
Junior Counsellor
Ngwe Hnin Thet @ Nora
မငွေနှင်းသက် @ Ms. Nora ကတော့ ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနကနေ B.A(Hons) Psychology ဘွဲ့ကို ရရှိထားသူဖြစ်ပြီး counselling နဲ့ပတ်သက်တဲ့ Basic Counselling Skills နှင့် Advanced Counselling Skills သင်တန်းများကိုCounselling Corner Myanmar မှာ ရလဒ်ကောင်းများနှင့် တက်ရောက်အောင်မြင်ထားသူတစ်ဦးဖြစ်ပါသည်။
သူမသည် တစ်ဦးချင်းဆွေးနွေးမှုမှာ သာမက အဖွဲ့လိုက်ဆွေးနွေးမှုတွေကိုပါ ပြုလုပ်ပေးနေပြီး ဆက်ဆံရေးပြဿနာများနှင့် မိသားစုပြဿနာများဆိုင်ရာနယ်ပယ်တွင် အထူးပြု လုပ်ဆောင်နေပါသည်။ သူမ၏ အကြီးမားဆုံး ပျော်ရွှင်မှုသည် လူအများအား ၄င်းတို့၏ အတွင်းစိတ် ငြိမ်းချမ်းမှုကို ရှာဖွေပေးရန်နှင့် နောက်ဆုံးတွင် ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံများက သူတို့နှင့်အတူသက်တောင့်သက်သာ ကြီးထွားလာစေရန် ကူညီပေးခြင်းမှ ဖြစ်ပေါ် လာခြင်းဖြစ်ပါသည်။
လူအများအတွက် အပြုသဘောဆောင်သော အပြောင်းအလဲကို ဖန်တီးခြင်းသည် မည်သူအတွက်မဆို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကျန်းမာရန် မည်မျှအရေးကြီးကြောင်း သူမနားလည်လာတာနှင့် အမျှ သူမကိုယ် သူမ အတိုင်ပင်ခံတစ်ဦးဖြစ်လာစေရန် တွန်းအားပေးမှုကို ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် သူမသည် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရှင်းလင်းပြောပြပြီး အများသူငှာ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အထွေထွေ အကြံဉာဏ်များပေးရာတွင်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။
ပထမဆုံးအကြိမ် Counseling Corner ၏ In-take အင်တာဗျူးတစ်ခုတွင် ဝန်ဆောင်မှုခံယူသူအသစ် နှင့် တွေ့ဆုံသောအခါ သူမသည် မည်သည့်ကုထုံးနည်းလမ်းသည် အသင့်တော်ဆုံးဖြစ်သည်ကို ပြောပြပြီး ဝန်ဆောင်မှုခံယူသူအား ကိုယ်တိုင်ဆုံးဖြတ်မှုကို ပေးစေပါသည်။ ဤအခြင်းအရာကို ကြည့်ြခင်းအားြဖင့် သူမ လေ့ကျင့်သင်ကြားထားသည့် မတူညီသော ကုထုံးနည်းလမ်းများတွင် လူကိုဗဟိုပြုသောချဉ်းကပ်မှု၊ သတိပဋ္ဌာန်နှင့် လက်ခံမှုအပြင် ကတိကဝတ်မှု ကုထုံးများပါဝင်နေပါသည်။
သူမ၏အားလပ်ချိန်များတွင် သူမသည် စိတ်ဒဏ်ရာ (Truma) နှင့် ကလေးစိတ်ပညာဆိုင်ရာ အကြံပေးခြင်းဆိုင်ရာ စာအုပ်များဖတ်ခြင်းကို နှစ်သက်ပြီး သူမ၏ သူငယ်ချင်းများနှင့် အချိန်ဖြုန်းခြင်းကိုလဲ နှစ်သက်သဘောကျသူ တစ်ဦးဖြစ်ပါသည်။