Counselling Corner Newsletter (Myanmar) – ဩဂုတ်လ ၂၀၂၂

သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့်  အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့  အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။   

Self assessment –  PHQ9 survey

Counselling Corner အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ မြို့နယ် အသီးသီးတွင် ဤ self assessment စစ်တမ်းကိုအသုံးပြု၍ ယခုကာလတွင် တွေ့ကြုံရလေ့ရှိသည့်
စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အစားစားချိန်မမှန်ခြင်း နှင့် PTSD ကဲ့သို့သော လက္ခဏာများကို ကြိုတင်သိရှိနိုင်ရန် စစ်တမ်းကောက်ယူရန်အစီအစဉ်ရှိပါသည်။

Patient Health Questionnaire 9 (PHQ-9) စစ်တမ်းကို ၁၉၉၀ ခုနှစ်အလယ်ကာလတွင် Columbia University မှ စိတ်ပညာရှင်များမှ စတည် အသုံးပြုခဲ့ပြီး ယခုအချိန်အခါတွင် မြန်မာဘာသာဖြင့် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဤစစ်တမ်းဖြေဆိုမှုသည် အခမဲ့ဖြစ်ပြီး ဖြေဆိုသူအနေဖြင့် မိမိ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုကိုလည်း (စစ်တမ်း၏ အောက်ခြေတွင် မိမိရရှိထားသည့် ရလာဒ်များကို ပေါင်းခြင်းဖြင့်) သိရှိနိုင်မှာဖြစ်ပါတယ်။  Link- https://forms.gle/6d27mbRZN3c9ebaa9

စစ်တမ်းတွင်ဖြေဆိုထားသည့် အချက်အလက်များကို လုံခြုံတင်းကျပ်စွာ သိမ်းဆည်းထားမည်ဖြစ်ပါသောကြောင့် မိမိ၏ ပတ်ဝန်းကျင်တွင် စိတ်ပိုင်းဆိုင်ရာအကူအညီတစ်စုံတစ်ရာလိုအပ်သူရှိပါက ဖုန်းနံပါတ် ၀၉-၇၈၄၅၀၉၉၁၆ သို့ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

 

စိတ်ပင်ပမ်းနွယ်နယ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုဂရုစိုက်ပေးမလဲ။

လက်ရှိကာလမှာ ကုန်ဈေးနှုန်းတွေတစ်ဟုန်ထိုးတက်လာခြင်းနှင့် နိုင်ငံရေးအကျပ်အတည်းကာလကို ရောက်ရှိနေခြင်းက ကျွန်မတို့အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို အနည်းနဲ့အများတော့ ရိုက်ခက်မှုရှိပါတယ်။ အထူးသဖြင့် ပျော်ရွှင်တက်ကြွမှုတွေ အရင်လိုမရှိတော့တဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေရခြင်းက ကျွန်မတို့ရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်ပေါ်လည်း သက်ရောက်မှုရှိပါတယ်။

ဒီအတောအတွင်းမှာ ကျွန်မတို့ဆီကို ကုမ္ပဏီတော်တော်များများဖုန်းဆက်ပြီး ရင်ဖွင့်မေးမြန်းကြတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ဖုန်းဆက်မေးမြန်းသူအများစုကတော့ HR တွေပါ။ ‘အလုပ်မှာ ဝန်ထမ်းတွေက တစ်အား စိတ်ပင်ပန်းနေကြတယ်… အလုပ်ထွက်တော့မယ်…. ဒီမှာမနေချင်တော့ဘူး’ လို့ ခဏခဏပြောလာကြတယ်။ ပုံမှန်မဟုတ်ပဲ အလုံးအရင်းလိုက်အလုပ်ကထွက်တာမျိုးတွေလည်း ရှိလာပြီး တက်ကြွမှုတွေလည်းပျောက်ဆုံးနေကြတယ်လို့ဆိုပါတယ်။
ဒါကြောင့်မို့လို့ Counselling Corner မှ Jr.counsellor Nora မှ သြဂုတ်လ (၁၄) ရက်နေ့မှာ “The Role HR plays in Employee Well-being” ဆိုတဲ့ အကြောင်းအရာကို HR မန်နေဂျာများအတွက် ရည်ရွယ်တင်ဆက်ပေးခဲ့ပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ –

