LIVE topics, beating bullies, does and don’ts in Myanmar EAP (employee assistance programs)

သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့်  အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္ဂလာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့  အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။        

Our Facebook Live sessions are FREE and getting a lot of feedback

Counselling Corner ကနေ အပတ်စဉ် အင်္ဂါနေ့ ညနေ (၇) နာရီမှာ Counsellor တစ်ဦးစီက အလှည့်ကျ မြန်မာဘာသာစကားဖြင့်  Facebook Live session ထုတ်လွှင့်လျက်ရှိပါတယ်ဗျာ။ Live session ကို စိတ်ပိုင်းဆိုင်ရာ ဗဟုသုတရ စေမယ့်ခေါင်းစဉ်အမျိုးမျိုးနဲ့ ထုတ်လွှင့်လျက်ရှိတာဖြစ်လို့ တစ်ပတ်နဲ့တစ်ပတ် အပြောင်းအလဲဖြစ်မှာဖြစ်ပြီး ကိုယ်သိချင်တဲ့ မေးခွန်းများရှိရင် Live မှာ တစ်ခါတည်းမေးလို့ရပါတယ်ဗျ။ အရင်တစ်ပတ်အင်္ဂါနေ့မှာတော့ “Toxic shame” ဆိုတဲ့ ခေါင်းစဉ်နဲ့ Live မှာဆွေးနွေးပြောပြခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ မကြည့်လိုက်ရသေးဘူး၊ ဒါမှမဟုတ် ထပ်မံကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link : Facebook လေးမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်နော်။ ဖေဖော်ဝါရီလ အပတ်စဉ် အင်္ဂါနေ့ အတွက် Facebook Live ခေါင်းစဉ်လေးတွေကတော့ – 

 

01 February: Understanding PTSD & CPTSD for Self and Loved Ones,  counsellor Marlo – ဖြစ်ပြီး၊ မကြည့်လိုက်ရဘူးဆိုရင်တော့ ဒီ Link မှာကြည့်လိုက်ပါနော်  look here  

08 February: Trauma Memories and Flashbacks,  counsellor Yu Mar Thinn

15 February: Emotional Trauma, counsellor Nora

22 February: The Shadow of Childhood Trauma, counsellor Julia Moenge San

အပတ်စဉ် ဗုဒ္ဓဟူးနေ့ နဲ့ စနေနေ့ ညနေ (၆) နာရီတိုင်းမှာ Counselling Corner ကနေပြီးတော့ FREE emotional workshops လေးကိုလုပ်ပေးလျက်ရှိပါတယ်ဗျာဒီအကြောင်းအရာနဲ့ပတ်သက်လို့ အမြဲတမ်း ကျွန်တော်တို့ Facebook page မှာတင်ပေးသွားမှာဖြစ်လို့ သင်စိတ်ဝင်စားလို့ တက်ချင်တယ်ဆိုရင်တော့  Page ကို follow လုပ်ထားဖို့တောင်းဆိုပါရစေ –  our Facebook page.

“Beating your childhood bullies”

သင့်ရဲ့ငယ်ဘဝက စိတ်ဒဏ်ရာတွေဟာ လက်ရှိဘဝမှာ နက်နဲတဲ့သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ယခုမြန်မာ နိုင်ငံရဲ့ လက်ရှိအဖြစ်အပျက်များက ယခင်ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေကိုပြန်လည်လှုံ့ဆော်ပေးသလိုဖြစ်စေ ပါတယ်။ သင့်ငယ်ဘဝအမှတ်တရ၊ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးဝမ်းနည်းတာ၊ ဒေါသဖြစ်တာ၊ ကြောက်ရွံ့ တာမျိုးတွေကြုံဖူးပါသလား?  ဒါမှမဟုတ်ငယ်ဘဝက အနိုင်ကျင့်ခံခဲ့ရပြီး အဲဒီအဖြစ်အပျက်တွေက သင့်ကို လွှမ်းမိုးထားတုန်းပဲလို့ ခံစားနေရသလား?    

