Counselling Corner Newsletter – April 2022
သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့် အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့ အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။
Mental Health Awareness Poster
မြန်မာနိုင်ငံသူ/သား များအားလုံး စိတ်ကော ကိုယ်ပါ ကျန်းမာသန်စွမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ Counselling Corner မှ ဒီဇိုင်းနာ (၂) ဦးနှင့် ပူးပေါင်းပြီး နည်းလမ်း (၁၀)ခုကို ရောင်စုံပိုစတာ အနေနဲ့ တင်ဆက်လျက်ရှိပါတယ်။ ပိုစတာတစ်ချပ်ကို အလျားxအနံ (၁၂၀ x ၆၀) စင်တီမီတာ အရွယ် အစားရှိပြီး မိမိနှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်ပါတယ်။
ဈေးနှုန်းအနေနဲ့ ပိုစတာတစ်ချပ်လျှင် (Delivery Fees အပြီးအစီး) ငွေကျပ် ၁ သောင်းသာ ကျသင့်မှာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းနားနေခန်းများတွင် ကပ်ထားခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသနိုင်ပါပြီ။
ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အထိရောက်ဆုံးနည်း လမ်းတစ်ခုပါ။ ပိုစတာ (၁၀) ချပ်နှင့်အထက် မှာယူပါက လုပ်ငန်း လိုဂိုကိုပါ အခမဲ့ ထည့်သွင်းပေးသွားမှာမို့လို့ အခုပဲ မှာယူလိုက်တော့နော်။
Self-harm: Factors and Emotions leading to Self-harm
ပြီးခဲ့တဲ့ မတ်လ သတင်းစာမှာတုန်းက Self-harm ကို ဖြစ်စေတဲ့ အခြေခံအချက်အလက်တွေကို ပြောပြခဲ့ပြီး ကျွန်မတို့အနေနဲ့ ဘာကြောင့် Self-injury နဲ့ ပတ်သက်ပြီး မပေါ့ဆသင့်ဘူးဆိုတာကိုပါ ပြောပြ ခဲ့ပါတယ်။ မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အစားအသောက် မူမမှန်ခြင်း၊ စိုးရိမ်သောကများခြင်း စတဲ့ အကြောင်းအရာတွေက စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်းကို ပြတဲ့ လက္ခဏာအချို့ပါ။ အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက Self-Harm (မိမိကိုယ်ကို ထိခိုက်နာကျင်) ဖို့ တွန်းအားတွေ ဖြစ်စေနိုင်ပါတယ်။
- ထိန်းသိမ်းဖို့ မဖြစ်နိုင်တဲ့ ခံစားချက်များနှင့် လက္ခဏာများကို ကြုံတွေ့ရခြင်း
- စိတ်ခံစားချက်အတက်အကျဖြစ်ခြင်း
- စိတ်ဖိစီးခြင်း
- စိတ်ခံစားချက်မှုကို မထိန်းချုပ်နိုင်ခြင်း
- ကြောက်ရွံ့တုန်လှုပ်မှုကို မဖြေရှင်းနိုင်ခြင်း
- စိတ်ပိုင်းဆိုင်ရာ အင်အားချည့်နဲ့ခြင်း
self-harms ဆိုတာ ပုံစံမျိုးစံနဲ့ ကြုံရတတ်ပါတယ်။ ဒီလိုမျိုးခံစားနေရတဲ့သူတစ်ယောက်ယောက်က ကိုယ့်ပတ်ဝန်းကျင်မှာ ရှိပြီဆိုရင် ပြစ်တစ်ဝေဖန်တာမလုပ်ပဲ မိမိအနေနဲ့ အကောင်းဆုံးကူညီဖေးမဖို့လိုအပ်ပါတယ်။ self-harms အကြောင်း ပိုမိုနားလည်လိုပါက အောက်မှာပေးထားတဲ့ YouTube link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=23loI4Z5aEI