(၁) လုပ်ငန်းတွင်း တစ်ဦးချင်းစွမ်းဆောင်ရည်တိုးတက်ခြင်း
(၂) ခွင့်ရက်ကြာရှည်/မကြာခဏယူခြင်းကို လျော့ကျစေခြင်း
(၃) လုပ်ငန်းတွင်းဆက်ဆံရေးပိုမိုကောင်းမွန်ခြင်း တို့ပဲဖြစ်ပါတယ်။

လူတစ်ယောက် (ဒါမှမဟုတ်) ဝန်ထမ်းတစ်ယောက် ချက်ချင်းစိတ်တက်ကြွလာပြီး လန်းဆန်းသွားဖို့ ချက်ချင်းပြုပြင်လို့မရပါဘူး ဒါပေမဲ့ မန်နေဂျာတွေအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဖြေးဖြေးမှန်မှန်လုပ်ဆောင်သွားနိုင်မယ်ဆိုရင်တော့ အံ့မခန်းအကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ။ Counselling Corner မှာတော့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းဖို့ ပရိုဂရမ်အမျိုးမျိုးရှိတာကြောင့် မန်နေဂျာများအနေနဲ့ မိမိတို့၏ လုပ်ငန်းရည်မှန်းချက်များကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

 

လူမှုဝန်းကျင်ကိုလည်း အကျိုးပြုနိုင်မဲ့ သင်တန်းမျိုးတက်ချင်တယ် ဒါပေမဲ့ အချိန်တော့အများကြီးမရှိဘူး ဆိုတဲ့သူတွေအတွက် 5 Days Psycho-social Support Training

Counselling Corner မှာ ပုံမှန်လစဉ်ဖွင့်နေကျဖြစ်တဲ့ counselling skills training သင်တန်းတွေအပြင် နောက်ထပ်လေ့လာလို့ရတဲ့ ဘာသာရပ်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Psycho-social Support Training ပါပဲ။ (၅) ရက်တာ ကာလမှာ အောက်မှာဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်လို့ တက်ရောက်လိုပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါရစေ။

၁။ စိတ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းစေရန် မိမိကိုယ်တိုင် နည်းမှန်လမ်းမှန်ဖြင့် လေ့လာ စောင့်ရှောက် နိုင်ခြင်း။
၂။ လောကဓံအတက်အကျအား ခံနိုင်မည့် သက်လုံအားကို တည်ဆောက်နိုင်ခြင်း။
၃။ စိတ်ဖိစီးမှုဖြစ်နိုင်သည့် အခြေအနေများကိုသိရှိပြီး အကောင်းဆုံးကိုင်တွယ်ဖြေရှင်းလာနိုင်ခြင်း။
၄။ Psychological first aid ကိုလေ့လာနိုင်ပြီး ပတ်ဝန်းကျင်အား အကျိုးပြုနိုင်ခြင်း။
၅။ မိမိ၏ စိတ်ခံစားချက်ကို နည်းမှန်လမ်းမှန်ဖြင့် ပြောဆိုထုတ်ပြတတ်လာခြင်း။

 

