ဖေဖော်ဝါရီ၂၀၂၃Counselling Cornerသတင်းစာစဉ်
အနောက်တိုင်းနှင့်တရုတ်နှစ်သစ်ကူးတွေပြီးဆုံးသွားတဲ့အခါမှာ မြန်မာနှစ်သစ်ကူးဟာ ဧပြီလမှာကျရောက်ဖို့ နီးကပ်လာပြီပဲဖြစ်ပါတယ်။ ဒီအချိန်လေးဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာဖြစ်ခဲ့တဲ့အရာတွေကို ပြန်လည်သုံးသပ်ကြည့်ဖို့ အချိန်ကောင်းလေးပဲဖြစ်ပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတင်မက တစ်ကိုယ်ရည် ပန်းတိုင်တွေ၊အတွေးအမြင်သစ်တွေ၊သင်ယူခဲရတဲ့ အရည်ချင်းအသစ်တွေကို ပြန်သုံးသပ်လို့ရပါတယ်။ သင်ဟာယခင်ကထက်ပိုပြီး ကောင်းမွန်လာလား?သင်ဟာ လုပ်ငန်းတစ်ခုကို ဦးဆောင်နေရတယ်ဆိုလည်း သင့်လုပ်ငန်းက ယခင်နှစ်ကထက် ကောင်းမွန်လာလား သင့်ဝန်ထမ်းတွေအတွက်ကော၊သင့်အနီးအနားကလူတွေအတွက်ကော၊သင့်ပတ်ဝန်းကျင်အတွက်၊သင်နဲ့တွဲလုပ်ခဲ့တဲ့ လုပ်ငန်းရှင်တွေ၊လူတွေအတွက်ကော ယခင်နှစ်ကထက်ပိုတိုးတက်ကောင်းမွန်လာလား စတဲ့မေးခွန်းတွေနဲ့ သုံးသပ်ကြည့်လို့ရပါတယ်။
Counselling Corner အနေနှင့်လဲ ယခင်နှစ်အတွင်းမှာ
-2022ခုနှစ်အတွင်း သင်တန်းပို့ချခြင်း၊အလုပ်ရုံဆွေးနွေးပွဲများမှတဆင့် လူပေါင်း၆၀၀၀နီးပါးကိုထိတွေ့ခဲ့ရပါတယ်
-တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးခြင်းများကိုလည်း လူပေါင်း2000နီးပါးကိုပေးခဲ့ပါတယ်(ဝန်ဆောင်ခအပြည့်သော်လည်းကောင်း၊လျှော့၍သော်လည်းကောင်း၊အခမဲ့သော်လည်းကောင်း)
-အထက်တန်းနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းမှ သင်တန်းသား ၁၀၀ကျော် ပြီးမြောက်ခဲ့ပြီး နှစ်သိမ့်ဆွေးနွေးခြင်းနယ်ပယ်များတွင် စေတနာ့ဝန်ထမ်းသော်လည်းကောင်း၊အခပေး နှစ်သိမ့်ဆွေးနွေးသူဖြစ်သော်လည်းကောင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်
-ရေဒီယို၊ရုပ်မြင်သံကြား၊လူမှုစာမျက်နှာများမှတဆင့်လည်း လူသိန်းပေါင်းများစွာကို စိတ်ကျန်းမာရေးနှင့်ပတ်သတ်တဲ့ အသိပညာများမျှဝေနိုင်ခဲ့ပါသည်။
စိတ်မကောင်းစွာနဲ့ပဲ မြန်မာနိုင်ငံမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအရေအတွက်များ မြင့်တက်လာမှုနှင့်အတူ Counselling Corner မှာနှစ်သိမ့်ဆွေးနွေးမှုခံယူသူများထဲမှလည်း ဘယ်နှဦးက ကိုယ့်ရဲ့သေကြောင်းကြံစည်ချင်စိတ်များကို ဖယ်ရှားနိုင်ဖို့ Counselling Corner အနေဖြင့်ကူညီနိုင်ခဲ့လဲဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ မြန်မာနိုင်ငံမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအရေအတွက်များ မြင့်တက်လာမှုနှင့်အတူ Counselling Corner မှာနှစ်သိမ့်ဆွေးနွေးမှုခံယူသူများထဲမှလည်း ဘယ်နှဦးက ကိုယ့်ရဲ့သေကြောင်းကြံစည်ချင်စိတ်များကို ဖယ်ရှားနိုင်ဖို့ Counselling Corner အနေဖြင့်ကူညီနိုင်ခဲ့လဲဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။
