Yangon Pride , Mental health activities

Counselling Corner activities at Mahabandoo la Park.

ဇန်နဝါရီလ ၂၄၊၂၅၊၂၆ ရက်နေ့များမှာ &Proud ကကျင်းပခဲ့တဲ့ Yangon Pride ပွဲကြီးမှာ Counselling Corner ကနေ စိတ်ကျန်းမာရေး နဲ့ပတ်သက်တဲ့ လှုပ်ရှားမှာတွေ အမျိုးမျိုးပြုလုပ်ခဲ့ခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ပါတယ်။  ဒီ လှုပ်ရှားမှုတွေမှာ အဓိကအားဖြင့် စိတ်ထွက်ပေါက်မရှိ ဖြစ်နေတဲ့အချိန်တွေမှာ ကိုယ့်ခံစားချက်ကို ဖော်ပြနိုင်ဖို့ ၊ စိတ်အေးချမ်းမှု ရစေဖို့အတွက် အခြေခံထားပါတယ်။ လိင်နဲ့ အသက်မရွေးဘဲ ပွဲကို လာရောက်တဲ့ လူတိုင်းကို မိမိခံစားချက်တွေကို ဖော်ပြဖို့ယုံကြည်မှုရှိလာအောင် စာရွက်တွေ၊ ကတ်ထူအကြီးကြီးတွေအပေါ်မှာ ပုံတွေဆွဲစေပြီးတော့ ခံစားနေရတာတွေ၊ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို ချရေးဖို့ တိုက်တွန်းခဲ့ပါတယ်။  လူတော်တော်များများ ပါဝင်ခဲ့ကြတဲ့အတွက်  ပွဲလုပ်ခဲ့တဲ့ ၃ရက်မှာ ပုံပေါင်း ၁၀၀၀ ကျော်လောက် တွေ့ပါတယ်။  တချို့ကလည်း ကိုယ်ဆွဲခဲ့တဲ့ပုံတွေကို အိမ်က်ုယူသွားကြပြီး တချို့ကတော့ ပွဲမှာပဲ ပြသဖို့ သဘောတူပြီး ထားသွားကြပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေလုပ်ရမလဲ၊ ကိုယ့်အသိမိတ်ဆွေ  ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျန်းမာရေးထိခိုက်လာရင်၊ စိတ်ဒဏ်ရာ တွေခံစားလာရရင် ဘယ်လိုကူညီပေးလို့ရလဲ၊ ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်မလဲ ဆိုတာတွေကိုလည်း သေသေချာချာ ရှင်းပြပေးခဲ့ပါတယ်။  နောက်ဆုံး လှုပ်ရှားမှုကတော့  စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေအကြောင်း လူပေါင်း ၂၂၃ ယောက်ကို စစ်တမ်းလေး တစ်ခုပြုလုပ်ခဲ့ပါတယ်။

ဒီ mini survey ကိုစိတ်ဝင်စားလို့ဖတ်ရှုချင်ရင်တော့ ဒီ link မှာဖတ်နိုင်ပါတယ်။

Leave a Reply