
သင့်ရဲ့ကုထုံးပညာရှင်
Counselling Corner မှာ ရှိတဲ့ ကောင်စလာများနဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးပညာရှင်များဟာ ဩစတျေးလျ၊ တောင်ကိုရီးယား၊ စင်္ကာပူနဲ့ မြန်မာနိုင်ငံတို့မှာ စနစ်တကျ ပညာသင်ယူလေ့ကျင့်ထားသူများဖြစ်ပါတယ်။ ကျွမ်းကျင်မှု အပိုင်းတွေမတူညီကြတဲ့ ကောင်စလာအများအပြားရှိတဲ့အတွက် သင်နဲ့ အကိုက်ညီဆုံး ကောင်စလာတစ်ဦး ကို ချိတ်ဆက်ရှာဖွေပေးနိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ကောင်စလာများသည် ပုံမှန်ကြီးကြပ်မှု (Supervision) များရယူကာ မိမိထံလာရောက် ဆွေးနွေးသူများအတွက် အကောင်းဆုံးအဖြေတွေနဲ့ ရလဒ်တွေဆောင်ကြဉ်းပေးနိုင်ဖို့ အမြဲတစေကြိုးစားနေသူများဖြစ်ပါတယ်။
သင့်ရဲ့ကုထုံးပညာရှင်

အောင်မင်းသိန်း
Psychotherapist & Founder Therapist at Counselling Corner
အောင်မင်းသိန်းသည် Australian Counselling Association မှ လိုင်စင်ရ စိတ်ကုထုံးပညာရှင် တစ်ယောက် ဖြစ်ကာ စိတ်ကုထုံးနှင့်ဆွေးနွေးခြင်း ဘွဲ့လွန်ပညာရပ်ကို သြစတြေးလျနိုင်ငံ Western Sydney တက္ကသိုလ်တွင် တက်ရောက်အောင်မြင်ခဲ့သူပါ။ မြန်မာနိုင်ငံနှင့်သြစတြေးလျနိုင်ငံရှိ အစိုးရအဖွဲ့အစည်းမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေစိုက်စိတ်ကျန်းမာ ရေးဆိုင်ရာ ဆေးကုခန်းများတွင်လည်း လုပ်ဆောင်ခဲ့ပါတယ်…..

ချယ်ရီပွီး
Th.D (Doctrate theology in Christian Counselling)
မချယ်ရီ ဟာအတွေ့အကြုံရှိ Counsellor တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်ဆိုးလ်ခရစ်ယာန်တက္ကသိုလ်မှာ Counselling နှင့်ပါတ်သတ်တဲ့ ပါရဂူဘွဲ့ရခဲ့ပါတယ်။ သူမဟာ Yonsei University International Counselling & Coaching စင်တာမှာလည်း အလုပ်သင် အနေနဲ့ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆိုးလ်မှာနေထိုင်စဥ် ဆိုးလ်မြို့ရှိရပ်ကွက်ငယ်လေးမှရွှေ့ပြောင်းအလုပ်သမားများနဲ့မိသားစုများအားသူတို့၏ရုန်းကန်မှုများကိုကျော် လွှားနိုင်ရန်……..

တင်ကိုလတ်
Counsellor
တင်ကိုလတ် သည် ဆေးတက္ကသိုလ်(၁)မှ ၂၀၁၉ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး လက်ထောက်ဆရာဝန်အဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ထိုအချိန်နောက်ပိုင်းမှစ၍ သူသည်စိတ်ကျန်းမာရေးနယ်ပယ်တွင်အသက်မွေးဝမ်းကြောင်းပြုလျှောက်လမ်းနေသူတစ်ဦးဖြစ်ပါသည်။သူသည် Counselling နှင့်ပတ်သတ်သည့် သင်တန်းများဖြစ်သည့် Basic Counselling Training နှင့် Advanced Counselling Training Courses များကို Counselling Corner……