တစ်လအတွင်း လူ၁၂ဦးဟာ မိမိတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးအဖြစ် Counselling Corner ကိုဆက်သွယ်ခဲ့တာ မိမိတို့တွေ့ရှိခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ Rapအဆိုတော်တစ်ဦးဖြစ်တဲ့ Floke Rose မှလည်းသူ့ရဲ့ နှစ်သိမ့်ဆွေးနွေးခြင်းခံယူခဲ့တဲ့ အတွေ့အကြုံများကို တေးသီချင်းတစ်ပုဒ်အနေနဲ့ ရေးစပ်ခဲ့ပါတယ်။
Floke Rose – NORA (Lyric Video)
ပြန်လည်သုံးသပ်ခြင်းတွင် လာမယ့်နှစ်များတွင် ဘာတွေဆက်လုပ်ရမလဲ၊ဘယ်လိုပန်းတိုင်တွေကို ချမှတ်ရမလဲဆိုတာတွေပါဝင်ပါတယ်။ Counselling Corner အတွက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုရဲ့ စိတ်ကျန်းမာရေးအခြေအနေများကိုပိုမိုတိုးတက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်ပြီး အဖွဲ့အစည်းများကိုလည်း သင်တန်းပို့ချခြင်း၊စျေးကွက်နှင့်ပတ်သတ်သည့်အထောက်အပံ့များ၊မြို့ပြသာမက ကျေးရွာလူထုများတွင် စိတ်ကျန်းမာရေးအထောက်အကူပြုဌာနများ တည်ဆောက်ဖို့အတွက် ကြီးကြပ်ပေးခြင်းတို့ကိုလည်း တိုးတက်လုပ်ဆောင်ဖို့ အတွက်ရည်မှန်းထားပါတယ်။
ရောင်ပြန်ဟပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ

သင်ဟာ သင့်ရဲ့ဝန်ထမ်းများကို အတိတ်အတွက်ကော အနာဂတ်အတွက်ပါ ပြန်လည်သုံးသပ်မှုတွေပြုလုပ်ပြီး အနာဂတ်အတွက် စိတ်လှုံ့ဆော်မှုများ၊စိတ်တက်ကြွမှုများဖြစ်စေချင်ပါသလား?Counselling Corner အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲအသစ်လေးတစ်ခုဖန်တီးထားပါတယ်။
Workshopနောက်ခံအကြောင်းအရင်း
၂၀၂၃နှစ်စမှာ Counselling Corner အနေနဲ့ ပြီးခဲ့တဲ့နှစ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုဖန်တီးထားပါတယ်။
အထူးသဖြင့် ဝန်ထမ်းများအတွက်ရည်ရွယ်ထားပြီး ဒီကနေမှတဆင့် နှစ်သစ်အတွက် အဆင်သင့်ဖြစ်နေနိုင်ဖို့အတွက် ကူညီပေးနိုင်ပါသည်။ နှစ်ကုန်ချိန်လေးဆိုတာ စိတ်လှုပ်ရှားစရာများ ပြန်လည်သုံးသပ်ချက်များနှင့် ပြည့်နှက်နေပြီး ခြေလှမ်းသစ်တွေစတင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၁၂လပတ်လုံးကို ပြန်သုံးသပ်ပြီး ဘယ်အရာတွေက အလုပ်ဖြစ်ခဲ့လဲ မဖြစ်ခဲ့ဖူးလဲဆိုတာ သိနိုင်ပါတယ်။
Workshopအတိုချုပ်