Basic Counselling Skills Training & Intermediate Counselling Skills Training
Basic Counselling Skills Training နဲ့ “Intermediate Counselling Skills Training” သင်တန်းတွေကို မတ်လ (၁၆) ရက်ကနေ (၂၇) ရက်နေ့အထိ (ညနေ ၅:၀၀ – ညနေ ၇:၀၀) အထိ တင်္နလာနေ့ မှ သောကြာနေ့ အထိ (ရုံးပိတ်ရက်မပါ) ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
သင်တန်းတစ်ခုလျှင် ကြာချိန်အားဖြင့် နာရီ (၂၀) – (စုစုပေါင်း ၁၀ရက်) တိတိကြာမြင့်မှာ ဖြစ်ပြီး homework sessions တွေလည်း ပါမှာပါ။
ဒီသင်တန်းတွေကို တက်ရောက်ခြင်းအားဖြင့် counselling နဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျ လေ့လာရမှာဖြစ်ပြီး qualified counsellor တစ်ယောက် ဆီမှာ ရှိရမဲ့ အရည်အချင်းတွေ၊ စံနှုန်းတွေကိုပါ သိခွင့်ရမှာဖြစ်ပါတယ်။
The Basic Counselling Skill Training Batch 22 ကို ဘယ်သူတွေ တက်သင့်သလဲ။
နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းဆိုတာ လူတိုင်းသိထားသင့်တဲ့ ပညာရပ်တစ်ခုပါ။ ကိုယ့်အနေနဲ့ အချိန်ပိုင်း/အချိန်ပြည့် counsellor တစ်ယောက်အနေနဲ့ ရပ်တည်ချင်လို့ပဲဖြစ်ဖြစ်၊ psychology ဘာသာရပ်ကို လေ့လာသင်ကြားနေတဲ့ ကျောင်းသူ/သူ၊ ဆရာ/မ ဆိုရင်ပဲဖြစ်ဖြစ်၊ သူနာပြုပဲ ဖြစ်ဖြစ် စတဲ့ သူတစ်ပါးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုကို ပံ့ပိုးပေးချင်တဲ့ မည်သူမဆို တက်ရောက်သင့် တဲ့ သင်တန်းပဲဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေကို စီမံခန့်ခွဲပေးရတဲ့ HR ဝန်ထမ်းတွေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေရတဲ့ ဆရာဝန်တွေလည်း တက်ရောက်သင့်ပါတယ်။ သီအိုရီပိုင်းသာမက လက်တွေ့အခြေခံတွေကိုပါ သင်ကြားပေးမှာပါ။
The Intermediate Counselling Skill Training Batch 4 ကို ဘယ်သူတွေ တက်သင့်ပါသလဲ။
ဒီအတန်းလေးကိုတော့ Basic Counselling Skill Training Certificate ရရှိထားသူတွေသာ တက်ရောက်လို့ ရမှာပါ။ Counselling ပညာရပ်ကို ထဲထဲဝင်ဝင်နားလည်ခွင့်ရရှိမှာဖြစ်ပြီး လက်တွေ့ လေ့ကျင့်ခန်းအချို့လည်း ပါဝင်မှာပါ။ Intermediate Counselling Skill Training က Counseller တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ လမ်းကြောင်း အစဆိုရင်လည်း မမှားပါဘူး
Basic Counselling Skill Training အတွက် သင်တန်းကြေးကတော့ ကျပ် (၁) သိန်းခွဲကျသင့်မှာ ဖြစ်ပြီး Intermediate Counselling Skills Training ကတော့ (၂)သိန်းကျပ် ကျသင့်ပါမယ်။ သင်တန်း (၂) ခုစလုံးကို zoom ဖြင့် ပို့ချပေးမှာပါ။
Trauma 5 days Workshop- for patients with PTSD
အကြမ်းဖက်မှုတွေ ကြုံခဲ့ဖူးလား၊ ပြန်ပြန်သတိရသလိုဖြစ်နေလား? အိပ်စက်မရတဲ့ ပြဿနာတွေ ဖြစ်နေလား?
