ပြီးခဲ့တဲ့ အောက်တိုဘာလ မှာတော့ International Counselling Convention 2022 ရဲ့ ဖိတ်ကြားချက်အရ Counselling Corner ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သူ ဦးအောင်မင်းသိန်းအနေနဲ့ မလေးရှားနိုင်ငံ ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် Mandalay FM နဲ့လည်း လက်တွဲပြီးတော့ ရေဒီယိုအစီအစဉ်ထုတ်လွှင့်တင်ဆက်မှုကိုလည်း ပြန်လည်လုပ်ဆောင်နေပါတယ်။ PHQ-9 method ကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ စိတ်ဓါတ်ကျဆင်းခြင်းဆိုင်ရာ အခြေအနေတွေကို လေ့လာထားတဲ့ သုတေသန စစ်တမ်းကိစ္စတွေကိုလည်း မကြာခင်ကမှ ပြီးမြောက် အောင်မြင်ခဲ့ပါတယ်။ (အကယ်၍ သင့်အနေဖြင့် မဖြေဆိုရသေးရင်တော့ အခုပဲ ဖြေဆိုလိုက်ပါ https://forms.gle/bHt8fXA5zabqtxBP8 ) Eindhoven ပြည်နယ်မှာရှိတဲ့ Dutch university က ကျောင်းသူ/သားများနှင့်လက်တွဲပြီးတော့ သုတေသန ကိစ္စရပ်များကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။
Counselling ပညာရပ်တွေကို ပိုမိုကျယ်ပြန့်စေရန်အတွက်လည်း ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့က လူအယောက် (၁၀၀) နီးပါးကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လနှင့် စက်တင်ဘာလတို့မှာ သင်တန်းပို့ချပေးတာတွေ၊ clay workshop ကျင်းပတာတွေကို အစဉ်တစ်စိုက်ပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း Clay Workshops များကို မန္တလေးမြို့မှာ ကျင်းပသွားဖို့ရှိပြီး Counselling Corner မှ တည်းဖြတ်ထုတ်ဝေတဲ့ Gratitude Journal များကိုလည်း ရန်ကုန်နှင့် မန္တလေးရှိ စာအုပ်ဆိုင်ကြီးများ တွင် ဝယ်ယူရရှိနိုင်ပါပြီ။
သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့သတင်းစာဖတ်ရင်းဖြင့် အတော်အသင့် အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့ အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။
စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကိုဘယ်လိုရပ်တန့်မလဲ


လူတိုင်းလူတိုင်းက စိုးရိမ်စိတ်နဲ့ မကင်းကြဘူးဆိုပေမဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်စိတ်က ပုံမှန် အခြေအနေလား လွန်ကဲနေပြီလားဆိုတာကိုတော့ ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။
စိုးရိမ်ပူပန်မှု လွန်ကဲခြင်း အဆင့် (၄) ဆင့်
အဆင့် (၁) စိုးရိမ်ပူပန်မှုစတင်ဖြစ်ပေါ်ခြင်း
အဆင့် (၂) လက်မခံနိုင်ပဲ စတင်ငြင်းဆိုခြင်း
အဆင့် (၃) ခဏတာ စိတ်သက်သာရာ ရသွားခြင်း
အဆင့် (၄) စိုးရိမ်ပူပန်မှု တစ်ဖန်မြင့်တက်လာခြင်း
စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ရပ်တန့်နိုင်မဲ့ နည်းလမ်းများ
-စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။
-လေ့ကျင့်ခန်းလုပ်ပေးပါ။
-မိမိကိုယ်ကို မိမိ အားပေးပါ၊ ချီးကျူးစကားဆိုပါ။
-ကိုယ့်ရဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ပြန်လည် ဆန်းစစ်ပါ (ကိုယ်စိတ်ပူနေတာ သောက ရောက်နေတာက မှန်ပေမဲ့ တကယ်ပဲ ဒီလောက်ထိ စိတ်ပူပန်ဖို့ လိုလားဆိုတာ မေးကြည့်ပါ)
-စိတ်နှင့်ကိုယ် ကပ်အောင် သတိထားပေးပါ။
အကူအညီလိုအပ်ပါက ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာကြည့်ပါ။
လူမှုဆက်ဆံရေး အဆိပ်အတောက် – Toxic Relationship တွေကို ဘယ်လိုဖယ်ရှားမလဲ

