ဇူလိုင်လ၂၀၂၃သတင်းစာစဉ်

ဇူလိုင်လရဲ့ခေါင်းစဉ်- ပူဆွေးသောကရောက်ခြင်း

ဇူလိုင်လတစ်လလုံးမှာတော့ Counselling Corner ကနေပြီး မိမိအတွက်ချစ်ရတဲ့လူပုဂ္ဂိုလ်၊ အရာဝတ္ထုတွေဆုံးရှုံးလိုက်ရတဲ့အခါမှာ  ကြုံတွေ့ခံစားရတဲ့ ပူဆွေးသောကရောက်ခြင်းအကြောင်းကို ပြောပြပေးနေတာဖြစ်ပါတယ်။

ပူဆွေးသောကရောက်တယ်ဆိုတာ ဘာလဲ၊ ပူဆွေးသောကရောက်နေချိန်မှာ ကြုံတွေ့ရတတ်တဲ့ခံစားမှုတွေ (ဥပမာ-အပြစ်ရှိတယ်လို့ခံစားရခြင်း၊ဒေါသ၊နောင်တ)အကြောင်း၊ ဆုံးရှုံးမှုကြုံထားရတဲ့အခါ ဘယ်လိုမျိုးဖြတ်ကျော်မလဲ၊ ဆုံးရှုံးမှုကြုံထားရတဲ့သူတွေကို ဘယ်လိုကူညီပေးမလဲ အစရှိတဲ့အရာတွေကို ဆွေးနွေးဝေမျှပေးနေပါတယ်။

အပတ်စဉ်တိုင်းမှာ အင်္ဂါနေ့ည(၇)နာရီဖေ့စ်ဘွတ်ခ်တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်၊ ဗုဒ္ဓဟူးနေ့ညမှာပြုလုပ်တဲ့ အခမဲ့ Workshopများနဲ့ သောကြာနေ့ထုတ်စာစဉ်တွေကနေပြီး ပူဆွေးသောကရောက်မှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဝေမျှပေးနေပါတယ်။ ဒါ့အပြင် တချို့ဆုံးရှုံးမှုတွေက ရုတ်တရတ်ဖြစ်သွားတယ်၊ တချို့မှာတော့ နှုတ်ဆက်ဖို့အချိန်ရလိုက်တယ်၊ တချို့တွေက ကြောက်မက်ဖွယ်ကောင်းအောင်ခံစားခဲ့ရတယ်။ ဒီလိုမျိုးဆုံးရှုံးရပုံခြင်းတွေ မတူညီတဲ့အခါမှာ မတူညီတဲ့ပူဆွေးသောကရောက်ခြင်းတွေအကြောင်းကိုလည်း ရှင်းပြပေးခဲ့ပါတယ်။

ပူဆွေးသောကရောက်တယ်ဆိုတဲ့အခါမှာ အများကြီးခံစားရ၊နာကျင်ရနိုင်ပါတယ်။ ပူဆွေးသောကရောက်ခြင်းနဲ့ပတ်သက်ပြီးနှစ်သိမ့်ဆွေးနွေးသူတွေဟာ နာကျင်ခံစားနေရသူတွေ ကိုယ့်ခံစားမှုတွေကို နားလည်လာအောင်၊ ဒီခံစားမှုတွေကိုဖွင့်ထုတ်တဲ့နည်းတွေကို သိရှိလာအောင်နဲ့ မိမိရဲ့ဆုံးရှုံးမှု၊ပူဆွေးသောကရောက်မှုတွေကို လက်ခံပြီး ဘဝကိုရှေ့ဆက်နိုင်ဖို့အတွက် ကူညီပေးကြတာဖြစ်ပါတယ်။

တကယ်လို့ Counsellor မ Cherish ဝေမျှပေးခဲ့တဲ့ “ဆုံးရှုံးမှုနှင့်ပူဆွေးသောကရောက်ခြင်းကို နားလည်ကြည့်ရအောင်”(Understanding Loss and Grief) ဆိုတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လိုက်ရဘူးဆိုရင်တော့ Understanding Loss and Grief (Sr Counsellor Cherish Pui) ကနေ ဝင်ရောက်နားထောင်နိုင်ပါတယ်။

