Counselling Corner newsletter – မတ်လ ၂၀၂၂
သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့် အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့ အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။
Self-harm: What is it, what triggers it and how to deal with it?
မိမိကိုယ်ကို ထိခိုက်အောင်လုပ်ခြင်းဆိုတာဘာလဲ? ဘယ်လိုလှုံ့ဆော်မှုတွေက ဦးဆောင်ဖြစ်ပေါ်စေသလဲ? အဲတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ?
မိမိကိုယ်ကို ထိခိုက်နာကြင်စေခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင် အောင်လုပ်ခြင်းပဲဖြစ်ပါသည်။ ၎င်းသည် တစ်နည်းအားဖြင့် စိတ်ခံစားချက်များ (သို့မဟုတ်) သင်ထုတ်ဖော်မပြနိုင်သော နာကျင်မှုကို ခံယူပြီး ထိုအရာကို တကယ့်အရာတစ်ခုအဖြစ် ဖန်တီးရန် နည်းလမ်းတစ်ခုလဲဖြစ်ပါသည်။ ခံစားချက်များကို မြင်သာထင်သာရှိပြီးထိန်းချုပ်နိုင်သော ပြင်ပအရာတစ်ခုအဖြစ်သို့ ပြောင်းလဲ လိုက်ခြင်းလဲဖြစ်ပါသည်။
ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေတဲ့အခါ ဒီအချက်တွေကို သိထားသင့်ပါတယ်။
- ဒါဟာမတော်တဆမှု မဟုတ်ပါဘူး။
- အာရုံစူးစိုက်မှု ရချင်လို့ လုပ်တာလဲမဟုတ်ပါဘူး။
- မည်သူမဆို လုပ်နိုင်တယ်။
- ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာက ပိုပါတယ်။
- မိမိကိုယ်ကို အဆုံးစီရင်ဖို့မလိုပါဘူး။
ဘယ်အကြောင်းအရာကြောင့်မဆို မိမိကိုယ်ကို ထိခိုက်နာကျင်အောင်ပြုလုပ်ခြင်းသည်ပုံမှန်အားဖြင့် လူတစ်ဦး သည်ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု၊ စိတ်ဖိစီးလွန်မှု ရဲ့ လက္ခဏာတစ်ခုလဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်ခြင်းဖြင့် စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အလွန်အန္တရာယ်များသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် သင့်ကို ပြင်းထန်သော ဒဏ်ရာ (သို့) သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါသည်။
ထိုကြောင့် Self-injury နှင့် ပတ်သက်၍ အသိပညာပေးမှုမြှင့်တင်ခြင်းသည် အလွန်အရေးကြီးပါသည်။ အသိပညာ နှင့် ဗဟုသုတသည် နားလည်မှု၊ စာနာမှုနှင့်၊ အကြောက်တရားကို ဖယ်ရှားပြီး အထီးကျန်သလို ခံစားနေရသော နေထိုင်ရှင်သန်နေသူများရဲ့ အရေအတွက်ကို လျော့ချပေးနိုင်ပါသည်။
Self-harm နှင့်ပတ်သက်၍ ပုံစံအမျိုးမျိုးရှိနိုင်ပါသည်။ ထိုအကြောင်းအရာကို ပိုမိုသိရှိစေဖို့ နဲ့ ကိုယ့်ပတ်ဝန်းကျင် ရှိလူတွေကို ကူညီနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ အပတ်စဉ် တင်ဆက်နေတဲ့ Tuesday Facebook Live လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်နော်။
Employee Assistance program (ဝန်ထမ်းအကူညီပေးရေးအစီစဉ်)