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျွန်တော်တို့ဟာ အကောင်းအဆိုး အတက်အကျများနှင့် ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကောင်းတယ်၊ဆိုးတယ်၊ပင်ပန်းတယ်၊ပျော်ရွှင်ရတယ်ဆိုပြီး စကားတစ်လုံးထဲနဲ့ပဲ သတ်မှတ်လိုက်တတ်ကြပါတယ်။ တစ်ဦးချင်းဖြစ်စေ အသင်းလိုက်ဖြစ်စေ သင်ယူမှု၊ဆန်းသစ်မှု စတဲ့ရည်ရွယ်ချက်များနှင့် သုံးသပ်မှုများပြုလုပ်ရန်လိုအပ်ပါသည်။ ဒီကနေမှတဆင့် မိမိတို့ရဲ့အားသာချက်များ ပြုပြင်သင့်တဲ့ အချက်များကို ပိုမိုသိရှိနိုင်ပါတယ်။
တစ်နှစ်ကနေတစ်နှစ်အကူးအပြောင်းမှာ နှစ်သစ်မှာ ဘာတွေလုပ်ရမလဲအပေါ်သာ အာရုံစိုက်လေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အပေါ်ပြန်လည်သုံးသပ်ပြီး အတွေ့အကြုံများကနေပြန်သင်ယူပြီး အနာဂတ်မှာ ပြုလုပ်မယ့် ရွေးချယ်မှုများအပေါ်ပိုမိုလေ့လာနိုင်ပါတယ်။ ဒီworkshop အပြီးမှာ စိတ်တက်ကြွစေခြင်း၊လက်ရှိအချိန်မှာအာရုံစိုက်နိုင်ခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုများတိုးတက်စေခြင်း၊တိုးတက်မှုများပိုလုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ဒီကနေမှတဆင့်လာမယ့်နှစ်အတွက် အဆင်သင့်ဖြစ်ဖို့ စီမံကိန်းများချမှတ်ဖို့ အကူအညီပေးနိုင်မှာပါ။
ရည်ရွယ်ချက်နှင့် ပန်းတိုင်များ
- မိမိရဲ့ ခံစားချက်များ၊အတွေးများ၊အပြုအမူနှင့် လုပ်ရပ်များကို ပြန်လည်ထင်ဟပ်သုံးသပ်ရန်
- မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို သိရှိရန်
- တစ်နှစ်ပတ်လုံးကာလအတွင်း မိမိတို့ရဲ့ ကြံ့ခံမှုခံနိုင်ရည်စွမ်းအားများ(Resilience) ကိုတည်ဆောက်နိုင်ရန်
- နှစ်သစ်အတွက် ကြိုတင်အစီအစဉ်များချနိုင်ရန်
အကျိုးကျေးဇူးများ
- စိတ်ခွန်အားတိုးမြင့်လာစေပြီး မိမိတို့အောင်မြင်ဖို့ ဘယ်အရာတွေကို ကြိုးစားနေလဲ၊ဘာကြောင့်လဲ စသည်တို့ကို ပိုသိလာစေသည်
- မိမိကိုယ်ကို ယုံကြည်မှုများတိုးမြင့်စေသည်
- မိမိတို့ရဲ့အောင်နိုင််မှုများကို ဂုဏ်ယူဝမ်းမြောက်စေသည်
- လက်ရှိပစ္စုပ္ပန်ကာလမှာ ပိုပြီးရှိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေသည်
- မိမိတို့ရဲ့ ကိုယ်ပိုဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ပိုပြီးခြုံငုံမိစေသည်
- နှစ်သစ်အတွက် ပြန်လည်သုံးသပ်ပြီး အစီအစဉ်ကောင်းများပိုချစေနိုင်သည်
ကလေးများနှင့်စိတ်ကျန်းမာရေး

ဖေဖော်ဝါရီလမှာ Counselling Cornerမှ Counsellor တွေမှ ကလေးနှင့်စိတ်ကျန်းမာရေး အကြောင်းများပြောကြားသွားမှာဖြစ်ပါတယ်။ Counselling Corner Facebook စာမျက်နှာမှတဆင့် အင်္ဂါနေ့တိုင်းတွင် Liveလွှင့်ပြောကြားခြင်း၊ သောကြာနေ့တွင် Postတင်ပေးခြင်း ဗုဒ္ဓဟူးတွင် အခမဲ့workshopများနှင့် YouTube စာမျက်နှာတွင်လည်း Videoများတင်ပေးလျက်ရှိပါသည်။မိဘတိုင်းဟာ သူတို့ရဲ့သားသမီးတွေကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ် ဒါပေမယ့် အချို့သော