မစိုးရိမ်ပါနဲ့ Counselling Corner ကနေ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ကုစားဖို့ (၅) ရက်တာ ဆွေးနွေး သင်တန်းပေးသွားမှာ ဖြစ်တဲ့အကြောင်းသတင်းကောင်းလေးပေးချင်ပါတယ်။ သင်တန်းမှာဆိုရင် သင်ငယ်စဉ်ဘဝ စိတ်ဒဏ်ရာအကြောင်းကို နားလည်ဖို့ နဲ့ ဘယ်လိုကုစားရမလဲဆိုတာသိရှိဖို့ ဆွေးနွေးပို့ချ ပေးမှာဖြစ်ပါတယ်။  ဆွေးနွေးမှုကို ပိုမိုထိရောက်စေဖို့နဲ့၊ ပိုကောင်းမွန်တဲ့ရလဒ်တွေရရှိစေဖို့ရန် ဝေဖန်မှုတွေ မပါပဲ လုံခြုံစိတ်ချစွာဆွေးနွေးလို့ရနိုင်မယ့် Online Zoom ကနေ လူဦးရေအနည်းငယ်နဲ့သာ ဆွေးနွေးပေး သွားမှာဖြစ် ပါတယ်။  ဒီဆွေးနွေးမှုဟာ ဆိုရင်  အပြန်အလှန်အကျိုးပြုနိုင်ပြီး သင့်ရဲ့ငယ်ဘဝကို ပြန်လည်သွားရောက် လည်ပတ်ကာ သင့်ရဲ့အကြောက်တရား၊ နာကျင်ခံစားရတာတွေ (သို့) စိတ်ဒဏ်ရာတွေကို ရှာဖွေပြီး သင့်ကိုယ်သင် ပြုစုစောင့်ရှောက်နိုင်မယ့်နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ဖို့နဲ့ သင့်ရဲ့ ဖြစ်တည်မှုအစစ်အမှန်ကို ‌ရှာဖွေဖော်ထုတ်ဖို့ဖြစ်ပါတယ်။       

Childhood Trauma Healing အတွက်ဆွေးနွေးမှု (Workshop) အသေးစိတ်ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်ဗျာ။ 

နေ့စွဲ၊ အချိန်: (၂၈) ဖေဖော်ဝါရီ မှ (၄) မတ်လထိ၊ ညနေ (၅) နာရီ မှ (၇) နာရီ အထိ (အွန်လိုင်း Zoom) ကနေ မြန်မာဘာသာဖြင့်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။  

 ငယ်ဘဝ စိတ်ဒဏ်ရာတွေက ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်တယ်၊ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတယ် လို့ခံစားနေရတဲ့သူတွေ တက်သင့်ပါတယ်။ 

သင်တန်းအတွက် လိုအပ်တာကတော့ Laptop တစ်လုံး၊ Microphone နှင့် လွတ်လပ်စွာဆွေးနွေးမှု ပြုနိုင်မယ့် ဆိတ်ငြိမ်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်နော်။ 

သင်တန်းကြေးကတော့ (၅) ရက်စာ၊ တစ်ယောက်ကို 100,000 ကျပ်သာကျသင့်မှာဖြစ်ပါတယ်ဗျ။ 

 

သင့်ကိုယ်သင် ဒီသင်တန်းကို တက်သင့်သလား? မတက်သင့်ဘူးလား ဝေခွဲမရဖြစ်နေသလား? 

မစိုးရိမ်ပါနဲ့။ သင် စာရင်းပေးသွင်းပြီးတာနဲ့ သင့်ကိုသီးသန့် ဦးစွာ ဆွေးနွေးပေးမယ့် (intake session) ကို သင်တန်းမစခင် ဖေဖော်ဝါရီ လ (၂၅) ရက်နေ့၊ နေ့လည် (၂) နာရီမှာ ပြုလုပ်ပေးသွားမှာဖြစ်လို့ သင်ဒီ သင်တန်း ဆွေးနွေးမှုကို တက်သင့် မတက်သင့် သင့်ကိုယ်သင် သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

 

Interested?

သင်စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီ link မှာ စာရင်းပေးသွင်းနိုင်ပါပြီဗျာ။  https://forms.gle/1Rw3u7v427gUP3zD6   

သင်စာရင်းပေးသွင်းပြီးတာနဲ့ သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ် တွေကို ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်မှမဟုတ်၊ သင်နဲ့နီးစပ်တဲ့ အခြားသူတွေ၊ မိတ်ဆွေအပေါင်းသင်း၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ လိုအပ်ရင်လဲ မျှဝေပေးဖို့ပြောချင်ပါတယ်ဗျာ။ 

ဒီဝန်ဆောင်မှုဟာ ဆိုရင်ဖြင့် မြန်မာနိုင်ငံမှာ ထူးခြားတဲ့ကုသခြင်း ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အုပ်စုဖွဲ့ဆွေးနွေး မှုလုပ်ငန်းစဉ်ရဲ့အကျိုးကျေးဇူးတွေကလဲ အင်မတန်ထိရောက်တာဖြစ်လို့ အနာဂါတ်မှာ ဒီလိုဆွေးနွေးကုသမှု လုပ်ငန်းစဉ်တွေ ထပ်မံပြုလုပ်ဖို့ ကျွန်တော်တို့ စီစဉ်လျက်ရှိပါတယ်ဗျာ။ ပိုမိုသိရှိလိုပါက (သို့) မေးခွန်းများမေးလိုပါက ဆက်သွယ်လိုက်ပါနော်။ 

 

Thank you for sponsoring a scholarship!