ဂျူလီယာမိုးငယ်စံ
Counsellor
သူမ၏ခံစားချက်များနှင့် အတွေးများကို နားလည်သဘောပေါက်ချင်သော မမိုးငယ်က Counselling ပညာရပ်ကို စတင်စိတ်၀င်တစားလေ့လာခဲ့ပါတယ်။ ငယ်စဥ်ကလေးဘ၀ကစပြီး ဘ၀လမ်းခရီးတလျောက် ခံစားခဲ့ရသော စိတ်ဒဏ်ရာများမှ ရုန်းထလာနိုင်ခဲ့ခြင်းကြောင့် စိတ်ပညာနဲ့ Counselling ပညာကို ပိုမိုယုံကြည်လာသူပါ။Counselling ရဲ့ အကျိုးကျေးဇူးများကို သူမကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတဲ့အတွက်Clients များကိုလည်း အားတက်သရော ကူညီလေ့ရှိပါတယ်။

မေဖြိုးသူ
Counsellor
မမေဖြိုးသူသည် ရန်ကုန်တွင်နေထိုင်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက စိတ်ပညာကို စိတ်ဝင်စားခဲ့ပါတယ်။ စင်္ကာပူတွင် Clinical Instructor အဖြစ် အလုပ်လုပ်နေစဉ်တွင် သူမ၏ စိတ်ပညာ အထူးသဖြင့် အကြံပေးခြင်းအပေါ် စိတ်ပါဝင်စားမှုက ပိုမိုအားကောင်းလာပြီး လူမှုအသိုင်းအဝိုင်းများတွင်လဲ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်လာသည်ကိုပါသူမသတိပြုမိခဲ့သည်။သူမသည် မိမိ၏စိတ်ဝင်စားမှုကို အလျောက် Counselling Corner Myanmar တွင် Basic Counselling Course နှင့် Advanced Counselling တက်ရောက်ခဲ့သည်။

မျိုးသီရိခင်
Counsellor
သူမသည် စိတ်ဖိစီးမှုများ၊ အကြပ်အတည်းများနှင့် ထိန်းမနိုင်သိမ်းမရဖြစ်ရသော ခံစားချက်များကို ရင်ဆိုင်ကျော်ဖြတ်နေရသူများကို ကူညီပံ့ပိုးပေးရန် စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။ လူသားများနှင့် ၎င်းတို့၏ စိတ်ခံစားမှုဆိုင်ရာ အတွေ့အကြုံများကို နားလည်လိုသည့် ပြင်းပြသော စိတ်ဝင်စားမှုဖြင့် သူမသည် Counselling Corner တွင် ပညာသင်ဆုအစီအစဉ်မှတစ်ဆင့် နှစ်သိမ့်ဆွေးနွေးပညာ (Counselling) ကို စတင်လေ့လာခဲ့ပြီး နောက်ပိုင်းတွင် အဆင့်မြင့်နှစ်သိမ့်ဆွေးနွေးပညာ သင်တန်း (Advanced Counselling Training) ကို ဆက်လက်တက်ရောက်ခဲ့သည်။

ဟိန်းထက်လွင်ဦး
Counsellor
ဟိန်းထက်လွင်ဦးဟာ လူတွေကိုနားလည်ချင်တဲ့ အရင်းခံစိတ်ဆန္ဒဖြင့် နားထောင်ပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စိတ်ပညာကို အရင်တည်းကစိတ်ဝင်စားခဲ့တာဖြစ်ပြီး ကိုဗစ်ကာလတွင် ခက်ခဲသောကာလတွေကိုဖြတ်ကျော်ရင်းနဲ့ မိမိပတ်ဝန်းကျင်ကသူများမှာလည်း အခက်အခဲကိုယ်ဆီရှိနေကြတယ်ဆိုတာကို သတိထားမိလာတဲ့အခါ မိမိကိုယ်တိုင်နှင့်တခြားသူများကို ကူညီပေးရန်နည်းလမ်းများကို စတင်ရှာဖွေခဲ့ပါတယ်။ ထိုစိတ်အာသီသမှအစပြုကာ Counselling Corner မှ ….

အိမ့်ခြူးမိုးမြင့်
Counsellor
အိမ့်ခြူးမိုးမြင့်ဟာ သူမဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာလေးတွေကို တဖြည်းဖြည်းကုစားရာကနေ Counselling နယ်ပယ်ကို စိတ်၀င်စားလာပါတယ်. Counselling နယ်ပယ်ကို မရောက်လာခင်မှာတော့ သူမဟာ English စာ သင်ပေးခဲ့သူ၊ မီဒီယာနယ်ပယ်မှာလည်း အတွေ့အကြုံရှိသူဖြစ်ပါတယ်.

