Counselling Corner Newsletter (Myanmar) – မေလ ၂၀၂၂

သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့်  အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့  အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။   

 

Mental Fitness Workshop For Teachers 

ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ အမြဲလိုလိုတာဝန်ယူပေးနေတဲ့သူတွေအထဲမှာ ဆရာဆရာမတွေလည်း ပါဝင်ပါတယ်။ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေအပြင် တစ်ခြားသော တာဝန်တွေကိုပါ ထမ်းဆောင်ရတဲ့ ဆရာဆရာမ တစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာသန်စွမ်းအောင် ဂရုစိုက်နိုင်ဖို့ အချိန်အလုံအလောက်ရှိမယ်ထင်ပါသလား.. တကယ်တော့မရှိပါဘူး။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ သောက တွေကို တွေးနေဖို့တောင် အချိန်မရှိသလောက်ပါပဲ။ ၇၇% သော ဆရာဆရာမတွေရဲ့ စိတ်ပူပန်မှု၊ သောက နဲ့ ဝမ်းနည်းမှုတွေက ကျောင်းသူ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ရိုက်ခတ်ခဲ့ပြီး ၈၅% ကတော့ စာသင်ကြားရေးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။

(source: https://www.openaccessgovernment.org/teacher-mental-health-matters/60935/)

Counselling Corner အနေနဲ့ ပညာရေးဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းစေရန် စာသင်ကျောင်းများ အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးလျက်ရှိပါတယ်။ တစ်ဦးချင်းအတွက်သာမက ကျောင်းတစ်ကျောင်းချင်းစီ အလိုက် သီးသန့်စီစဉ်ပေးလျက်ရှိပြီး အများဆုံး သတ်မှတ်လူဦးရေမှာ (၂၀) ယောက်ဖြစ်ပြီး ဈေးနှုန်းမှာ ဆရာဆရာမတစ်ဦးလျှင် ၂၂,၅၀၀ ကျပ်ကျသင့်ပါမည်။

Basic Counselling Skills Training and Intermediate Counselling Skills Training 

Basic Counselling Skill Training Batch 22 ကို တက်ရောက်သင့်တဲ့ အကြောင်းအရင်းများ

Counselling ပညာရပ်ကို မှာ သင်ယူလေ့လာခဲ့ပြီး လက်တွေ့ပြန်လည်အသုံးချဖြစ်နေတဲ့ Counselling Corner မှ counsellor နှစ်ဦးရဲ့ အင်တာဗျူး အဖြေလေး တွေကို ကောက်နုတ်တင်ပြချင်ပါတယ်။ Basic Training ကို လက်တွေ့ဖြတ်သန်းခဲ့ရတဲ့သူတွေဖြစ်တဲ့အပြင် ဒီ training ရဲ့ အကျိုးကျေးဇူးတွေကိုပါ ခံစားသိရှိနေသူတွေဖြစ်လို့ Counselling ပညာရပ်ကို စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ဒီအဖြေတွေက အထောက်အကူပြုမယ်လို့ ယုံကြည်ပါ တယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုယ့်ရဲ့ စိတ်ကူး၊ အိပ်မက်နဲ့ အတွေးတွေက ကိုက်ညီနေမယ်ဆိုရင် Counselling ပညာရပ်ကို လေ့လာသင့်ပါတယ်။

  • တစ်ပါးသူရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရတာကို နှစ်သက်တယ်
  • လွတ်လပ်ပြီး အာမခံချက်ရှိတဲ့ အလုပ်အကိုင်မျိုးကို လိုချင်တယ်
  • လူတွေနဲ့ တွေ့ဆုံရတာ၊ အားပေးနှစ်သိမ့်ရတာကို ကြိုက်နှစ်သက်တယ်
  • နှလုံးသားနဲ့ နားထောင်ပေးတတ်တယ်

တက်ရောက်လိုပါက https://forms.gle/XBgi3h5XzodVhFfaA တွင်စာရင်းပေးသွင်းနိုင်ပါပြီ။

 

The Intermediate Counselling Skill Training Batch 5 ကို ဘယ်သူတွေတက်သင့်သလဲ

ဒီအတန်းလေးကိုတော့ Basic Counselling Skill Training Certificate ရရှိထားသူတွေသာ တက်ရောက်လို့ ရမှာပါ။ Counselling ပညာရပ်ကို ထဲထဲဝင်ဝင်နားလည်ခွင့်ရရှိမှာဖြစ်ပြီး လက်တွေ့ လေ့ကျင့်ခန်းအချို့လည်း ပါဝင်မှာပါ။ Intermediate Counselling Skill Training က Counseller တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ နီးစပ်လာတဲ့ ခြေလှမ်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

တက်ရောက်လိုပါက https://forms.gle/zESYvAwqvxW1zgwUA တွင်စာရင်းပေးသွင်းနိုင်ပါပြီ။

Clay Workshop for Parents

အခုလိုအချိန်မှာ မိဘတစ်ယောက်အနေနဲ့ အနည်းနဲ့ အများတော့ စိတ်ပူပန်မှုတွေ၊ တွေးစရာတွေ ရှိကြမှာပါ။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် တွေးရင်း အရာရာတိုင်းကို စိုးရိမ်စိတ်လွန်ကဲလာမယ်၊ pilot parents လိုမျိုးအမူအရာတွေဖြစ်လာတယ်၊ အကျိုးဆက်အနေနဲ့ အိပ်မပျော်တာတွေ၊ အချိန်နဲ့အမျှ မကောင်းတာတွေကိုပဲတွေးနေမိမယ်။ ဒီလိုတွေကြုံလာပြီဆိုရင် တော့ Counselling Corner မှကြီးမှူးကျင်းပတဲ့ Clay Workshop ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

မိမိရဲ့ self-esteem ကို မြှင့်တင့်နိုင်မဲ့ ဒီClay Workshop ကို ဇွန်လ (၁၂) ရက်နေ့ မနက် (၉) နာရီမှ နေ့လည် (၁၁) နာရီအထိ Counselling Corner တွင်ကျင်းပမှာ ဖြစ်ပါတယ်။ ရွံ့စေးကို အသုံးပြုပြီး counselling service ကိုပါ တစ်ပါတည်းရရှိမှာမို့လို့ ဒီ link ကနေတစ်ဆင့် စာရင်းပေးသွင်းလို့ရပါပြီ။
https://forms.gle/9mdS4PziqyTZfuN77

မေလ (၁၇) ရက်နေ့ကို ကျွန်မတို့ ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ

မေလ (၁၇) ရက်နေ့သည် အပြည်ပြည်ဆိုင်ရလိင်စိတ်ဝိသေသလက္ခဏာကွဲပြားသူများအပေါ်မုန်းတီးမှုဆန့်ကျင်ရေးနေ့ (IDAHOBIT) ဖြစ်ပါသည်။ Cousnelling Corner အနေဖြင့် ခွဲခြားဆက်ဆံခြင်းအလျဉ်းမရှိပဲ လူတစ်ဦး၊တစ်ယောက် ချင်းစီ၏ ခံယူချက်တိုင်းကို လေးစား တန်ဖိုးထား၍ ပံ့ပိုးလျက်ရှိပါသည်။ #IDAHOT2022Myanmar

Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမို လွယ်ကူ စေချင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်း အတွင်း စိတ်ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဖို့၊ ပိုမိုတိုးတက်လာစေဖို့အတွက် သင်တို့ရဲ့ ကူအညီများလိုအပ်ပါတယ်ဗျာ။

 

For enquirers please contact us:

Email : info@counsellingcornermyanmar.com

Phone: 09 785 074 173, 09 784 509 916

 

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading