

အိမ့်ခြူးမိုးမြင့်
B.A (Eng) – University of Yangon
Diploma of Counselling – The Australian Institute of Professional Counsellors
Certificate in Fundamentals of Clinical Supervision- Clinical Supervision
Certificate in Healing Addiction by Judith Pemell (Counselling Corner)
Certificate in Basic, Intermediate and Advanced Counselling Skills Training (Counselling Corner)
Certificate in Trauma Informed Practice Skills Training by Else Thiebou (Counselling Corner)
Certificate in Understanding Mental Health Diagnosis and Assessment by Barbara (MDMPH)
Certificate in Art Therapy Training for Trainers Course by Madhumita Mishra (Counselling Corner)
Certificate in Child Healing Play Therapy Training- Jacaranda by Tim and Oddney (Counselling Corner)
Certificate in Art Therapy Beginner Training (Art of Healing)
Certificate in Substance Use Disorder, Treatment and Recovery Course (Counselling with Craton)
Previous Professional Work Experiences
- Lay Counsellor – Call Me Today (2022 – 2023)
- Counsellor – Phaw Yway Project, Myanmar Community Health Society (2022 – 2023)
- Intern – Citta Consultancy (2022)
Available days : Tuesday, Wednesday, Thursday, Friday, Saturday
Myanmar Professional Counsellor ID – 00008
“ကျွန်မတို့ရဲ့ ခံစားချက်တွေဟာ တန်ဖိုးရှိပါတယ်. အဲ့ခံစားချက်လေးတွေကို လုံခြုံပြီး စာနာစိတ်အပြည့်ရှိတဲ့ နေရာလေးမှာ ရင်ဖွင့်ဖို့ ထိုက်တန်ပါတယ်.” (အိမ့်ခြူး)
အိမ့်ခြူးမိုးမြင့်ဟာ သူမဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာလေးတွေကို တဖြည်းဖြည်းကုစားရာကနေ Counselling နယ်ပယ်ကို စိတ်၀င်စားလာပါတယ်. Counselling နယ်ပယ်ကို မရောက်လာခင်မှာတော့ သူမဟာ English စာ သင်ပေးခဲ့သူ၊ မီဒီယာနယ်ပယ်မှာလည်း အတွေ့အကြုံရှိသူဖြစ်ပါတယ်. အလုပ်အတွေ့အကြုံတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လေးတွေဟာ စိတ်ပိုင်းဆိုင်ရာမှာတော့ အကူအညီတွေလိုအပ်နေကြတာကို သတိပြုမိတဲ့အတွက် သူမဟာ Counselling နယ်ပယ်ထဲကို သက်မွေး၀မ်းကြောင်းအနေနဲ့ ပြောင်းခဲ့ပါတယ်. ဒီလိုပြောင်းလဲလိုက်ရတဲ့ အကြောင်းရင်းလည်း မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့သူတွေရဲ့ စိတ်နှလုံးထဲမှာ မိမိကိုယ်ကို ပိုပြီးလက်ခံနိုင်စွမ်း ရှိနိုင်အောင် ကူညီပေးချင်တဲ့အတွက် ဖြစ်ခဲ့တာပါ. အဲ့နောက်ပိုင်းမှာ အိမ့်ခြူးဟာ Counselling Corner ကနေ Counselling ပညာရပ်ကို Basic ကနေ Advanced အထိတက်ပြီး ၂၀၂၂ ကနေ Counsellor တစ်ယောက်အနေနဲ့ လုပ်ကိုင်နေပါတယ်. စိုးရိမ်စိတ်လွန်ကဲခြင်း၊စိတ်ဒဏ်ရာများခြင်း၊ဆုံးရှုံးမှုများရင်ဆိုင်နေရခြင်း၊မိမိကိုယ်ကို
သေကြောင်းကြံစည်ခြင်းနှင့်ရင်ဆိုင်နေတဲ့ Clients တွေကို ကူညီပေးနေတဲ့ အတွေ့အကြုံရှိပါတယ်. သူမသွားတဲ့ Approach ကတော့ Person-centered Approach ဖြစ်ပါတယ်. Person-centered Approach မှာ နွေးထွေးမှုနဲ့ လုံခြုံမှုအပြည့်ရှိပြီး စာနာထောက်ထားမှုရှိတဲ့ နေရာလေးမှာ Clients တွေက သူတို့ခံစားချက်တွေကို သူတို့စိတ်အားလျောစွာ ရှာဖွေကြည့်ဖို့ ဖန်တီးပေးပါတယ်. သူမရဲ့ ယုံကြည်ချက်အရ “ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးအဖြေလေးတွေဟာ ကိုယ့်စီမှာသာရှိနေပေမယ့်လည်း Counsellor တစ်ယောက်ပေးတဲ့ အကူအညီလေးကြောင့် ပျောက်ဆုံးနေတဲ့ သော့ကို ရှာတွေ့သလိုပဲ အဖြေကို ရှာတွေ့သွားကြပါတယ်.”
သူမရဲ့ ဘ၀ရည်မှန်းချက်ကလည်း မြန်မာပြည်မှာရှိနေတဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်အမှားတွေကို လျော့ချပေးချင်တာနဲ့ Counselling ပညာရပ်နဲ့ ကူညီပေးချင်တာလေးဖြစ်ပါတယ်. သူမအားလပ်တဲ့အချိန်မှာတော့ ရေးကူရတာ၊ ကြက်တောင်ရိုက်တာ နဲ့ ခရီးသွားရတာလေးတွေကို နှစ်သက်ပါတယ်.

Counselling Corner
Singapore – Myanmar – Thailand
