မတ်လ၂၀၂၃သတင်းစာစဉ်
နွေရာသီရောက်လာတာနဲ့အမျှ နေရောင်ခြည်တွေပိုတွေ့ရမယ့်အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ နေရောင်ခြည်ဟာ Vitamin Dတွေပေးတဲ့အလျောက် လူတွေရဲ့ စိတ်ခံစားချက်တွေကို ကောင်းမွန်စေပြီး စိတ်ဓာတ်ကျခြင်းနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာဝေဒနာများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ထဲမှာတစ်နေကုန်နေနေတာထက် စောစောအိပ်ယာထပြီး နေရောင်ခြည်နဲ့ထိတွေ့သင့်ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ Counselling Corner ဟာ မိသားစုနဲ့သားသမီးအကြား လုံခြုံတဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖွံ့ဖြိုးလာအောင်ဖန်တီးခြင်း အကြောင်းနဲ့ပတ်သတ်ပြီးပြောကြားသွားပါတယ်။ AIA ရဲ့အထူးပြုကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဘောလုံးသမားလည်းတစ်ဦးဖြစ်တဲ့ Harry Kane: AIA Myanmar – Harry Kane မှစိတ်ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်မည့် အဖွဲ့အစည်းတစ်ခုတည်ထောင်တဲ့လေးစားဖွယ်ရာအကြောင်းလေးအား ဘာသာပြန်ပေးထားတာကိုဝမ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။ အဓိကသင်ခန်းစာအနေနဲ့ မိမိကိုယ်ကိုအမြဲယုံကြည်နေဖို့ကို ရရှိခဲ့ပါတယ်။
မတ်လမှာတော့ ကျွန်တော်တို့ဟာ စွဲလမ်းမှုနဲ့ပတ်သတ်ပြီး ပြောကြားသွားမှာဖြစ်ပါတယ်။ ထုံးစံအတိုင်း အင်္ဂါနေ့မှာ Facebook ကLiveလွှင့်ပြောသွားမှာဖြစ်သလို ဗုဒ္ဓဟူးနေ့နဲ့ စနေWorkshopများ သောကြာနေ့ လူမှုကွန်ယက်များမှာလည်း Postတင်ပြီး ဗဟုသုတ မျှဝေသွားမှာဖြစ်ပါတယ်။
စွဲလမ်းခြင်း

ဒီလအတွက်ခေါင်းစဉ်လေးက “စွဲလမ်းခြင်း”ပဲဖြစ်ပါတယ်။ စွဲလမ်းခြင်းဆိုတာ လူတစ်ယောက်ဟာ အပြုအမူတစ်ခုကိုထပ်ခါထပ်ခါပြုလုပ်ချင်စိတ်တွေဖြစ်စေတဲ့ ဝေဒနာတစ်ခုပဲဖြစ်ပြီး များပြားသောထိခိုက်မှုများနဲ့ အခြားအပျက်သဘောဆောင်သော အကျိုးကျေးဇူးများဖြစ်စေနိုင်ပါတယ်။
စွဲလမ်းခြင်းဆိုတာ လောင်းကစားပြုလုပ်ခြင်း၊ စားသောက်ခြင်း၊ Gameကစားခြင်း၊ လူမှုကွန်ယက်၊ စျေးဝယ်ထွက်ခြင်း၊ မိမိကိုယ်ကိုထိခိုက်စေခြင်း စတဲ့အပြုအမူတွေတင်မကပဲ ကဖိန်းဓာတ်၊ နီကိုတင်း၊ အရက်နှင့် ဆေးလိပ်တို့ကိုစွဲလမ်းခြင်းများပါဝင်ပါတယ်။ စွဲလမ်းခြင်းဆိုတာ နာတာရှည် သို့မဟုတ် ကြာမြင့်စွာ မသုံးရမနေနိုင်အောင် ဆေးဝါးတွေ၊ မူးယစ်ဆေးဝါး၊ ဥပမာအရက်၊ ဆေးရွက်ကြီး၊ အခြားမူးယစ်ဆေးများ-အန်ဖန်တမိန်း၊ ဓာတုဆေးဝါး၊ ဘိန်း၊ ဆေးခြောက် တွေကိုသုံးစွဲနေခြင်းကိုဖော်ပြနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုပဲဖြစ်ပါတယ်။
