဲ့တဲ့ တိုးတက်မှုတွေနဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုဖို့ အချိန်တန်ပါပြီ။

2026, 2025, 2024, 2023, 2022, 2021