ချယ်ရီပွီး

B.A (History)
Th.D (Master of Theology & Doctrate of theology in Christian Counselling)
Seoul Christian University, South Korea
Counsellor, Trainer, and Supervisor (Counselling Corner)

မချယ်ရီ ဟာအတွေ့အကြုံရှိ Counsellor တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်ဆိုးလ်ခရစ်ယာန်တက္ကသိုလ်မှာ Counselling နှင့်ပါတ်သတ်တဲ့ ပါရဂူဘွဲ့ရခဲ့ပါတယ်။ သူမဟာ Yonsei University International Counselling & Coaching စင်တာမှာလည်း အလုပ်သင် အနေနဲ့ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆိုးလ်မှာနေထိုင်စဥ် ဆိုးလ်မြို့ရှိရပ်ကွက်ငယ်လေးမှရွှေ့ပြောင်းအလုပ်သမားများနဲ့မိသားစုများအားသူတို့၏ရုန်းကန်မှုများကိုကျော် လွှားနိုင်ရန် နဲ့ သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်များနဲ့ရပ်တည်နိုင်ရန်ကူညီခဲ့ပါတယ်။ 2019 နှင့် 2020 ခုနှစ်တွင်သူမဟာရန်ကုန်ရှိ YMCA တွင် Counselling Supervisor တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ကာ စိုးရိမ်ပူပန်မှုလွန်ကဲပြီးနာကျင်စွာစိတ်ဝေဒနာ ခံစားနေရသူများကို ကူညီပေးရင်းအတွေ့အကြုံမြောက်မြားစွာ ရရှိခဲ့ပါတယ်။

မချယ်ရီ ရန်ကုန်သို့ပြန်လာသည့်နောက်တွင်လည်းအိမ်ထောင်ရေး၊ မိဘအုပ်ထိန်းမှုပုံစံ၊ အပြောင်းအလဲများအပေါ်ကိုင်တွယ်ဖြေရှင်းခြင်း စသည့် ပုဂ္ဂိုလ်ရေးဆက်ဆံရေးတွင် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုမရှိခြင်း၊ စိုးရိမ်ကြောင့်ကြမှုများခြင်း၊ စိတ်ဓါတ်ကျခြင်းစသည်တို့ကို ရင်ဆိုင်နေရသူများနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။ သူမဟာလူများအားသူတို့ရဲ့ဘ၀ တွင်အပြုသဘောဆောင်သောပြောင်းလဲမှုများပြုလုပ်နိုင်ရန် သိမှုနှင့်ဆိုင်သောအပြုအမူစိတ်ပညာဆိုင်ရာကုထုံး (Cognitive Behaviour Therapy) နှင့် ကုထုံးခံယူသူကိုအဓိကထားသောစိတ်ပညာကုထုံး (Person Centered Therapy) စသောကုထုံးများကိုအသုံးပြု လုပ်ဆောင်ပါတယ်။

မချယ်ရီ သည် ခရစ်ယာန်သာဿနာနှင့်ကြီးပြင်းလာသူဖြစ်ကာ မည်သည့်အသက်အရွယ်၊ မည်သည့် ဘာသာ၊ မည်သည့်နောက်ခံအကြောင်းအရင်းနှင့်လာသူဖြစ်ဖြစ်တစ်စုံတစ်ရာခက်ခဲသော အခြေအနေကို ရင်ဆိုင်ဖြေရှင်းရန်အကူအညီတောင်းခံလာပါကလည်း ကူညီပေးရန် အဆင်သင့်ရှိနေသူဖြစ်ပါတယ်။ သနားကြင်နာခြင်း၊ လက်ခံနားလည်ပေးခြင်းတို့ကသူမတွင်ရှိသောအရည်အသွေးများထဲမှ အနည်းငယ်သာ ဖြစ်ပါတယ်။

သူမဟာ လုံခြုံစိတ်ချရပြီး ဝေဖန်မှုမရှိတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ကာ ပြောဆိုနိုင်စွမ်းရှိသူ လည်းဖြစ်ပါတယ်။ ကုထုံးခံယူသူများ မိမိအပေါ်မိမိစစ်မှန်လာပြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကျော်လွှား သွားနိုင်ရန် နဲ့ မိမိကိုယ်ကိုယ်ယုံကြည်ချက်တည်ဆောက်နိုင်ရန် စိတ်ဓါတ်စွမ်းအားမြှင့်တင်ပေးနိုင်သူတစ်ဦး လည်းဖြစ်ပါတယ်။