မူးယစ်ဆေးဝါးအလွဲသုံးစားလုပ်မှုဆိုတာ ပုံမှန်ပမာဏတစ်ခုထက် အရက်ဆေးဝါးများကို အလွန်အကျွံသုံးစွဲတာပဲဖြစ်ပြီး ကိုယ်သုံးနေတဲ့ပမာဏကို မကိုင်တွယ်နိုင်တော့တာပဲဖြစ်ပါတယ်။
စိတ်ဓာတ်ကျခြင်း၊ စိတ်ဒဏ်ရာ၊ စိတ်ဖီးစီးမှုနှင့်အစိုးရိမ်လွန်တဲ့သူတွေဆီမှာ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ကိုင်တွယ်ဖို့နည်းလမ်းတွေရှာကြတာမျိုးရှိပါတယ်။ လူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ခဏခဏသတိရပြီး အိပ်မရတဲ့ညတွေ၊ အလွန်အမင်းပင်ပန်းတာတွေ၊ စိတ်အပြောင်းအလဲလွယ်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလို အမှန်တရားတွေကနေလွတ်မြောက်အောင် အပျော်ကိုရှာခြင်း၊ တခြားသူတွေကို သနားညှာတာမှုမရှိခြင်းများဖြစ်လာပြီး ပျော်ရွှင်အောင်ဆေးသုံးခြင်း၊ ခဏတာကောင်းမွန်တဲ့ခံစားချက်တွေကို အလွယ်တကူစွဲလမ်းစေနိုင်ပါတယ်။
မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတိုင်း၊ မြို့တိုင်းရွာတိုင်းကသူတွေဟာ စွဲလမ်းခြင်းရဲ့သက်ရောက်မှုတွေကိုခံရနိုင်ပါတယ်။ အစပိုင်းမှာတော့ လူတွေဟာဒါကိုအပြစ်ကင်းတယ်၊ကိုင်တွယ်နိုင်တယ်လို့ မြင်နိုင်ကုပြီး၊ တကယ်အန္တရာယ်နဲ့ရင်ဆိုင်နိုင်ရတဲ့အခါမှာတော့ ကိုယ့်ရဲ့အပြုအမူတွေကို ရပ်တန့်နိုင်ဖို့အားအင်တွေမရှိတာမျိုးဖြစ်နိုင်ပါတယ်။ အကယ်လို့ ကိုဟာစွဲလမ်းခြင်းနဲ့ကြုံရတဲ့အခါမှာ အကူအညီအထောက်အပံ့တွေရယူနိုင်ဖို့ နားလည်ထားတာဟာ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။
စွဲလမ်းခြင်းကို ကျော်လွှားနိုင်ဖို့ဟာ ခက်ခဲတက်ပြီး ကိုယ့်ကို ရုပ်ပိုင်းဆိုင်ရာကောစိတ်ပိုင်းဆိုင်ရာမှာပါမနှစ်မြို့ဖွယ်ရာတုံ့ပြန်မှုတွေဖြစ်စေနိုင်ပါတယ်။
“စွဲလမ်းစေတဲ့အရာတွေမူးယစ်ဆေးဝါးတွေဆိုတာ အစထဲကမစကြည့်သင့်ဘူး” သို့မဟုတ် “သူကပျော့ညံ့တယ်” စတဲ့အယူအဆမှားတွေ စွဲလမ်းမှုနဲ့ပတ်သတ်တဲ့ အပြစ်တင်စကားတွေရှိတတ်ပြီး တကယ်တော့ ကျွန်တော်တို့ဟာ သူတို့ဘယ်အရာတွေကိုဖြတ်ကျော်နေရတယ်၊ သူတို့ပြေပျောက်စေဖို့ဘာလို့ဒီလမ်းကိုရွေးခဲ့ရတယ်ကို မသိတာတွေရှိနိုင်ပါတယ်။
ဒါ့ကြောင့်ကျွန်တော်တို့ဟာ စွဲလမ်းမှုတွေနဲ့ရင်ဆိုင်နေရသူတွေကို ပုံမှန်ကျန်းမာတဲ့အနေအထားရအောင် အခွင့်အရေးပေးသင့်ပါတယ်။
အကယ်လို့ ကိုယ်ဟာစွဲလမ်းခြင်းကို ကြုံရတဲ့အခါ လူတွေနဲ့ဆက်သွယ်မယ်၊ ဝေဖန်ခြင်းမရှိတဲ့ ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အဓိအားဖြင့် ကိုယ့်ရဲ့မိသားစု၊သူငယ်ချင်း၊တွေဆီက အထောက်အပံ့တွေရယူပြီး တကယ့်မိတ်ဆွေစစ်တွေဟာ ကိုယ့်ကို ဆေးဆက်မသုံးစေတဲ့သူတွေပဲဖြစ်နိုင်ပါတယ်။
အကူအညီရယူလေလေ၊ ပိုပြီးသက်သာဖို့လွယ်ကူနိုင်ပြီး ဒါပေမယ့် လွယ်ကူတဲ့အရာတစ်ခုမဟုတ်တာတော့သတိပြုရပါမယ်။
ဖွင့်ပြောကြရအောင်!