လူမှုဆက်ဆံရေးမှာ အဆိပ်အတောက်ဖြစ်တယ်ဆိုတာ အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ အဆင့်အတန်းမရွေး ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုပါပဲ။ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် အဆိပ်အတောက်ဖြစ်နေတဲ့ ဆက်ဆံရေးတွေကို တွေ့ရလေ့ရှိပြီး အချိန် ကြာလာတာနဲ့ အမျှ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အင်အားချိနဲ့ စေပါတယ်။
Toxic relationship မှာတွေ့ရလေ့ရှိတဲ့ လက္ခဏာများ
-နားလည်ဖေးမမှု မရှိခြင်း
-ချုပ်ခြယ်ခြင်း
-အကြမ်းဖက်ခြင်း
-အပြန်အလှန်လေးစားမှု ပျောက်ကွယ်နေခြင်း
-ရန်လိုခြင်း
-လိမ်ညာဟန်ဆောင်ခြင်း
-စိတ်ဖိစီးမှုများခြင်း
-မိမိကိုယ်ကို ချစ်ခင်ဂရုစိုက်မှုမရှိခြင်း
-ဆတ်ဆတ်ထိမခံဖြစ်ခြင်း (ခ) ရန်ဖြစ်လွယ်ခြင်း
အချိန်ကြာလာတာနဲ့ အမျှ Toxic relationship ကြောင့် စိတ်ဖိစီးခြင်း၊ စိတ်ဓါတ် ကျဆင်းခြင်း နှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းတို့ကိုပါ ကြုံရတတ်ပါတယ်။
Toxic Relationship ကနေ ဘယ်လိုရုန်းထွက်မလဲ
-လူမှုဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် အားထုတ်ကြည့်ပါ။
-မိမိကိုယ်ကို ချစ်ခင်ပါ။
-အကူအညီလိုအပ်ပါက တောင်းခံပါ။
-မိမိကိုယ်ကို ယုံကြည်ပါ။
-ပြည့်ပြည့်၀၀အနားယူပါ။
အချိန်(၂)နာရီပေးရုံနဲ့ ရှုပ်ထွေးနေတဲ့ စိတ်ကို အကောင်းဆုံးရှင်းထုတ်နိုင်ပါပြီ



စကားလုံးတွေအများကြီးနဲ့ပြောပြနေဖို့မလိုပဲ သဘာဝရွှံ့စေးကိုအသုံးပြုပြီး ကိုယ့်ရဲ့ မွန်းကြပ်နေတဲ့ စိတ်ကို လျှော့ချလို့ရပါတယ်။ လုံခြုံပြီး စိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကိုယ်မြိုသိပ်ထားရတဲ့ လေးလံတဲ့ ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို အားလုံးနဲ့အတူမျှဝေရင်း စိတ်ဓါတ်ခွန်အားပေးခြင်းက ဒီ clay workshop ရဲ့ အနှစ်သာရပါပဲ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၄) ရက်နေ့နှင့် (၂၀) ရက်တို့မှာ Counselling Corner က Doh Eain ၊ Myanmar Institute of Theology (MIT) တို့နှင့် ပူးပေါင်းပြီး clay workshop များကို အသီးသီး ကျင်းပခဲ့ပါတယ်။
ဓါတ်ပုံမှတ်တမ်းများကြည့်ရှုရန် – Clay Workshop at MIT
ဓါတ်ပုံမှတ်တမ်းများကြည့်ရှုရန် – Clay Workshop at Doh Eain
မိသားစုတွက်ပဲဖြစ်ဖြစ်၊ အပေါင်းအသင်းမိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေအတွက်ပဲ ဖြစ်ဖြစ် Clay Workshop လေးတွေ စီစဉ်ပေးချင်တယ်ဆိုရင် အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။
Basic Counselling Skills Training ကို ဘာကြောင့်တက်သင့်သလဲ။

မိမိကိုယ်ကို ယခုထက်ပိုပြီး နားလည်သဘောပေါက်လိုပါသလား… ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေ အကြောင်းပိုမိုလေ့လာလိုပါသလား။ ပုံမှန်ဆိုရင် ကျွန်မတို့တစ်တွေက သူတစ်ပါးကို ပိုမို နားလည် နိုင်အောင်ကြိုးစားရင်း ကိုယ့်ကိုယ်တော့ ကောင်းကောင်းသဘောပေါက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒီလိုမျိုးအချိန်ကြာလာတာနဲ့အမျှ မိမိကိုယ်ကို ချစ်ခင်လေးစားခြင်းတွေ လျော့ပါးလာတာမျိုးကိုပါ ကြုံရမှာပါ။ counselling ပညာရပ်ကို အခြေခံအဆင့် သင်ယူလေ့လာထားခြင်းဖြင့် မိမိကိုယ်ကို ပိုမိုနားလည်လာမှာဖြစ်ပြီး ဝေဖန်မှုတွေမပါတဲ့ လုံခြုံတဲ့ ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက ယခုဖော်ပြပါ link တွင် စာရင်းပေးသွင်းနိုင်ပါပြီ။
https://forms.gle/6HQwB22Hpv9gFrHz5