အင်္ဂါနေ့ညတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်အပြင် Counselling Corner ကနေပြီး မိမိခံစားမှုတွေ၊ ပူဆွေးသောကရောက်မှုတွေကို ဖွင့်ထုတ်လို့ရအောင် ဗုဒ္ဓဟူးနေ့ညမှာ အခမဲ့ Workshop လေးတွေလည်း သင်တို့အတွက်ပြုလုပ်နေပါတယ်။ သင်တစ်ယောက်ယောက်ကိုလတ်တလောမှာ ဒါမှမဟုတ် အရင်တုန်းက ဆုံးရှုံးထားရပြီး ခံစားချက်တွေကြားပင်ပန်းနေတယ်ဆိုရင် Workshop လေးတွေမှာ ပါဝင်နိုင်ပါတယ်။ အခမဲ့ဖြစ်ပြီး သင့်အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

Inner Peace ရှာပုံတော်ခရီးစဉ် ( A Pathway to Inner Peace) – Kokkoya Organics တွင်ပြုလုပ်ခဲ့သော Workshop

လွန်ခဲ့သောအပတ်အနည်းငယ်တုန်းက Kokkoya Organics မှာ စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် ပန်းချီအနုပညာမှတစ်ဆင့်စိတ်ခံစားချက်ကိုဖွင့်ထုတ်ခြင်းနှင့် ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် ယောဂအပြင် Kokkoya သဘာဝစိုက်ခင်းရဲ့ကျန်းမာလတ်ဆတ်တဲ့အစားအစာများနှင့် ပေါင်းစပ်ပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာရေးအတွက်ပြုလုပ်တဲ့ Workshop ကိုပထမဆုံးပြုလုပ်ခဲ့ပါတယ်။

အများတောင်းဆိုချက်အရ ယောဂဆရာ(နာမည်၊လင့်ခ်)နှင့်အတူ နောက်ထပ် Workshop ကို ဇူလိုင်လ ၁၉ရက်ဗုဒ္ဓဟူးနေ့မှာ ထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။

အားလုံးအတူ တက်ကြွစွာပါဝင်လို့ရနိုင်တဲ့ ဒီအစီအစဉ်လေးမှာတော့ ယောဂ session၊ မနက်စာနဲ့ ပန်းချီအနုပညာကို အသုံးပြုပြီး ခံစားချက်ကိုဖွင့်ထုတ်တဲ့ Counselling Coner ရဲ့ Expressing with Art workshop လေးတွေနဲ့ နေ့လယ်စာအစီအစဉ်တွေ ပါဝင်ပါတယ်။ 

ဒီအစီအစဉ်လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးကနေတစ်ဆင့် စာရင်းပေးနိုင်ပြီး တစ်ယောက်ကို (၇၀၀၀၀)ကျပ်ကျသင့်မှာဖြစ်ပါတယ်။

Fill in the form to sign up: https://forms.gle/F6MBXKZ7rN6CdUvU8 

Animation ရုပ်ရှင်နှင့် လူထုဝန်ဆောင်မှုလုပ်ငန်းများအား ကြေညာခြင်း

လွန်ခဲ့သောလအနည်းငယ်ခန့်က စိတ်ကျန်းမာရေးအကြောင်းအသိမြှင့်တင့်ဖို့အတွက် Counselling Cornerရဲ့ ပထမဆုံး Animation ကို “မစ္စတာမြေပဲ”ဆိုတဲ့ ဇာတ်ကောင်းလေးနဲ့ ဖန်တီးခဲ့ပါတယ်။ ဒီ Animation လေးဟာ အခုဆိုရင်တော့ IDP camp တွေ၊ ကုမ္ပဏီတွေ၊ ဆေးခန်းတွေနဲ့ ကျွန်တော်တို့မနှစ်ကဖြန့်ဝေပေးခဲ့တဲ့နေရာတွေမှာ ဆိုင်းဘုတ်လေးတွေနဲ့ ပြသနေပြီပဲံဖြစ်ပါတယ်။ ခံစားချက်တွေရှိတာဟာ ပုံမှန်ဖြစ်ကြောင်းနဲ့ ကိုယ့်စိတ်ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်နိုင်တဲ့ နည်းလမ်း(၁၀)ခုကိုသိရှိလာစေရန်ဖြစ်ပါတယ်။