အကျင့်ဆိုးတွေ အပျက်သဘောဆောင်တဲ့ ပတ်ဝန်းကျင်တွေဟာ သားသမီးတွေရဲ့ စိတ်ခံစားချက်တွေကို ထိခိုက်စေနိုင်တာ အသိနောက်ကျတတ်ပါတယ်။ ကလေးဘဝကအတွေ့အကြုံများက ဘဝတစ်လျှောက်လုံးကိုပုံဖော်နိုင်တာကြောင့် အသက်ငယ်ရွယ်စဉ်ကပင် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာတဲ့ ကလေးတွေဟာ ဝမ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊ပျော်ရွှင်ခြင်း၊ကြောက်ရွံ့ခြင်းစတဲ့ ခံစားချက်များကို နားလည်နိုင်ပါတယ်။ ဒါ့ကြောင့်ကလေးတွေဘာဖြစ်နေလဲဆိုတာနားလည်နိုင်ပြီး အပြုသဘောဆောင်တဲ့ စကားလေးတွေအသုံးပြုပေးဖို့အရေးကြီးပါတယ်။အပြုအမူတွေဟာ အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်ပြီး ကလေးတွေကို ဘယ်အကျင့်တွေဟာ ကောင်းတယ်၊မကောင်းဘူးဆိုတာကိုသင်ကြားပေးနိုင်ပါတယ်။ ကလေးတွေဟာ စာနာတတ်ဖို့ ပတ်ဝန်းကျင်နဲ့ကောင်းမွန်စွာဆက်ဆံတတ်ဖို့ ယုံကြည်မှုပိုရှိဖို့ သင်ကြားနိုင်ပါတယ်။
အသက်ငါးနှစ်အောက်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ လက္ခဏာတွေဟာ ရှာဖွေနိုင်ဖို့ခက်ခဲပါတယ်။ အကြောင်းမရှိပဲ အစာစားဖို့ငြင်းဆန်တာ၊အချိန်အကြာကြီးငိုတာ၊ အလွယ်တကူကြောက်ရွံ့တာ၊စိုးရွံ့တာ၊ အကြည့်ရှောင်လွှဲတာ၊အရင်လိုမဆော့တော့တာ စတဲ့လက္ခဏာတွေကို ဂရုပြုနိုင်ပါသည်။
ကျောင်းနေအရွယ်ကလေးများအနေနဲ့ အိပ်တာစားတာပုံမမှန်ဖြစ်တာ စတဲ့အပြုအမူပြောင်းလဲတာတွေဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့ အော်ဟစ်တာ၊ဒေါသထွက်တာတွေဟာ အထောက်အကူမပြုတဲ့အပြင် တင်းမာမှုများကို ပိုဖြစ်စေနိုင်ပါတယ်။ တင်းမာမှုတွေများလာတဲ့အခါ ကလေးတွေအနေနဲ့ ထွက်ပြေးချင်စိတ်တွေကို ပေါ်ပေါက်လာနိုင်ပြီး ကလေးတွေရဲ့အာရုံစိုက်မှုတွေကလည်း လျော့နည်းလာနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်ဖွယ်ကောင်းသော၊ဂရုစိုက်သောပတ်ဝန်းကျင်ဟာ အလွန်ပင် အရေးကြီးပါသည်။
ဒီအပြုအမူတွေဟာ ကလေးတွေမှာ အတိုင်းအတာတစ်ခုအထိ ပုံမှန်ဖြစ်ပြီး အချို့မိဘတွေဟာ စိတ်ကျန်းမာရေးအပေါ် ချက်ချင်းဂရုမပြုတတ်ကြပါဘူး။ လက္ခဏာတွေပိုဆိုးလာတာ၊အချိန်ကြာမြင့်စွာဖြစ်နေတာ၊အသက်အရွယ်နဲ့မမျှတာတွေရှိနေပါက အခြေအနေကိုသေချာစောင့်ကြည့်ဖို့လိုပါတယ်။
အသက်ဆယ်နှစ်အောက်ကလေးတွေရဲ့ စိတ်ကျန်းမာရေးဟာ အုပ်ထိန်းသူတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်၊ခံစားချက်၊အပြုအမူတွေကို နားမလည်သေးတဲ့ အခါ အုပ်ထိန်းသူတွေဆီက သင်ယူရပါသည်။ကလေးတွေလိုအပ်တဲ့ လုံခြုံတဲ့ ပတ်ဝန်းကျင်ရှိတဲ့အခါ စိတ်ကျန်းမာရေးအခြေအနေတွေဟာ တိုးတက်ပြောင်းလဲလာပါတယ်။ ကလေးတွေစကားပြောချင်တဲ့အခါ စကားပြောပေးခြင်း၊ နားထောင်ပေးခြင်း၊သူတို့လေးတွေရဲ့ ခံစားချက်တွေကို နားလည်ပေးခြင်း၊ လုံခြုံတဲ့ပတ်ဝန်းကျင်လေးဖြစ်အောင် ဖန်တီးပေးခြင်း၊ အတင်းအကြပ်မလုပ်ဆောင်ခိုင်းခြင်းတို့ကို မိဘများအနေဖြင့်လုပ်ဆောင်နိုင်ပါသည်။
