Intermediate Counselling Skills Training

၂၀၂၁ အောက်တိုဘာလက စပြီးတော့ ကျွန်တော်တို့ Intermediate Counselling Skills Training ကိုစတင်ပြီးတော့ ပထမအသုတ်အနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ သင်ယူသူတွေ လက်တွေ့ကျကျပိုမိုလုပ်ဆောင်နိုင်စေရန် သင်ယူပို့ချတဲ့နည်းလမ်းတွေကိုထပ်မံတိုးပေးထားတဲ့အပြင် ပါဝင်သူ အားလုံး ယခင်ကထက်ပိုမိုပြီးလေ့လာသိရှိစေနိုင်ဖို့ဖြစ်ပါတယ်။ သင်တန်းကာလအတွင်းမှာဆိုရင် ပါဝင်သူ တွေဟာ ၎င်းတို့၏ အရည်အချင်းများကိုအကောင်းဆုံးအသုံးချပြီး ပိုမိုလက်တွေ့လုပ်ဆောင်ဖို့ အချိန်တွေပို ရလာမှာဖြစ်ပါတယ်၊ ဥပမာအနေနဲ့ – လိုသင်တန်း၊ Workshop တွေကို ဦးဆောင်နိုင်မလဲပေါ့။ Intermediate သင်တန်းကိုတက်ရောက်ချင်သူများ အနေနှင့် အရင်ဆုံး ကျွန်တော်တို့ Counselling coner မှာ ဖွင့်လှစ်တဲ့ Basic counselling skills သင်တန်း ရဲ့ certificate ရပြီးသူများ ြဖစ်ရပါမည်။


ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံရှိ စိတ်ပိုင်းဆိုင်ကျန်းမာရေးအခြေအနေတွေ ပိုမိုတိုးတက် စေဖို့အဓိကထားတာဖြစ်တဲ့အတွက် နှစ်သိမ့်၊ ဆွေးနွေးမှုပေးတဲ့ ကျွမ်းကျင်ပညာရှင်တွေ (Counsellors) များများပေါ်ထွက်လာဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံတွင် စိတ်ရောဂါကုထုံးနှင့် အကြံဉာဏ်ပေးခြင်းများတွင် အခြားပညာရေးဆိုင်ရာ အလားအလာများမရှိသဖြင့် နိုင်ငံတစ်ဝှမ်းရှိ စိတ်ပါဝင်စားသူများကို ပံ့ပိုးကူညီရန်နှင့် အရည်အသွေးအမြင့်မားဆုံး လေ့ကျင့်သင်ကြားမှုများကို ကြိုးစားလုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ရဲ့ သင်တန်းများကို အခြေခံ၊ အလယ်လတ် နဲ့ အဆင့်မြင့်သင်တန်း (Basic, Intermediate and then Advanced Counselling Training) ဆိုပြီးအပိုင်း (၃) ပိုင်းခြားပြုလုပ်သင်ကြားပေးနေပါသည်။ လင်ခ့် လေးကို နှိပ်ြပီး Advanced Counselling skills သင်တန်းအကြောင်းကို လေ့လာနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက admin@counsellingcornermyanmar.com နှင့် 09784509916 ကိုဆက်သွယ်နိုင်ပါတယ်။

Leave a Reply