တစ်နာရီကြာတဲ့ live session ကနေ ရနိုင်မဲ့ တစ်သက်တာအကျိုး။

သြဂုတ်လအတွက် ကျွန်မတို့ရဲ့ counsellors တွေ ရွေးချယ်ဖြစ်တဲ့ ခေါင်းစီးကတော့ Fear – အကြောက်တရားပါ။ အပါတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာ Free Live session ကို ပြုလုပ်ပေးနေတာဖြစ်ပြီး သြဂုတ်လ (၁၇) ရက်နေ့မှာတော့ Counsellor Su မှ Fear & Anxiety ဆိုတဲ့ အကြောင်းအရာလေးကို ဝေမျှသွားခဲ့ပါတယ်။ အကြောက်တရားနဲ့စိုးရိမ်ပူပန်မှုတွေရဲ့ အခြေခံအချက်တွေ၊ ကွာခြားချက်တွေကို တစ်ချက်ချင်းရှင်းပြခဲ့တာဖြစ်ပြီး စိတ်နှလုံးထဲက ခံစားချက်တွေကို ခေါင်းစီးမတပ်နိုင်တဲ့အခါ လွယ်လွယ်ကူကူသိရှိနိုင်ဖို့ emotional vocabulary အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ အပြည့်အစုံကို နားထောင်လိုပါက အောက်ပါလင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် https://www.youtube.com/c/CounsellingCorner

 

Basic Counselling Skills Training ကို ဘယ်သူတွေတက်သင့်သလဲ။

လစဉ်ဖွင့်လှစ်လျက်ရှိတဲ့ Basic Counselling Skills Training ကိုတက်ရောက်လေ့လာခြင်းဖြင့် ရရှိနိုင်မဲ့ Counsellor တစ်ဦးတွင် အဓိက လိုအပ်သည့် အချက်(၇) ကို သင်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

အောက်တိုဘာလ (၁၀) ရက် နေ့မှာ ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပြီး ဒီ training လေးကို တက်ရောက် ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ Attending
၂။ Use of Silence
၃။ Reflecting and paraphrasing
၄။ Clarifying and the use of questions
၅။ Focusing
၆။ Building rapport
၇။ Summarizing

ဒါ့အပြင် သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ကိုယ်နဲ့ကြားက ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန်နားလည်မှုလည်း တိုးတက်လာမှာပါ။ သင်တန်းတက်ရောက်ရန်စာရင်းပေးသွင်းရန်- https://forms.gle/n2fGjru8erCSoRPq9

 

Individual counselling sessions help!

မိမိတစ်ဦးတည်းဖြစ်စေ၊ မိမိ၏ အိမ်ထောင်ဖက်နှင့်ဖြစ်စေ မိသားစုလိုက်ဖြစ်စေ ရင်ဖွင်ဆွေးနွေးလိုသည့်အခါတွင် individual counselling session ကိုရယူခြင်းဖြင့် အထောက်အကူများစွာပြုနိုင်ပါတယ်။ မိမိပြောဆိုဆွေေးနွေးသည့်အကြောင်းအရာအားလုံးကို လုံခြုံတင်းကျပ်စွာသိမ်းဆည်းထားပြီး မိမိအနေဖြင့် counsellor နှင့် အပြန်အလှန် စကားပြောဆိုခြင်းမှသည် ကိုယ်တိုင်သိရှိနားလည်သွားစေရန် ရည်ရွယ်သည့် ကုထုံးတစ်မျိုးဖြစ်ပါသည်။ မိမိ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ခြင်းအားကောင်းမှုပေါ်မူတည်၍ အကြိမ်ရေ (၃) (၄) ကြိမ်မှသည် (၁၀) ကြိမ်တိတိ အထိ ကြာမြင့်တတ်ပြီး တစ်ကြိမ်လျှင် မိနစ်(၅၀) ခန့် ကြာမြင့်ပါသည်။ ပထမဦးဆုံးအကြိမ်ဆိုတာကတော့ လူတိုင်းအတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါကို မဖြေရှင်းနိုင်ဘူးဆိုတာ မရှိပါဘူး။ Counselling Corner မှ သင်နဲ့အတူရှိနေပါတယ်။

Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမို လွယ်ကူ စေချင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်း အတွင်း စိတ်ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဖို့၊ ပိုမိုတိုးတက်လာစေဖို့အတွက် သင်တို့ရဲ့ ကူအညီများလိုအပ်ပါတယ်ဗျာ။

For enquirers please contact us:

Email : info@counsellingcornermyanmar.com

Phone: 09 785 074 173, 09 784 509 916

Leave a Reply