လိုအပ်ပါက ကလေးအထူးကုဆရာဝန်များ တတ်သိပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
တစ်ဦးချင်း အတိုင်ပင်ခံနှင့် တိုင်ပင်ဆွေးနွေးခြင်း

Counselling ဆိုတာဟာ စကားပြောချင်းကိုအသုံးပြုသည့်ကုထုံးတစ်ခုဖြစ်ပါသည်။ Counsellorတွေဟာ သေချာလေးကောင်းမွန်စွာနားထောင်နိုင်ဖို့ လေ့ကျင့်ထားပြီး သူတို့နားဆင်ခဲ့ထာတွေကိုကောင်းကောင်းလေးထင်ဟပ်ပေးဖို့ နှင့် အတွေးနဲ့ခံစားချက်များကို နားလည်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ Counseloor ဆိုတာဟာ စိတ်ရောဂါအထူးကုဆရာဝန်များမဟုတ်တာကြောင့် ဆေးဝါးများညွှန်ကြားမှာမဟုတ်ပါဘူး။ သင်တို့ရဲ့ကြုံနေရတဲ့ ပြဿနာတွေကို စကားပြောပြခြင်းဖြင့် ကူညီဖြေရှင်းပြီး သင့်ရဲ့ခေါင်းမှာရှုပ်ထွေးနေတာတွေကို ရှင်းလင်းပေးနိုင်ပါတယ်။Counselling ကုထုံးတွေဟာ တစ်ချိန်လျှင် မိနစ်၅၀ခန့်ကြာမြင့်ပြီး Clientတွေပေါ်မူတည်ပြီး ၈ချိန်မှ၁၀ချိန်အတွင်း တစ်ပတ်ခြားတွေ့ရလေ့ရှိပါသည်။ လူတွေ့ သို့မဟုတ် online မှဆောင်ရွက်နိုင်ပါသည်။
A Consultation Session
အကယ်လို့ သင်ဟာ Counsellingယူဖို့ လိုအပ်သလား၊မလိုအပ်ဘူးလားကို မသေချာလျှင်၊ သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေကြုံတွေ့နေရတဲ့ ပြဿနာတွေကို အကောင်းမွန်ဆုံးဘယ်လိုကူညီနိုင်မလဲဆိုတာကို တတ်သိပညာရှင်တွေဆီမှ အကြံဥာဏ်လိုချင်လျှင် မိနစ်၃၀ကြာ Consultation Session များလည်ရယူနိုင်ပါတယ်။
Sliding Scales
လူတိုင်းအတွက် Counselling Corner မှဝန်ဆောင်ခများဟာခက်ခဲနိုင်မှန်း ကျွန်တော်တို့ နားလည်ပါတယ်။ ဒါ့ကြောင့် Sliding Scales ကို Counselling Corner မှကျင့်သုံးနေပါတယ်။ မိမိရဲ့အခြေအနေနဲ့ တတ်နိုင်သမျှကို သင့်ရဲ့ Counsellor ဒါမှမဟုတ် ကျွန်တော်တို့ရဲ့Reception နှင့်ပွင့်ပွင့်လင်းလင်း ညှိနှိုင်းလို့ရပါတယ်။ အကယ်လို့သင်ဟာ ပုံမှန်ဝန်ဆောင်ခများကို ပေးဆောင်နေတယ်ဆိုလည်း အခြားသူများရဲ့စိတ်ကျန်းမာရေးကို တနည်းအားဖြင့်ကူညီပေးနေတယ်ဆိုတာကို အာမခံနိုင်တတစတစ်ပါတယ်။
Counselling Corner မှအစီအစဉ်များ

Counselling Corner ရဲ့ဦးတည်ချက်သည် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ တိုးတက်စေနိုင်ဖို့ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေဟာလူတိုင်းမှာရနိုင်ဖို့ကျွန်ုပ်တို့အနေနဲ့ကြိုးစားနေသောကြောင့် ဝန်ဆောင်မှုတွေကိုလည်း အခကြေးငွေအတွက်လိုအပ်ပါက ညှိနှိင်းနိုင်ပြီး အခြားအခမဲ့အစီအစဉ်များကိုလည်း ပြုလုပ်ပေးနေပါတယ်။
