သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့် အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့ အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။
Well being ဖြစ်ဖို့ ဂရုစိုက်ရမယ့် trigger တွေ



ဒီနေ့မှာတော့ Well being ဖြစ်အောင်နေဖို့ အထောက်အကူပြုတဲ့ activities တွေ၊ Balance ဖြစ်ဖို့ ဂရုစိုက်ရမယ့် trigger တွေ ရဲ့ အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
Well being ဖြစ်အောင် ဖြည့်ပေးနိုင်မယ့် activities တွေထဲ ပုံပြင်ပြောခြင်း (Story-telling) နဲ့ မိမိကိုယ်ကို ဂရုစိုက်ခြင်း (self-care) အကြောင်းကို အဓိကထားပြောပြသွားပါမယ် ခင်ဗျာ။
ပုံပြင်ပြောခြင်းဆိုတာ အိပ်ရာဝင်ပုံပြင်မျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းတစ်ခု ပြောသလိုပဲဖြစ်ဖြစ် ဇာတ်ကြောင်းကို တခြားလူတစ်ယောက်ကို ပြန်ပြောပြတာမျိုး ဖြစ်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် ပုံပြင်ထဲက ဇာတ်ကောင်ရဲ့ခံစားချက်တွေကို ပိုမြင်လာမယ်။ ပိုဆက်စပ်မိလာမယ်။ ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ခံစားချက်တွေကို reflect ပိုလုပ်နိုင်ပြီး ကိုယ့်ရဲ့အပြုအမူတွေ အတွေးအခေါ်တွေရဲ့ မူလဇာစ်မြစ်ကို သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။ Anxiety, Depression တွေကို လျော့ကျစေပြီး empathy, decision-making, social skill တွေကို မြင့်စေပါတယ်။
နောက်တစ်ခုကတော့ လူတိုင်းကြားဖူးကြတဲ့ Self-care ပဲဖြစ်ပါတယ်။ ကိုယ်ရဲ့စိတ်ရော ခန္ဓာအတွက်ပါ ကျန်းမာစေမယ့် ခွန်အားဖြစ်စေမယ့် အပြုအမူ အနေအထိုင် အကျင့်စရိုက်တွေ ကျင့်သုံးတာကို Self-care လို့ခေါ်လို့ရပါတယ်။ ရိုးရှင်းတဲ့ Self-care activity လေးတစ်ခုက ကိုယ့်ရဲ့စိတ်ထဲမှာ လေးလံနေတာတွေကို သက်သာသွားစေနိုင်သလို… အမြဲတမ်းကျင့်သုံးနေတဲ့Self-careအလေ့အကျင့်လေးကြောင့် စိတ်ခွန်အားတွေ မြင့်လာပြီး တော်ရုံစိတ်ခံစားချက်တွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စေပါတယ်။ Self-care လုပ်ခြင်းဖြင့်… Anger, Anxiety, Stress နဲ့ Depression တွေကို လျော့ကျစေတယ်။ စိတ်အာရုံပိုစူးစိုက်နိုင်တယ်။ စိတ်ကို ကျေနပ်ပျော်ရွှင်စေပြီး energy တွေကို မြင့်တက်စေပါတယ်။
Well being ဖြစ်ဖို့အတွက် နယ်ပယ်တစ်ခုတည်းကိုသာ ဂရုစိုက်ရမှာမဟုတ်ပါဘူး။ ခံစားချက် (Emotional), အလုပ် (Occupational), ရုပ်ပိုင်းဆိုင်ရာ (Physical), လူမှုဆက်ဆံရေး (Social), ဉာဏဆိုင်ရာ (Intellectual) နဲ့ စိတ်ဝိဉာဉ်ပိုင်း (Spiritual) စတဲ့ trigger တွေကို ဂရုစိုက်ပြီး ဟန်ချက်ညီအောင် ထိန်းနိုင်မှသာ ဘဝကို ကျေနပ်ပြီး စိတ်ကျန်းမာချမ်းသာသုခကို ခံစားရမှာဖြစ်ပါတယ်။
ကျန်းမာချမ်းသာသုခ (Well being) ဆိုတာ ကလေးလူကြီးမရွေးရှိဖိုလိုအပ်တာမို့ မိသားစု၊ လုပ်ငန်းခွင်၊ အိမ်၊ ကျောင်းတွေမှာလည်း ဒီ trigger တွေကို balance ညီအောင်နေဖို့ လိုအပ်ကြောင်းပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
မိမိကိုယ်ကို မိမိ ဘာကြောင့် ဂရုစိုက်ဖို့လိုပါသလဲ

လူမှုအဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ္တသုခပြည့်စုံစေရန် Counselling Corner မှ workshops များ၊ webinars များ နှင့် training များကို စီစဉ်လျက်ရှိပါသည်။ counselling corner ရဲ့ Facebook page မှလည်း အခမဲ့ webinar နှင့် workshops များကို တင်ဆက်ပေးလျက်ရှိပါတယ်။ ထို့အပြင် ရွှံ့စေးကို အသုံးပြုပြီး emotional fitness ရရှိအောင် တင်ဆက်ပေးနေတဲ့ clay workshopကိုလည်း နှစ်ပတ်လျှင် တစ်ကြိမ် ပြုလုပ်လျက်ရှိပါတယ်။
workshop တစ်ခုလျှင် အချိန်(၂) နာရီ စုစုပေါင်းကြာမြင့်မည်ဖြစ်ပြီး ရွှံ့စေးကို အသုံးပြုပြီး မိမိဖော်ပြလိုသည့် ခံစားချက်များကို ထုတ်ဖော်ရန် မိနစ်(၃၀) ရရှိပါမည်။
အဲ့သည်နောက်မှာတော့ ကိုယ်ရဲ့ artwork ရဲ့ အဓိပါ္ပယ်ကို counsellor နဲ့ အခြားသူတွေရှေ့မှာ မျှဝေရမှာ ပဲဖြစ်ပါတယ်။ နားထောင်ပေးတဲ့ သူတွေအနေနဲ့လည်း ဝေဖန်ချည်းမရှိပဲ တလေးတစားနားထောင် ပေးကြမှာပဲဖြစ်ပါတယ်။ Clay Workshop တက်ရောက်ခြင်းဖြင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေနဲ့ ပြီးပြည့်စုံတဲ့အချက်အလက်တွေကို ကိုဇော်မင်းဦးရဲ့ အင်တာဗျူး ဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=EZ2uyvbbIC8
Suicidal intervention

မြန်မာနိုင်ငံမှာ အခုလက်တစ်လော ခပ်စိတ်စိတ်တွေ့လာရတဲ့ သတင်းတစ်ခုကတော့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းပါ။ Frontier Magazine ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် (https://www.frontiermyanmar.net/en/suicides-surge-in-post-coup-myanmar) အဆုံးစီရင်လိုစိတ်ဆိုတာ ရုတ်ချည်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ကာလကြာရှည်စွာ စိတ်ဓါတ်ကျခြင်း၊ အကူညီမဲ့ခြင်း၊ အားကိုးရာမဲ့သလိုခံစားရခြင်း နှင့် စိုးရိမ်ပူပန်မှုမြင့်မားခြင်း စတဲ့ အကြောင်းအရာလေးတွေ စုမိရာတာကနေ ဖြစ်လာတာပါ။ ဒီလိုမျိုး အရာလေးတွေကို သတိထားမိဖို့နဲ့ ကိုယ့်အနေနဲ့ကြုံလာပြီဆိုရင် ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အင်္ဂါနေ့ ညနေ (၇) နာရီ တိုင်းတင်ဆက်ပေးနေတဲ့ Facebook Live များကို ကြည့်ရှုနားဆင်နိုင်ပါပြီ။ Suicidal thoughts များအကြောင်း ပြောပြဆွေးနွေးထားတဲ့ video အား ယခု link တွင်ကြည့်ရှုနိုင်ပါပြီ။ https://www.facebook.com/counsellingcornermyanmar/videos/1234353260676014/
Basic counselling skills training – Weekend & Weekdays Class

The next Basic Counselling Skills Training will start at 3rd week of November 2022. This 20 hours training is specialized to nurture 7 core counselling skills.
- Attending
- Use of silence
- Reflecting and paraphrasing
- Clarifying and the use of questions
- Focusing
- Building rapport
- Summarizing.
At the end of the program, a trainee will be able to create more meaningful, empathetic interactions with colleagues, friends and family. So, if you are interested in building your counselling skills or working towards a qualification to apply professionally, this is a suitable course. For those interested, please select the time slot you preferred. To register, please scan the code on visual or visit to https://forms.gle/FGEb5N4xhdmyPDVp9.