ဦးနှောက်မှာ ခံစားချက်တွေကို သိမ်းစီးပြီးဆောင်ရွက်ပေးတဲ့နေရာကို Limbic Systemလို့ခေါ်ပါတယ်။ ဒီအချိန်မှာ မြန်မာပြည်ကသူတွေအတွက် Limbic System ဟာအစွန်းရောက်ခံစားချက်တွေကိုကိုင်တွယ်ရတဲ့အတွက် အလုပ်အရမ်းရှုပ်နေနိုင်ပါတယ်။ ဦးနှောက်ရဲ့ဒီအပိုင်းဟာ အလုပ်အရမ်းများတဲ့အချိန်မှာ ကိုယ့်ရဲ့အချက်အလက်ကျကျတွေးတောနိုင်တဲ့အပိုင်းကို ပိတ်ဆို့တာမျိုးဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ဒေါသအရမ်းထွက်နေချိန်၊အမှားတွေပြုလုပ်မိတဲ့အခါမျိုးမှာ သေချာမတွေးတောနိုင်တာမျိုးရှိပါတယ်။
အကောင်းဆုံးနည်းလမ်းတစ်ခုအနေနဲ့ကတော့ ကိုယ့်ခံစားချက်တွေကိုပြောပြခြင်း၊ အခြားသူတွေကို ဝေမျှခြင်းပဲဖြစ်ပါတယ်။
ဒါကတော့ Counselling Corner ကပြုလုပ်ပေးနေတဲ့ စိတ်ခံစားချက်ကောင်းမွန်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့်ပတ်သတ်ပြီး အကြမ်းဖျဉ်းပြောတာပဲဖြစ်ပါတယ်။
workshopနှင့်ပတ်သတ်ပြီး ဒီvideo အတွင်းမှာ မခင်မို့မို့ကျော်(ရန်ကုန်) နှင့် မစိုးမြတ်မျိုးရွှေ(စင်္ကာပူ)တို့မှာ အသေးစိတ်ဆွေးနွေးထားပြီး အကျိုးကျေးဇူးတွေကိုလည်းပြောပြထားပါတယ်။
Counselling Cornerဟာသင့်ရဲ့ဝန်ထမ်း၊မိသားစု၊ သူငယ်ချင်းအုပ်စုတွေကိုလည်း ဒီလိုသီးသန့်ခံစားချက်ပိုင်းဆိုင်ရာWorkshopတွေ စီစဉ်ပေးနိုင်ကြောင်း ဝမ်းမြောက်စွာအကြောင်းကြားနိုင်ပါတယ်။
ဒီVideoကိုကြည့်ရှုပြီး သူငယ်ချင်းများကို ပြန်ဝေမျှနိုင်ပါတယ်။
ဝန်ထမ်းများအတွက် နှစ်ကုန် ရောင်ပြန်ဟပ်မှု အလုပ်ရုံဆွေးနွေးပွဲ

သင်ဟာ သင့်ရဲ့ဝန်ထမ်းများကို အတိတ်အတွက်ကော အနာဂတ်အတွက်ပါ ပြန်လည်သုံးသပ်မှုတွေပြုလုပ်ပြီး အနာဂတ်အတွက် စိတ်လှုံ့ဆော်မှုများ၊ စိတ်တက်ကြွမှုများဖြစ်စေချင်ပါသလား?Counselling Corner အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲအသစ်လေးတစ်ခုဖန်တီးထားပါတယ်။
Workshopနောက်ခံအကြောင်းအရင်း
၂၀၂၃နှစ်စမှာ Counselling Corner အနေနဲ့ ပြီးခဲ့တဲ့နှစ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုဖန်တီးထားပါတယ်။ အထူးသဖြင့် ဝန်ထမ်းများအတွက်ရည်ရွယ်ထားပြီး ဒီကနေမှတဆင့် နှစ်သစ်အတွက် အဆင်သင့်ဖြစ်နေနိုင်ဖို့အတွက် ကူညီပေးနိုင်ပါသည်။ နှစ်ကုန်ချိန်လေးဆိုတာ စိတ်လှုပ်ရှားစရာများ ပြန်လည်သုံးသပ်ချက်များနှင့် ပြည့်နှက်နေပြီး ခြေလှမ်းသစ်တွေစတင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၁၂လပတ်လုံးကို ပြန်သုံးသပ်ပြီး ဘယ်အရာတွေက အလုပ်ဖြစ်ခဲ့လဲ? မဖြစ်ခဲ့ဖူးလဲ? ဆိုတာ သိနိုင်ပါတယ်။
Workshopအတိုချုပ်