EAP – ဝန်ထမ်းအကူညီပေးရေး ပရိုဂရမ်သည် အလုပ်အခြေပြု ဖန်တီးထားသောဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဝန်ထမ်းများ၏စွမ်းဆောင်ရည်များကို ထိခိုက်စေနိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာ အခက်အခဲ၊ ပြဿနာများကိုဖြေရှင်းရာတွင် ဝန်ထမ်းများကိုကူညီပေးနိုင်ရန်ဖြစ်ပါသည်။ ဤပရိုဂရမ်၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းတစ်ဦးစီတိုင်းသည် စိတ်ဖိစီးစေသော အချက်အလက်များဖြစ်သည့် အာရုံစူးစိုက်မှုပြဿနာများ၊ စိုးရိမ်ပူပန်မှုများ၊ အိပ်မပျော်ခြင်းများ၊ စိတ်အပြောင်းအလဲမြန်ခြင်းများ၊ စိတ်တိုလွယ်ခြင်းများ စသည့် အခြားပြင်ပအချက်အလက် ပြဿနာများရှိနေသော်လည်း လုပ်ငန်းခွင်တွင် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ရန် စိတ်ပိုင်းဆိုင်ရာကျန်းမာ၊ ကြံ့ခိုင်မှုရှိစေရန်ဖြစ်ပါသည်။
စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ အထွေထွေ ဗဟုသုတများသည် အကန့်သတ်များရှိပြီး စိတ်ကျန်းမာရေးနှင့် ပတ်သက်သော stigmas များလည်းများစွာ ရှိနေသေးသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ အရေးပါပုံကို ဝန်ထမ်းများအားလုံးသိရှိစေရန် အသိပညာပေးခြင်းများပြုလုပ်ပေးခြင်းသည် အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိ ဝန်ထမ်း၊ အလုပ်သအမားများသည် ယေဘုယျအားဖြင့် ၎င်းတို့အတွက် စိတ်ခံစားမှုဆိုင်ရာနှင့် ပတ်သက်၍ တစ်ဦးချင်းအကူညီတောင်းရန် တွန့်ဆုတ်သော်လည်း အဖွဲ့စည်းလိုက် စိတ်ခံစားချက်များကို ဖွင့်ဟ ဆွေးနွေးပြောဆိုရာတွင် ပွင့်လင်းစွာပြောကြလေ့ရှိပါသည်။
ထို့ကြောင့်မြန်မာကုမ္ပဏီ များအတွက် ၎င်းတို့၏ဝန်ထမ်းများနှင့် လိုအပ်ချက်များကို အဓိကထားလုပ်ဆောင်သည့် ဤ (EAP) ဝန်ထမ်းအကူညီပေးရေး ပရိုဂရမ်ကိုစတင်ခဲ့ခြင်းဖြစ်ပါသည်။ ဤပရိုဂရမ်သည် webinar, group workshop စသည့် အဖွဲ့လိုက်ဆွေးနွေးမှုများ အပြင် တစ်ဦးချင်းဆွေးနွေးမှုများပါဝင်ပါပြီး အလွန်သက်သာသော ဈေးနှုန်းများဖြင့် (ဝန်ထမ်းတစ်ဦးလျှင် 4 ဒေါ်လာမှစပြီး package (3) မျိုးဖြင့်) ဝန်ဆောင်မှုပေးထားပါသည်။
သင့်ရဲ့ဝန်ထမ်းတွေ စိတ်ဓာတ်ကြံ့ခိုင်စေဖို့ ကျွန်တော်တို့ဘက်မှ ဘာတွေကူညီပေးနိုင်မလဲ ဆိုတာသိရှိနိုင်ဖို့အတွက် ဆက်သွယ်စုံစမ်းလိုက်ပါနော်။
သင်္ကြန်ရက်မှာ တရားစခန်းမသွားပဲ သင်တန်းတက်ချင်သူများအတွက်
အစဉ်လာအရ သင်္ကြန်ပိတ်ရက်မှာဆိုရင် အားလပ်ရက်ခရီးသွားတာမျိုး၊ တရားစခန်းသွားပြီး သမာဓိကျင့်စဉ် ကျင့်တာမျိုးတွေနဲ အချိန်ကိုအသုံးချလေ့ရှိပါတယ်။ အဲဒီနှစ်ခုစလုံးဟာဆိုရင် စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းကောင်းလေးတွေလဲဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် Counselling Corner ကနေပြီးတော့ သင်္ကြန်ပိတ်ရက် အတွက် အောက်ကခေါင်းစဉ် (၂) မျိုးနဲ့ (၂) ရက်တာသင်တန်းပေးသွားမှာဖြစ်ပါတယ်။
- စိတ်ဖိစီးမှုဆိုတာဘာလဲ၊ ဘာကြောင့်သင့်အတွက် မကောင်းတာလဲ နှင့် နောက်တစ်ဖန်စိတ်အားထက်သန် မှုကို ဘယ်လိုရယူမလဲ နှင့် စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ။
- မိမိ နှင့် မိမိပတ်ဝန်းကျင်ရှိသူများ၏ စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်းခြင်း နှင့် well-being ကို တိုးတက်စေမည့်သင်တန်း
ဒီဆွေးနွေးပွဲသင်တန်းဟာဆိုရင် သင့်ရဲ့စိတ်ရောကိုယ်ပါကျန်းမာစေဖို့တင်မကပဲ အခြားသူများကိုပါ ကူညီပေးနိုင်ရန် ဖြစ်ပါတယ်။
သင်တန်းအသေးစိတ် –
နေ့ရက် – ၁၃၊ ၁၄ ရက်၊ ဧပြီလ၊ ၂၀၂၂ (ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့)
အချိန် – (၄) နာရီ မှ (၆) နာရီထိ
နေရာ – Online Zoom
သင်တန်းကြေး – တစ်ဦးလျှင် (40,000) ကျပ်
လူဦးရေကန့်သတ်ထားသောကြောင့် ဤ link မှာ sign up here အမြန်စာရင်းပေးသွင်းလိုက်ပါနော်။
စိတ်ကျန်းမာစွာနေနိုင်ရန် ပြုလုပ်သင့်သည့် အချက် (၁၀) ချက်
ကာကွယ်ခြင်းနှင့် စိတ်ကျန်းမာရေးကောင်းအောင် နေထိုင်စေရန်သည် Counselling Corner တွင် ကျွန်ုပ်တို့ အဓိကလုပ်ဆောင်နေသည့် အလုပ်အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏စိတ်ကုထုံးပညာရှင် Psychotherapists, counsellor များ နှင့်အတူ ကျွန်ုပ်တို့ အသင်းတစ်သင်းလုံးသည် စိတ်ပိုင်းဆိုင်ရာကျန်းမာ၊ ကြံ့ခိုင်စွာနေနိုင်ဖို့ လက်တွေ့ကျသောနည်းလမ်း၊ အကြံဉာဏ်များ ရရှိရန် အချိန်များစွာ သုံးခဲ့ကြပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံရှိမည်သည့်နေရာတွင် မဆို အခမဲ့လွယ်ကူစွာ ကျင့်သုံးနိုင်သော၊ လက်တွေ့ကျသော မိမိကိုယ်ကို ပြုစု စောင့်ရှောက်ရေးအကြံပြုချက် နည်းလမ်း (၁၀) ချက်ကို ရရှိခဲ့ပါသည်။
ကျွန်ုပ်တို့သည် ၎င်းအချက် (၁၀) ချက်အတွက် ဗွီနိုင်း၊ ဒီဇိုင်းဖန်တီးလျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ စက်ရုံများ နှင့် ကုမ္ပဏီများအတွက်ဖြစ်ပြီး ၎င်းတို့အလုပ်နယ်ပယ်တွင် ထိုအချက်များကို ချိတ်ဆွဲထားခြင်းဖြင့် ဝန်ထမ်းများ နှင့် ၎င်းတို့၏မိသားစုဝင်များအတွက် အကြံပြုချက်နည်းလမ်းများကို သိရှိ၊ လိုက်နာ အသုံးပြုခြင်း ဖြင့် ကိုယ်၊ စိတ်ကျန်းမာစွာနေထိုင်နိုင်ရန် ဖြစ်ပါသည်။
အကယ်၍ သင့်ကုမ္ပဏီ၊ အဖွဲ့အစည်းအတွက် လိုအပ်သည် (သို့) စိတ်ဝင်စားပါက ကြိုတင် မှာယူနိုင်ပြီး သင့်ကုမ္ပဏီ logo ဖြင့်ထည့်သွင်းလိုပါကလည်း ကြိုတင်ဆက်သွယ်နိုင်ပါသည်။
Trauma 5 days’ workshop
သင့် အကြမ်းဖက်မှုတွေ ကြုံခဲ့ဖူးလား၊ ပြန်ပြန်သတိရသလိုဖြစ်နေလား? အိပ်စက်မရတဲ့ ပြဿနာတွေ ဖြစ်နေလား? ရုတ်တရက်အရမ်းဝမ်းနည်းသလိုမျိုး၊ အကူညီမဲ့နေသလိုမျိုး၊ ဒေါသထွက်လွယ်သလိုမျိုးစတဲ့ ခံစားချက်လိုမျိုးတွေ ဖြစ်နေလား? ဒီလိုသာဖြစ်နေပြီဆိုရင်တော့ ဒီစိတ်ဒဏ်ရာပိုင်းဆိုင်ရာ ဆွေးနွေးမှုဟာဆိုရင် သင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။
Counselling Corner သည် အကြမ်းဖက်မှု၊ စိတ်ဖိစီးမှု အခြေအနေများ၊ ထိတ်လန့်၊ တုန်လှုပ်ခြောက်ခြား ဖွယ်ရာအဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရရှိ ခဲ့ဖူးသူများအတွက် အဖွဲ့ငယ်လေးဖွဲ့ပြီး Trauma Group Workshop လုပ်ပေးသွားမှာဖြစ်ပါတယ်။ စိတ်ဒဏ်ရာဆိုသည်မှာ တစ်စုံတစ်ခုကို သင်ကိုယ်တိုင်မျက်မြင်၊ ကြုံတွေ့ခဲ့ဖူးတဲ့အရာလဲ ဖြစ်နိုင်တယ် (သို့မဟုတ်) အခြားသူဆီမှ ကြားဖူး၊ ဓာတ်ပုံတွေကနေတစ်ဆင့် မြင်ဖူးတဲ့ အရာတွေကနေလဲဖြစ်နိုင်ပါတယ်။
ဒီ workshop ဟာဆိုရင် reflection နှင့် essay များပြုလုပ်ရမှာဖြစ်ပြီး ၎င်းမှာတစ်ဆင့် အတိတ်မှာကြုံတွေ့ခဲ့ရ ဖူးတဲ့အတွေ့အကြုံများကို ပြန်လည်သွားရောက်ရှာဖွေနိုင်ဖို့ လူဦးရေအနည်းငယ် (၁၀ ယောက်) ဖြင့်သာ ပြုလုပ် သွားမှာဖြစ်ပါတယ်။ ထို့နောက်မှ counsellor က သင့်အား သင့်ခံစားနေရသည်များကို မျှဝေစေခြင်း၊ သင့်ခံစားချက်များကို သင့်ခေါင်းထဲတွင်နေရာပေးစေခြင်းဖြင့် စိတ်ဒဏ်ရာများကို ထုတ်ဖော်ပြောဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်ကူညီပေးသွားမှာဖြစ်ပါတယ်။ ခုလိုခံစားချက်များကို မျှဝေခြင်းဖြင့် workshop ရဲ့ ထိရောက်မှုကများပြားသလို ခံစားချက်တူသူအချင်းချင်း အဖွဲ့တွင် ပါဝင်ခြင်းကလဲ အလွန်ကောင်းမွန်သော ကုစားနည်းတစ်ခု ဖြစ်ပါတယ်။ အသင်းအဖွဲ့နှင့် ပြုလုပ်ခြင်းသည် မိမိ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေး နှင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်ရန် အလွန်အထောက်အကူဖြစ်ပါသည်။
Workshop အသေးစိတ်
နေ့စွဲ – ၂၅ မှ ၂၇ ရက်၊ ဧပြီလ၊ ၂၀၂၂
အချိန် – ညနေ ၄ နာရီ မှ ၇ နာရီထိ (တစ်ရက်လျှင် ၃ နာရီ)
လူဦးရေ – အနည်းဆုံး (၂) ဦးမှ အများဆုံး (၁၀) ဦး
ဘာသာ – မြန်မာဘာသာ
သင်တန်းကြေး – ၁၅၀,၀၀၀ ကျပ် (တစ်ဦးလျှင်)
နေရာ – အွန်လိုင်း (Online Zoom ဖြင့်)
ကျွန်ုပ်တို့သည် INGO’s၊ ဒေသန္တရ ဆေးခန်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့် အခြား လူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စိတ်ဒဏ်ရာရရှိ ကြုံတွေ့ခံစားနေရသူများ၊ ထိုဖြစ်ရပ်များကြောင့် ကျန်းမာရေးရေးဆိုင်ရာပြဿနာများ နှင့် ကြုံတွေ့နေရသူများကို ရှာဖွေဖော်ထုတ်ပြီး အပြုသဘောဆောင်ကူညီ ပေးနိုင်ဖို့ဖြစ်ပါတယ်။
Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမို လွယ်ကူ စေချင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်း အတွင်း စိတ်ကျန်းမာရေး အကြောင်းကိုပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဖို့၊ ပိုမိုတိုးတက်လာစေဖို့အတွက် သင်တို့ရဲ့ ကူအညီများလိုအပ်ပါတယ်ဗျာ။
For enquiries please contact us:
Email : info@counsellingcornermyanmar.com
Phone: 09 785 074 173, 09 784 509 916