ပုဂ္ဂလိက ချန်နယ် MNTV သည် မကြာသေးမီက ၎င်းတို့၏ လူကြိုက်များသော နံနက်စာ အစီအစဉ်အချိန်တွင် ယင်းAnimation ကို မကြာသေးမီက ထုတ်လွှင့်ခဲ့ရာ မြန်မာနိုင်ငံရှိ အိမ်ထောင်စု များစွာထံ ဖြန့်ဝေပေးနိုင်ခဲ့သည်။ MNTV ချန်နယ်သည် စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီးအသိမြှင့်တင်ရန် စိတ်ထက်သန်နေကာ စိတ်ဓာတ်ကျခြင်း၊ သတ်သေခြင်း၊ ဝမ်းနည်းပူဆွေးခြင်းစသဖြင့် စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် ကွဲပြားသောအကြောင်းအရာများအတွက် နောက်ထပ်ပြည်သူ့ဝန်ဆောင်မှု၁၀ခုကို စတင်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဒါ့အပြင် အထည်ချုပ်စက်ရုံအချို့သည် အလုပ်သမားများအား စိတ်ကျန်းမာရေးကို မည်ကဲ့သို့ စောင့်ရှောက်ရမည်ကို အသိပညာပေးသည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Animation ဗီဒီယိုကို ပြသရန် ဆုံးဖြတ်ခဲ့သည်။
Animation ဗီဒီယိုကို ကျွန်တော်တို့ရဲ့ YouTube Channel မှာတင်ထားပြီဖြစ်တာကြောင့် ကြည့်ရှုလို၊မျှဝေပေးလိုပါက How to stay mentally healthy – Animation videos about mental health မှတစ်ဆင့်ဝင်ရောက်နိုင်ပါတယ်။

Weekly in person clay and art workshops

Counselling Corner Myanmar နှင့် Dutch University of Applied Science တို့ပူပေါင်းပြီး မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနတစ်ခု၏တွေ့ရှိချက်အရ Emotional Well Being Workshop တွင်ပါဝင်ခဲ့သူများတွင် “စိတ်ခံစားမှုများကို သိမြင်ခြင်း” တိုးတက်လာကြောင်းသိရှိခဲ့ရပါတယ်။ “စိတ်ခံစားမှုများကို သိမြင်ခြင်း”ဆိုတာကတော့ မိမိကိုယ်တိုင်နှင့် အခြားသူများ၏ စိတ်ခံစားချက်များကို ကိုယ်ခန္ဓာနှင့် အပြုအမူဆိုင်ရာ အမူအရာများမှတစ်ဆင့် နားလည်နိုင်စွမ်းရှိခြင်းကိုဆိုလိုပါတယ်။ ဒီလိုမျိုးသိခြင်းက လူတွေကြား ဆက်သွယ်ပြောဆိုဆက်ဆံရာမှာ ထိထိရောက်ရောက်နဲ့အပြုသဘောဆောင်ပြီး ပြောဆိုဆက်ဆံနိုင်လာမှာဖြစ်ပါတယ်။

လွန်ခဲ့သည့်နှစ်များအတွင်းတွင် Counseling Corner ၏ အွန်လိုင်း Emotional Well Being Workshop ကို မြန်မာနိုင်ငံမှ ထောင်နှင့်ချီသောလူများ ပါဝင်ခဲ့ကြပါတယ်။ ယခုလည်း အလားတူ Workshopများကို ဘိုကလေးဈေးလမ်းရှိ Counselling Cornerရုံးခန်းတွင် တစ်ပတ်လျှင် တစ်ကြိမ် အွန်လိုင်းမဟုတ်ဘဲအပြင်မှာလူကိုယ်တိုင်ပါဝင်နိုင်အောင် ပြုလုပ်ပေးနေပါတယ်။ ကိုယ့်အတွေးနဲ့ စိတ်ခံစားချက်တွေကို ပြောပြနိုင်ဖို့ စကားလုံးတွေအပြင်ကို ခဲတံ၊ဘောပင် ဒါမှမဟုတ် တွံတေးက ရွှံ့စေးတွေကိုသုံးပြီး Workshop များ ပြုလုပ်ပေးနေပါတယ်။

Workshopများကို တစ်စိတ်တစ်ပိုင်း ထောက်ပံ့ထားတာကြောင့် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ သာကျသင့်ပါတယ်။ ၂ နာရီခန့်ကြာမြင့်တဲ့ Workshop လေးမှာပါဝင်ပြီး စိတ်သက်သာရာရပြီး ပေါ့ပါးသွားကြတဲ့ပါဝင်သူများစွာရှိခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်နှောင့်နှေးမနေဘဲ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ မြန်မြန်စာရင်းပေးလိုက်ကြရအောင်။

စိတ်ကျန်းမာရေးဆိုင်ရာ INGO ပရောဂျက်များကို ပြန်လည်အသုံးပြုခြင်းနှင့် ဆက်လက်လည်ပတ်ခြင်း