အောက်ပါအစီအစဉ်တွေကတော့ Counselling Corner ကနေ အပတ်စဉ်အခမဲ့လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေနဲ့ အခြားအစီအစဉ်များပဲဖြစ်ပါတယ်။
အင်္ဂါနေ့ ၇နာရီတိုင်းမှာ Facebookမှာတိုက်ရိုက်ထုတ်လွှင့်မျှဝေခြင်း အစီအစဉ်
ဗုဒ္ဓဟူး၆နာရီမှ၈နာရီတိုင်းမှာ အင်္ဂါနေ့ခေါင်းစဉ်နှင့်ပတ်သတ်၍ online မှအလုပ်ရုံဆွေးနွေးပွဲအစီအစဉ်
စနေနေ့၆နာရီမှ၈နာရီတိုင်းမှာ Onlineမှစိတ်ခံစားချက်များကောင်းမွန်ကျန်းမာစေရေး အလုပ်ရုံဆွေးနွေးပွဲ
အားလပ်နေ့များမှာ လူကိုင်တိုင်ပါဝင်ရမည့် ရွှံစေးWorkshop၊အနုပညာworkshop၊စိတ်ခံစားချက်ပိုင်းဆိုင်ရာworkshopများ(လူတစ်ဦးလျှင် တစ်သောင်းကျပ်)
တစ်လတစ်ခါ အခမဲ့လူတွေ့တစ်ဦးချင်း Consultation
အခြေခံCounselling ကျွမ်းကျင်မှုသင်တန်း-သင်တန်းအသစ်ကို တနင်္လာနေ့ ၆ရက် မတ်၂၀၂၃တွင်စတင်မည်

သင်တန်းတက်ရောက်ခဲ့သူများက “တက်ခဲ့သမျှထဲမှာ အကောင်းဆုံးတစ်ခု” ဟုမှတ်ချက်ပေးခဲ့ပြီး Counsellor တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုလိုသူတွေအတွက် ခြေလှမ်းအစတစ်ခုဖြစ်ပါသည်။ ဆယ်ရက်တာ သင်တန်းကာလအတွင်းမှာ Counselling ရဲ့အခြေခံများ၊နယ်နိမိတ်တွေ ဘယ်လိုသတ်မှတ်မလဲ၊ ကိုယ်ချင်းစာစိတ်နဲ့ဘယ်လိုနားထောင်ကြမလဲအပြင် အခြားအကြောင်းအရာများစွာကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။
စွမ်းရည်အသစ်တွေ၊ဗဟုသုတ၊အတွေ့အကြုံတွေကို လက်တွေ့သင်ကြားရမှာဖြစ်ပြီး အိမ်စာတွေလည်းပါဝင်ပါတယ်။ ပြီးမြောက်အောင်ပါဝင်တက်ရောက်မှ အသိအမှတ်ပြုလက်မှတ်ကိုရရှိမှာဖြစ်ပါတယ်။
သင်တန်းသား အယောက်၂၀အထိပါဝင်နိုင်တဲ့ သီးခြားအုပ်စုတွေကို online ကနေသော်လည်းကောင်း လူကိုယ်တိုင်ပါဝင်၍လည်းကောင်း သင်တန်းများကို နိုင်ငံအနှံ့ဖွင့်နိုင်အောင် ကြိုးစားလျက်ရှိပါသည်။သင်တန်းတက်ရောက်လိုပါက အသေးစိတ်အချက်များကို Facebook စာမျက်နှာနှင့် Counselling Corner website မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
စာရင်းပေးသွင်းရန် – Basic Counselling Skills Training
CounsellingCornerနှင့်ပတ်သတ်၍မေးခွန်းများ၊အကြံပြုချက်များ၊ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လိုရပါသည်။ ကျွန်ုပ်တို့အနေနဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။
အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက
Email-talk-to-us@counsellingcornermyanmar.com
ဖုန်းနံပါတ်-09 785 074 173, 09 784 509 916