သီရိမြင့်ဇော်
Counsellor
ThiRi ဟာစိတ်ပညာ နယ်ပယ်ကိုလေ့လာရာကနေ Covid ကာလအတွင်းမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေကိုအတူတူဖြေရှင်းပေးနိုင်ဖို့အခြေခံအတိုင်ပင်ခံကျွမ်းကျင်မှုသင်တန်း၊ အလယ်အလတ်အတိုင်ပင်ခံကျွမ်းကျင်မှုသင်တန်းနှင့် အဆင့်မြင့်အတိုင်ပင်ခံကျွမ်းကျင်မှုသင်တန်းများ ပြီးမြောက်အောင်လေ့လာခဲ့ပါတယ်။….
နီလာအေ

ဆုလဲ့နန္ဒာ
Counsellor
ငယ်စဉ်ကတည်းက စာသင်ရတာကိုနှစ်သက်ပြီး ကလေးလေးတွေကိုချစ်တတ်တဲ့ မဆုလဲ့ဟာ အထက်တန်းကျောင်းသူ အရွယ်ကတည်းက Early Childhood Education/Development နှင့်ပတ်သက်တဲ့ပညာရပ်ကို ဆည်းပူးသင်ယူချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒါ့အပြင်သူမဟာ အရွယ်ရောက်သူတွေရဲ့အပြုအမူပိုင်းဆိုင်ရာနဲ့၎င်းတို့ရဲ့ငယ်ဘဝ ချိတ်ဆက်မှုအကြောင်းကိုလည်း စိတ်၀င်စားပြီး လေ့လာချင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Psychology and Counselling ပညာရပ်နယ်ပယ်ထဲကိုပါ ထဲထဲဝင်ဝင် တိုးချဲ့လေ့လာရန်

နီလာအောင်
Counsellor
မနီလာသည် Counselling ပညာရပ်ကို လေ့လာသင်ယူရင်း သူမကိုယ်သူမ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှေ့ဆက်နိုင်ဖို့အတွက် ရည်ရွယ်ချက်တွေရှိလာခဲ့သည်။ ဤကဲ့သို့ မမျှော်လင့်ထားသည့် အတွေ့အကြုံမှတဆင့် သူမသည် စိတ်ကျန်းမာရေး၏ အနှစ်သာရနှင့် အရေးကြီးပုံကို သိရှိနားလည်လာခဲ့သည်။ ထို့ကြောင့် တခြားသူများကို စိတ်ကျန်းမာရေး အထောက်အပံ့တွေ ပေးနိုင်ဖို့ရန်အတွက် သူမသည် Talk With Me ကဲ့သို့ သော အဖွဲ့အစည်းများတွင် လုပ်အားပေးအဖြစ် တတ်အားသရွေ့ ပါဝင်ခဲ့ပါသည်။

အိမ့်ဝေဝေထွန်း
Counsellor
မအိမ့်ဝေဝေထွန်းသည် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် စိတ်ကျန်းမာရေးသူနာပြုဆရာမအဖြစ် ၂နှစ်ကြာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီး စိတ်ကျန်းမာရေးပြသာနာများကို ပြုစုကုသရာတွင် အတွေ့ကြုံများ ရရှိခဲ့ပါသည်။ စိတ်ကစဥ့်ကလျား၊ စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ၊ အရက်နှင့်မူးယစ်ဆေးသုံးစွဲသူများ အပါအဝင် လူနာများစွာကို အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သည်။ သူမသည်
အကောင်းဆုံးသော အတွေ့အကြုံများကို ရရှိခဲ့ပြီး စိတ်ကျန်းမာရေးသည် မည်မျှအရေးကြီးပြီးအသေးစိတ် ဂရုစိုက်ရမည်ကို ရှင်းရှင်းလင်းလင်းနားလည်သူဖြစ်သည်။
Counselling Corner
Singapore – Myanmar – Thailand