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျွန်တော်တို့ဟာ အကောင်းအဆိုး၊ အတက်အကျများနှင့် ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကောင်းတယ်၊ ဆိုးတယ်၊ ပင်ပန်းတယ်၊ ပျော်ရွှင်ရတယ်ဆိုပြီး စကားတစ်လုံးထဲနဲ့ပဲ သတ်မှတ်လိုက်တတ်ကြပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ အသင်းလိုက်ဖြစ်စေ သင်ယူမှု၊ ဆန်းသစ်မှု စတဲ့ရည်ရွယ်ချက်များနှင့် သုံးသပ်မှုများပြုလုပ်ရန်လိုအပ်ပါသည်။ ဒီကနေမှတဆင့် မိမိတို့ရဲ့အားသာချက်များ၊ ပြုပြင်သင့်တဲ့ အချက်များကို ပိုမိုသိရှိနိုင်ပါတယ်။ တစ်နှစ်ကနေ တစ်နှစ်အကူးအပြောင်းချိန် နှစ်သစ်မှာ ဘာတွေလုပ်ရမလဲအပေါ်သာ အာရုံစိုက်လေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အပေါ်ပြန်လည်သုံးသပ်ပြီး အတွေ့အကြုံများကနေပြန်သင်ယူခြင်းဖြင့် အနာဂတ်မှာ ပြုလုပ်မယ့် ရွေးချယ်မှုများအပေါ်ပိုမိုလေ့လာနိုင်ပါတယ်။ ဒီworkshop အပြီးမှာ စိတ်တက်ကြွစေခြင်း၊ လက်ရှိအချိန်မှာအာရုံစိုက်နိုင်ခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုများတိုးတက်စေခြင်း၊တိုးတက်မှုများပိုလုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ ဒီကနေမှတဆင့်လာမယ့်နှစ်အတွက် အဆင်သင့်ဖြစ်ဖို့၊ စီမံကိန်းများချမှတ်ဖို့ အကူအညီပေးနိုင်မှာပါ။
ရည်ရွယ်ချက်နှင့် ပန်းတိုင်များ
● မိမိရဲ့ ခံစားချက်များ၊အတွေးများ၊အပြုအမူနှင့် လုပ်ရပ်များကို ပြန်လည်ထင်ဟပ်သုံးသပ်ရန်
● မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို သိရှိရန်
● တစ်နှစ်ပတ်လုံးကာလအတွင်း မိမိတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှုရည်စွမ်းအားများ(Resilience) ကိုတည်ဆောက်နိုင်ရန်
● နှစ်သစ်အတွက် ကြိုတင်အစီအစဉ်များချမှတ်နိုင်ရန်
အကျိုးကျေးဇူးများ
● စိတ်ခွန်အားတိုးမြင့်လာစေပြီး မိမိတို့အောင်မြင်ဖို့ ဘယ်အရာတွေကို ကြိုးစားနေလဲ၊ဘာကြောင့်လဲ စသည်တို့ကို ပိုသိလာစေသည်
● မိမိကိုယ်ကို ယုံကြည်မှုများတိုးမြင့်စေသည်
● မိမိတို့ရဲ့အောင်နိုင်မှုများကို ဂုဏ်ယူဝမ်းမြောက်စေသည်
● လက်ရှိပစ္စုပ္ပန်ကာလမှာ ပိုပြီးတည်ရှိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေသည်
● မိမိတို့ရဲ့ ကိုယ်ပိုဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ပိုပြီးခြုံငုံမိစေသည်
● နှစ်သစ်အတွက် ပြန်လည်သုံးသပ်ပြီး အစီအစဉ်ကောင်းများပိုမိုချစေနိုင်သည်
Consultation Sessions-ငါတစ်ခုခုများမှားနေပြီလား

