

သီရိမြင့်ဇော်
Psychology Honours – First year
Diploma of Counselling (Australian Institue of Professional Counsellors)
Basic Counselling Skills Training – Counselling Corner
Intermediate Counselling Skills Training – Counselling Corner
Advanced Counselling Skills Training – Counselling Corner
Child Healing Play Therapy Training – Child trauma Training (Jacaranda Program)
Art Therapy Training for Trainers ( Madhumita Mishra)
Understanding of Mental Health Diagnosis & Assessment Training ( Counselling Corner)
ThiRi ဟာစိတ်ပညာ နယ်ပယ်ကိုလေ့လာရာကနေ Covid ကာလအတွင်းမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေကိုအတူတူဖြေရှင်းပေးနိုင်ဖို့အခြေခံအတိုင်ပင်ခံကျွမ်းကျင်မှုသင်တန်း၊ အလယ်အလတ်အတိုင်ပင်ခံကျွမ်းကျင်မှုသင်တန်းနှင့် အဆင့်မြင့်အတိုင်ပင်ခံကျွမ်းကျင်မှုသင်တန်းများ ပြီးမြောက်အောင်လေ့လာခဲ့ပါတယ်။
ထိုမှတဆင့်ThiRi သည် Facilitator တစ်ဦးအနေနဲ့ အထည်ချုပ်လုပ်သားများမှစ၍ LGBTQIA+ အသိုင်းအဝိုင်းမှ လူတွေအထိ နယ်ပယ်မျိုးစုံမှာ အွန်လိုင်းမှ/ လူကိုယ်တိုင်ပါ၀◌င်ရသော ပနfးချီနှင့် ရွှံ့စေးအလုပ်ရုံများ အပါအဝင် စိတ်ခံစားမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် စိတ်ကျန်းမာရေး အသိပညာပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့တဲ့အတွေ့အကြုံလေးတွေလည်းရှိခဲ့ပါတယ်။ThiRi သည်ကိုယ်ပိုင်အခက်အခဲများကိုကျော်လွှားခဲ့ရုံသာမကထိုအတွေ့အကြုံများမှတဆင့်သင်ယူကာအခြားသူများကို အားပေးပံ့ပိုးကူညီနေသူတစ်ဦးလည်းဖြစ်ပါတယ်
“ကြင်နာမှုသည်နှလုံးသားမှနားလည်နိုင်သောဘာသာစကားဖြစ်ပြီးကြင်နာမှုအပြည့်ဖြင့်နားထောင်ခြင်းဖြင့် clientများနှင့်အတူတူလက်တွဲကာဖြေရှင်းပေးနိုင်စွမ်းရှိတယ်’’ဆိုတဲ့ယုံကြည်ချက်နဲ့အတူ Person center approachကို အသုံးပြုကာ သူမရဲ့ Clientများအတွက် သူတို့ရဲ့ခံစားချက်လေးတွေ အတွေးလေးတွေအတွေ့အကြုံလေးတွေကိုနွေးထွေးလုံခြုစွာနဲ့ေ၀ဖန်မှုကင်းသောနေရာလေးဖြ်စအောင်ဖန်တီးပေးလျက်ရှိပါတယ်။လက်ရှိမှာ သူမရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းတွေကို ဆက်လက် မြှင့်တင်နေသလို သူမရဲ့ အားလပ်ချိန်လေးတွေမှာလည်း ပြန်လည်ကူညီပေးနိုင်ဖို့ ဗဟုသုတရစေမယ့် podcast လေးတွေကိုလည်းနားထောင်လေ့ရှိပါတယ် ။
‘’နှလုံးသားကနေလာတဲ့စကားလုံးလေးတွေခံစားချက်လေးတွေကိုတူတူနားထောင်ပြီးပြန်လည်ထွေးပွေ့ခြင်းဟာလည်း ကုစားခြင်းတမျိုးဖြစ်ပါတယ်’’ -Thi Ri

Counselling Corner
Singapore – Myanmar – Thailand