ရုတ်တရက်အရမ်းဝမ်းနည်းသလိုမျိုး၊ အကူညီမဲ့နေသလိုမျိုး၊ ဒေါသထွက်လွယ်သလိုမျိုးစတဲ့ ခံစားချက်လိုမျိုးတွေ ဖြစ်နေလား? ဒီလိုသာဖြစ်နေပြီဆိုရင်တော့ ဒီစိတ်ဒဏ်ရာပိုင်းဆိုင်ရာ ဆွေးနွေးမှုဟာဆိုရင် သင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီ workshop ကို counselling ပညာရပ်ကို စိတ်ဝင်စားတဲ့သူတွေသာမက ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ NGOs, and INGOs တွေလည်း တက်ရောက်သင့်ပါတယ်။ မိမိရဲ့ လူနာစောင့်ရှောက်ကုသရေးကို ပိုပြီး ထိရောက်စေဖို့အတွက် ဒီ workshop က အများကြီးအထောက်အကူပြုမှာပါ။
Childhood trauma healing အကြောင်းပိုမိုသိရှိလိုပါက Junior Counseller တစ်ဦးဖြစ်သူ မယုမာသင်း၏ ဗီဒီယိုကို အောက်ဖော်ပြပါ YouTube link မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
https://www.youtube.com/watch?v=iSLEkWec5H4
ဒီ workshop ဟာဆိုရင် reflection နှင့် essay များပြုလုပ်ရမှာဖြစ်ပြီး ၎င်းမှာတစ်ဆင့် အတိတ်မှာကြုံတွေ့ခဲ့ရ ဖူးတဲ့ အတွေ့အကြုံများကို ပြန်လည်သွားရောက်ရှာဖွေနိုင်ဖို့ လူဦးရေအနည်းငယ် (၁၀ ယောက်) ဖြင့်သာပြုလုပ် သွားမှာဖြစ်ပါတယ်။ ထို့နောက်မှ counsellor က သင့်အား သင့်ခံစားနေရသည်များကို မျှဝေစေခြင်း၊ သင့်ခံစားချက်များကို သင့်ခေါင်းထဲတွင်နေရာပေးစေခြင်းဖြင့် စိတ်ဒဏ်ရာများကို ထုတ်ဖော်ပြောဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်ကူညီပေးသွ ားမှာဖြစ်ပါတယ်။ ခုလိုခံစားချက်များကို မျှဝေခြင်းဖြင့် workshop ရဲ့ ထိရောက်မှုကများ ပြားသလို ခံစားချက်တူသူ အချင်းချင်း အဖွဲ့တွင် ပါဝင်ခြင်းကလဲ အလွန်ကောင်းမွန်သော ကုစားနည်းတစ်ခု ဖြစ်ပါတယ်။ အသင်းအဖွဲ့နှင့် ပြုလုပ်ခြင်း သည် မိမိ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေး နှင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်ရန် အလွန်အထောက်အကူဖြစ်ပါသည်။
“Workshop အသေးစိတ်”
နေ့စွဲ – to be discussed
အချိန် – to be discussed
လူဦးရေ – အနည်းဆုံး (၂) ဦးမှ အများဆုံး (၁၀) ဦး
ဘာသာ – မြန်မာဘာသာ
သင်တန်းကြေး – ၁၅၀,၀၀၀ ကျပ် (တစ်ဦးလျှင်)
နေရာ – အွန်လိုင်း (Online Zoom ဖြင့်)
ကျွန်ုပ်တို့သည် INGO’s၊ ဒေသန္တရ ဆေးခန်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့် အခြား လူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စိတ်ဒဏ်ရာရရှိ ကြုံတွေ့ခံစားနေရသူများ၊ ထိုဖြစ်ရပ်များကြောင့် ကျန်းမာရေးရေးဆိုင်ရာပြဿနာများ နှင့် ကြုံတွေ့နေရသူများကို ရှာဖွေဖော်ထုတ်ပြီး အပြုသဘောဆောင်ကူညီ ပေးနိုင်ဖို့ဖြစ်ပါတယ်။
Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမို လွယ်ကူ စေချင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်း အတွင်း စိတ်ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဖို့၊ ပိုမိုတိုးတက်လာစေဖို့အတွက် သင်တို့ရဲ့ ကူအညီများလိုအပ်ပါတယ်ဗျာ။
For enquirers please contact us:
Email : info@counsellingcornermyanmar.com
Phone: 09 785 074 173, 09 784 509 916