လွန်ခဲ့တဲ့နောက်ဆုံး သတင်းစာမှာ ဆိုရင် မြန်မာနိုင်ငံရှိကျောင်းသားများထဲမှ Counsellor ဖြစ်လိုသောသူ များအတွက် အခမဲ့ ပညာသင်ဆုများပံ့ပိုးပေးနိုင်ရန် ကျွန်တော်တို့ အကူညီတောင်းခံခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့ သို့တောင်းခံခဲ့ရာတွင် ပြည်တွင်း၊ အထူးသဖြင့် ပြည်ပမှ ရရှိသော တုန့်ပြန်မှုများကြောင့် အလွန်ဝမ်းသာဖြစ် မိပါသည်။ သင့်ရဲ့  ပံ့ပိုးကူညီမှုဟာဆိုရင် လူတွေအတွက် အခြေခံ သင်တန်းအပြင်၊ အလယ်အလတ် နှင့် အဆင့်မြင့်  Counselling Skills ကိုတက်ရောက်ရန် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး မြန်မာနိင်ငံတွင် ဖွံ့ဖြိုး ဆဲဖြစ်သော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် အကြံဉာဏ်ပေးခြင်းအပိုင်းတွင် စတင်ပါဝင်ရန်အထောက်အကူ ဖြစ်စေပါသည်။     

Doh Eain and Counselling Corner cooperation on MHPSS

Doh Eain မှာရှိတဲ့ Community Leader တွေကို Health Counsellor ဖြစ်လာဖို့အတွက် Counselling Corner ကနေပြီးတော့ သင်တန်းတွေပို့ချပြီး လေ့ကျင့်သင်ကြားပေးရခြင်းကြောင့် အထူးဂုဏ်ယူ  မိပါတယ်ဗျာ။  Doh Eain သည်၎င်းတို့၏ ကွန်ယက်ထဲသို့ ဝင်ရောက်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် လိုအပ်ချက်များ (MHPSS) ကိုလေ့လာမှု၏ ခေါင်းစဉ်တစ်ခု အဖြစ်ပြုလုပ်ခဲ့သည်။ အဓိက တွေ့ရှိချက်တစ်ခုမှာ စိတ်ဓာတ်ကျခြင်းအဆင့်ဖြစ်သည်။ 

ဖြေဆိုသူများမှာလဲ စိတ်ဓာတ်ကျ ရောဂါနှင့် စိုးရိမ်ပူပန်မှုနှုန်း သိသိသာသာမြင့်မားသော လက္ခဏာများကို ပြသကြသည်။ ၁ မှ ၅ အထိတိုင်းတာရာတွင် နမူနာ၏ ထက်ဝက်ကျော်သည် စိတ်ဓာတ်ကျခြင်း၏ အလယ်အလတ် လက္ခဏာများကို ပြသသည်။ ထိုကဲသို့ ပြသရာတွင်တတိယတစ်ဦးသည် စိုးရိမ်ပူပန်မှု လက္ခဏာများကို ပြသခဲ့ပြီး တစ်ယောက်သောသူသည် ပြင်းထန်သော လက္ခဏာများကို ပြသခဲ့သည်။ 

Webinar အတွင်းမှာဆိုရင် Doh Eain ကနေပြီးတော့ MHPSS ကနေထပ်မံတွေ့ရှိတဲ့ အစီရင်ခံစာတစ်ခုအကြောင်းထပ်ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုမှာဆိုရင် အထူးသဖြင့် ရပ်ရွာအဆင့်တွင် အသိပညာပေးမှုနှင့် ပူးပေါင်းပါဝင်မှုများသည် မြန်မာနိုင်ငံတွင် အရေးကြီးပြီး ၎င်းတို့ကို ရိုးရှင်းသော သင်တန်းများနှင့် ထောက်ပံ့ကြေးအသေးစားများ မှ တစ်ဆင့်ပို့ချနိုင်ပါသည်။ 

 

 အသေးစိတ်ပိုမိုသိရှိချင်တယ်ဆိုရင်တော့ ဒီ Link လေးကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။ 

Mental and Psychosocial Health in Yangon Region Report: Needs, Challenges and Opportunities | Heritage Homes (doheain.com)

Counselling Corner ရှေ့ဆက် Doh Eain နှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ 

Employee Assistance program: what works in Myanmar (and what doesn’t)