FHI360ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပရောဂျက်မှာပါဝင်ခဲ့တဲ့ ဆိုရှယ်မီဒီယာကမ်ပိန်း Nay Thit Khu Nah  ရဲ့ ပရောဂျက်အလွန် ရှေ့အနာဂတ်အတွက်နှင့်ပတ်သက်ပြီး Counselling Corner ကို ဆက်သွယ်လာတဲ့အပေါ် ကျွန်တော်တို့ Counselling Corner မှဝမ်းသာကြိုဆိုပါသည်။ ဆိုရှယ်မီဒီယာကမ်ပိန်းဟာ လူထုကြားက Stigma များစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး အသိပညာများမြှင့်တင်ပေးခဲ့ပါတယ်။ စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး အရမ်းကောင်းတဲ့ Contentများစွာကို မြန်မာအနုပညာရှင်များနှင့်ပူးပေါင်းပြီး တင်ဆက်ထားတာပဲဖြစ်ပါတယ်။

Counselling Corner မှနေပြီးယင်း Facebook စာမျက်နှာကို ဆက်လက်လည်ပတ်နေရန်ဆောင်ရွက်မှာ ဖြစ်ပြီး Content အသစ်များလည်းထပ်မံဖန်တီးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Counseling Corner ဖေ့စ်ဘုတ်ခ်စာမျက်နှာက Content တွေကိုလည်း မျှဝေပေးသွားမှာပါ။

ဒီကနေပြီး စိတ်ကျန်းမာရေးဆိုင်ရာ အခြားသော INGO ပရောဂျက်များနှင့်လည်း ဆွေးနွေးပြီး Counselling Cornerမှနေပြီး ပြီးဆုံးသွားတဲ့ ပရောဂျက်များကို ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ဆက်လက်လည်ပတ်ခြင်းများပြုလုပ်ရန်အတွက် အကြံဥာဏ်ရခဲ့ပါသည်။ ဒါကြောင့်သင့်မှာမကြာခင် ပြီးဆုံးတော့မယ့် စိတ်ကျန်းမာရေးဆိုင်ရာ ပရောဂျက်များဆောင်ရွက်နေပါက ကျွန်တော်တို့ကို အသိပေးပြီး မိမိတို့ရဲ့ပရောဂျက်ကို မြန်မာပြည်သူပြည်သားတွေရဲ့ အကျိုးအတွက် ကြာကြာအသုံးပြုနိုင်ရန် ဆွေးနွေးနိုင်ပါတယ်။

ဆိုင်ကလုန်း Mocha -နောက်ဆက်တွဲ စိတ်ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအရမ်းကြီးမားလွန်းခဲ့ပြီး လိုအပ်တဲ့အကူအညီတွေကို ဝိုင်းဝန်းပံ့ပိုးပေးနေကြပါတယ်။ Counseling Corner နှင့် INGO အများအပြား လက်တွဲပြီး INGO ၏ ဝန်ထမ်းများနှင့် Workshop များပြုလုပ်ရန်နှင့် တစ်ဦးချင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် ကျွန်တော်တို့ရဲ့ Counsellor များသည် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်သို့ သွားခဲ့ပါသည်။ လူတွေရဲ့ ခံနိုင်ရည်စွမ်းအားက အံ့မခန်းပါပဲ၊ ဒါပေမယ့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာ၊ ပူလောင်တဲ့ခံစားမှုနဲ့ စိုးရိမ်စိတ်တွေအပါအဝင် စိတ်ခံစားမှုအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ပါဘူး။

ဒါ့အပြင် ကျွန်တော်တို့ Counselling Corner နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းကာ စိတ်ကျန်းမာရေးစင်တာများဖွင့်လှစ်နိုင်ရန်အတွက် Community အတွင်းရှိစိတ်ဝင်စားသူများကို Lay Counsellor များအဖြစ်သင်ကြားပေးရန်လည်း ဒေသခံအဖွဲ့အစည်းများနှင့်ဆွေးနွေးလျက်ရှိပါသည်။

စိတ်ဝင်စားတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးစင်တာများဖွဲ့စည်းမည့်အကြောင်းကို ပိုမိုသိရှိဖို့ Counselling Corner Team ထံဆက်သွယ်နိုင်ပါတယ်။

နိုင်ငံတကာနှင့်မြန်မာ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်ပြည့်စုံဖို့အတွက်ထောက်ပံ့ပေးလိုပါက အချက်အလက်တွေပိုသိရှိလိုပါက

ဆက်သွယ်လို့ရပါတယ်။ – info@counsellingcornermyanmar.com

Counselling Cornerနှင့်ပတ်သတ်၍မေးခွန်းများ၊အကြံပြုချက်များ၊ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လိုရပါသည်။

ကျွန်ုပ်တို့အနေနဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။

အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက

Email-talk-to-us@counsellingcornermyanmar.com

ဖုန်းနံပါတ်-09 785 074 173, 09 784 509 916

Leave a Reply