ဒီလိုခက်ခဲတဲ့ကာလမှာ ပြင်းထန်တဲ့ခံစားချက်တွေခံစားရတာဟာ ပုံမှန်ပဲဖြစ်ပြီး သင့်အနေနဲ့ ဘာမှလွဲမှားနေတာမျိုးမရှိပါဘူး။ အချို့တွေက ခံစားချက်တွေကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်ပြီး အချို့တွေကတော့ မှန်ကန်တဲ့နည်းလမ်းရဖို့ အကူအညီအနည်းငယ်လိုတဲ့အချိန်မျိုးမှာ အခြားသူတွေကတော့ ခံစားချက်တွေကို ဖိနှိပ်ပစ်ပြီး အလွန်အကျွံအရက်သောက်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်း၊လောင်းကစားလုပ်ခြင်း၊အခြားနည်းလမ်းများရှာဖွေခြင်းတို့ဖြင့် ဖြေရှင်းလေ့ရှိပါတယ်။
Counselling Corner အနေနဲ့ သင့်အတွက်၊သင့်မိသားစုသူငယ်ချင်းတွေအတွက် ကျွမ်းကျင်တဲ့Counsellorများကို အခြားသူတွေကို မသိစေချင်တဲ့မေးခွန်းတွေမေးနိုင်ဖို့ Consultation Sessionတွေလုပ်ဆောင်ပေးနေပါတယ်။ မည်သည့်ခေါင်းစဉ်မျိုးကိုမဆို ဥပမာ-“အခက်အခဲတွေရင်ဆိုင်နေရတဲ့သားသမီးတွေကို ဘယ်လိုကူညီရမလဲ” “ကိုယ့်မှာအိပ်မရတဲ့ညတွေများနေလို့၊ နေ့ဘက်မှာကောင်းကောင်းအလုပ်မလုပ်နိုင်ဘူး”၊ “သမီးကမူးယစ်ဆေးဝါးစွဲနေတယ်ထင်လို့၊ဘာလုပ်ရမှန်းမသိတော့ဘူး” စသဖြင့်ဆွေးနွေးလို့ရပါတယ်။
တစ်ချိန်စာ Consultation ရယူပြီး ကိုယ်မေးချင်သမျှ ကိုယ်ရေးကိုယ်တာမေးခွန်းများကို မေးမြန်းနိုင်ပါတယ်။ ပုံမှန်စျေးနှုန်းကတော့ 70000ကျပ်ဖြစ်ပြီး အကယ်လို့ အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရပါတယ်။ တစ်လလျှင်တစ်ခါ တနင်္လာနေ့တိုင်းမှာလည်း အခမဲ့ Consultation များပြုလုပ်ပေးနေပါတယ်
အခြေခံCounselling ကျွမ်းကျင်မှုသင်တန်း-သင်တန်းအသစ်ကို ၂၂ဧပြီ ၂၀၂၃ တွင်စတင်မည်။

သင်တန်းတက်ချင်သူတွေများလာတာနဲ့အမျှ ရုံးပိတ်ရက်(စနေ၊တနင်္ဂနွေ)များတွင်လည်း ဖွင့်ဖို့တောင်းဆိုသောကြောင့် အတန်းသစ်ကို ၂၂ဧပြီမှ ၂၁မေအထိ ညနေ၆နာရီမှ၈နာရီအထိ Onlineမှဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။
သင်တန်းတက်ရောက်လိုပါက စာရင်းပေးသွင်းရန် နှင့် သင်တန်သေးစိတ်ဖတ်ရှု့ရန်
Counselling Skill Training – Counselling Skill Training (counsellingcornermyanmar.com)
လွန်ခဲ့တဲ့လေးနှစ်တာအတွင်း၊ ရာပေါင်းများစွာသော လူများ – ရခိုင်နှင့်ကယားIDP Campမှစေတနာ့ဝန်ထမ်းများ၊ ကချင်မှအမျိုးသမီးအဖွဲ့အစည်းများ၊ ရှမ်းမှ မသန်စွမ်းစေတနာ့အဖွဲ့ဝင်များကို သင်တန်းများပေးခဲ့ပါသည်။
သီးသန့်သင်တန်းများကို ဘယ်နေ့ရက်မဆို စီစဉ်ပေးနိုင်တယ်လို့ သတင်းကောင်းပါးချင်ပါတယ်။
CounsellingCornerနှင့်ပတ်သတ်၍မေးခွန်းများ၊ အကြံပြုချက်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လို့ရပါသည်။ ကျွန်ုပ်တို့အနေနှင့် ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။
အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက
Email: talk-to-us@counsellingcornermyanmar.com
ဖုန်းနံပါတ်-09 785 074 173, 09 784 509 916