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်းစုံတွင် ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ဝန်ဆောင်မှု‌ပေးသည့် Company နှင့် စာချုပ်ချုပ်ဆိုလေ့ရှိသည်။  ကမ္ဘာတစ်ဝှမ်းရှိ EAP ဝန်ဆောင်မှု ကို ထောက်ပံ့ပေးလျက်ရှိသော ကုမ္ပဏီကြီး 3ခုမှ Counselling Corner ကို ယုံကြည်စွာရွေးချယ်ထားပါသည်။ ၎င်းသည်မြန်မာနိုင်ငံတွင် သင့်ဝန်ထမ်းအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊  ဝန်ဆောင်မှု‌ပေးသည့်အခါ လုပ်သင့်သည်နှင့် မလုပ်သင့်သည်ကို လေ့လာပြီး ဝန်ဆောင်မှုပေးလျက်ရှိသည်။ လုပ်သင့် သည်နှင့် မလုပ်သင့်သည်များမှာ –    

EAP program အတွက် မြန်မာနိုင်ငံတွင် ဘယ်အရာတွေကို လုပ်သလဲ-  

  • သင့်ရဲ့ ဝန်ထမ်းတွေကို ရှင်းပြပါ အဆင်မပြေဘူးလိုခံစားရတာလဲကောင်းပါတယ်ဆိုတာကို 
  • အဖွဲ့အလိုက်ပြုလုပ်မှု (တကယ်လိုစိတ်ခံစားမှု အကြောင်းကို တစ်ဦးကပြောရင် ကျန်လူတွေက အားပေးကြတယ်)
  • ပွင့်လင်းသောယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်မှု (Boss ကလဲ အားနည်းချက်ကို ပြသနိုင်ပါတယ်)
  • စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိစေရန် လေ့ကျင့်ရေးအစီစဉ်များနှင့် ဆွေးနွေးပွဲများ
  • Facebook, Viber, အခြားသော Media တစ်ခုခုကို အသုံးပြုပြီး သတင်းအချက်အလက်များ မျှဝေရန်  
  • Emotional workshop လူတွေကို ၎င်းတို့ရဲ့ ခံစားချက်ကို မျှဝေစေပြီး နားထောင်ပေးရန်  

EAP program အတွက် မြန်မာနိုင်ငံတွင် ဘယ်အရာတွေကို ပြလုပ်ခြင်းမရှိသလဲ –  

  • တစ်ဦးတစ်ယောက်ချင်းစီ အတွက် Counselling ဝန်ဆောင်မှု ပြုလုပ်ခြင်းမရှိပါဘူး
  • ရက်ချိန်းယူရန်အတွက် ပြည်ပဖုန်းနံပါတ်များ
  • English ဘာသာစကားဖြင့် ပေးသော ဝန်ဆောင်မှု 
  • Bureaucracy, ဖောင်ဖြည့်ရန် အရှည်ကြီးနှင့် စောင့်ဆိုင်းစာရင်း
  • ဝန်ထမ်းများကို နှိမ့်ချတဲ့နည်းနဲ့ ဝန်ဆောင်မှု ပေးခြင်း 
  • သင်၏ ရုံးချုပ်သည် EAP ဝန်ဆောင်မှုအတွက် ပေးချေပြီးဖြစ်ကြောင်း သင့်ဝန်ထမ်းများနှင့် ဆက်သွယ်ရန်မေ့လျော့နေခြင်း  

မြန်မာနိုင်ငံရှိ ကုမ္ပဏီများအတွက် EAP program ကို မြန်မာနိုင်ငံရဲ့ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ပေါ်မူတည်ပြီး စတင်ခဲ့ခြင်းဖြစ်သည်။ ဤအစီအစဉ်သည် အဖွဲ့အစည်းအတွက်ရော တစ်ဦးချင်း ဝန်ဆောင်မှုအတွက် ပါအကျုံးဝင်တာဖြစ်ပြီး အလွန်သင့်တော်တဲ့ ဈေးနှုန်းများဖြင့် ကမ်းလှမ်းထားပါသည် (တစ်ယောက်လျှင် 4$ သာကျသင့်မည်ဖြစ်သည်)။ Counselling Corner မှ ဝန်ဆောင်မှုများဟာ ဆိုရင် မေတ္တာ၊ ဂရုဏာနှင့် စေတနာဆိုပြီး  (၃) မျိုးရှိပါတယ်ခင်ဗျာ။ 

Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမို လွယ်ကူ စေချင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်း အတွင်း စိတ်ကျန်းမာရေး အကြောင်းကိုပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဖို့၊ ပိုမိုတိုးတက်လာစေဖို့အတွက် သင်တို့ရဲ့ ကူအညီများလိုအပ်ပါတယ်ဗျာ။ 

Email: info@counsellingcornermyanmar.com

Phone: 09 664 017 251, 09 784 509 916

 

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading