ဇွန်လ၂၀၂၃သတင်းစာစဉ်

LGBTQ+ လူထုအသိုင်းအဝိုင်းနှင့် စိတ်ကျန်းမာရေး

၁၉၆၉ Stonewall အဓိကရုဏ်းကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းမှာ ဇွန်လကို LGBT Pride လအဖြစ်သတ်မှတ်ပြီး သမိုင်းမှာ လူထုပတ်ဝန်းကျင်အတွက်၊ ယဉ်ကျေးမှုအတွက် အထောက်အကူပြုပေးခဲ့သော LGBTQ+ အသိုင်းအဝိုင်းကို ဂုဏ်ပြုတဲ့အနေဖြင့် အထိမ်းအမှတ်ပွဲများကျင်းပပေးခဲ့ပါတယ်။ထိုအချိန်မှစ၍ ဇွန်လရောက်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ Prideလအထိမ်းအမှတ်အဖြင့် ဆင်နွှဲကြပါတယ်။

ဇွန်လအတွင်းမှာတော့ Counselling Corner Live! Facebook Talkကနေ LGBTQ+ အသိုင်းအဝိုင်းအပါအဝင် မိသားစု၊မိတ်ဆွေများ၊လုပ်ဖော်ကိုင်ဖက်များအတွက် အဓိကဦးတည်ထားပြီးပြောကြားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခက်အခဲအတားအဆီးတွေ၊စိတ်ကျန်းမာရေးအရ ထောက်ပံ့မှုတွေ၊လိင်စိတ်ခံယူမှုနှင့် ကျားမကွဲပြားမှုတွေအကြောင်းပြောကြားသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ပိုနားလည်သိရှိလာတဲ့အခါ ကိုယ့်ကိုကိုယ်ပိုသဘောပေါက်လာမယ်၊မတူကွဲပြားတဲ့ အခြားလူတွေအပေါ်ပိုပြီး နားလည်ပြီး လက်ခံနိုင်တာမျိုးတွေတိုးလာမှာဖြစ်ပါတယ်။ လူထုပတ်ဝန်းကျင်အကြား ကွဲပြားမှုတွေဟာ ဘဝရဲ့တစိတ်တစ်ဒေသဖြစ်ပြီး ဒီကွဲပြားမှုတွေကိုနားလည်ခြင်းအားဖြင့် လူအချင်းချင်းအနာဂတ်မှာပိုပြီး ဟန်ချက်ညီညီဆက်ဆံနိုင်လာမှာဖြစ်ပါတယ်။

Counselling Corner ကနေPHQ-9 ကိုအသုံးပြုပြီး မြန်မာနိုင်ငံအတွင်း စိတ်ဓာတ်ကျမှုနှင့်ပတ်သတ်ပြီး ပြုလုပ်ထားတဲ့ သုတေသနမှာလည်း “Other gender” အနေဖြင့်ပါဝင်ဖြေဆိုသူများမှာ စိတ်ဓာတ်ကျမှုနှုန်းပိုများတာကိုတွေ့ရပါတယ်။

ဇွန်လအတွင်းမှာ LGBTQ+ နှင့် စိတ်ကျန်းမာရေးဆိုတဲ့ခေါင်းစဉ်နှင့် WorkshopများWebinarများတွင်အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ YouTube စာမျက်နှာမှလည်း ဆွေးနွေးထားသည့်အကြောင်းအရာများကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Who is LGBTQ+? What is SOGIE? (Counsellor Yu Mar Thin) – YouTube

Social stigma on LGBTQIA+ (Counsellor Moh) – YouTube

ဇွန်လတစ်လလုံးမှာ ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် အမေရိကန်စင်တာတို့တွင် Pride Monthအထိမ်းအမှတ်ဖြင့် မြန်မာနိုင်ငံတွင်းရှိ LGBTQ+ အသိုင်းအဝိုင်းအတွက် စိတ်ကျန်းမာရေးကို အထူးပြုပြီးပြုလုပ်သွားမယ့် လှုပ်ရှားမှုများရှိပါတယ်။ July 1ရက်နေ့မှာ ပိတ်ပွဲအနေဖြင့်ကျင်းပဖို့ရှိပြီး Counselling Corner ကလည်းရှိနေမှာမို့ https://www.facebook.com/birmanie.if  ကို followလုပ်ပေးထားကြပါဦး။

Consultation နှင့် Counselling – “ကျွန်တော်ရူးနေတာမဟုတ်ဘူး”

လူမှုအသိုင်းအဝိုင်းမှာ “ကျွန်တော်မရူးဘူး” ဆိုတဲ့စကားကိုကြားရလေ့ရှိပါတယ်။ “ရူးတယ်” ဆိုတဲ့စကားလုံးဟာတကယ်တော့မသုံးသင့်တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းမှာသတ်မှတ်ထားတဲ့စံတွေကနေလွဲချော်တဲ့သူတွေကို “ရူးတယ်” ဆိုပြီး ဘယ်နှခါလောက်ကျွန်တော်တို့ခေါ်ဝေါ်ကြလဲဆိုတာ တွေးတောကြည့်ကြပါ။ ကျွန်တော်တို့ဆီလာတဲ့လူတွေထဲမှာ “ငါဟာပုံမှန်ပဲလား” “တစ်ခုခုများလွဲမှားနေလား” ဆိုတဲ့မေးခွန်းတွေကိုမကြာခဏကြားရပါတယ်။ ဒီ့အတွက်ကျွန်တော်တို့ဆီမှာမှန်တယ်မှားတယ်ဆိုတဲ့အဖြေမရှိပါဘူး။ ကိုယ့်လူမှုအသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တယ်၊ ကိုယ့်မိသားစုမှာ အခြားသူများကို အန္တရာယ်မပြုပဲနေနိုင်တယ်ဆို ဒါဟာအဆင်ပြေပါတယ်။

Counselling Corner ကနေမိမိအတွက်ကော မိမိ မိသားစုအတွက်ပါဒီလိုမေးခွန်းတွေအတွက် “ Consultation Session”တွေလုပ်ပေးနေပါတယ်။ မိမိရဲ့စိတ်ပိုင်းဆိုင်ရာပိုမိုသန်မာလာဖို့ ဘယ်လိုနေရမလဲ၊ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်ပြည့်ဆုံဖို့ဘယ်လို ကုထုံးတွေရှိနိုင်လဲ၊ အခြားသူတွေကို ဘယ်လိုအထောက်အပံ့ပြုနိုင်မလဲ ဆိုတာတွေသိရှိနိုင်ပါတယ်။

ဒီနေရာလေးဟာလုံခြုံပြီးမည်သည့်မေးခွန်းတွေကိုမဆို ကျွန်တော်တို့ Counsellorတွေကိုပွင့်ပွင့်လင်းလင်းမေးလို့ရပါတယ်။ ဝေဖန်မှုမရှိပဲ သေချာလေးနားထောင်ပေးမယ့် Counsellorတွေကအမြဲစောင့်ကြိုနေပါတယ်။ online ကနေသော်လည်းကောင်း Face to Face သော်လည်းကောင်း Consultation Session များယူလို့ရပါတယ်။

Consultation Session တွေကိုနေ့စဉ်ပုံမှန်အနှုန်းခနဲ့ ဝန်ဆောင်မှုယူလို့ရပြီး အကယ်လို့အဆင်မပြေပါက Sliding Scalesရှိပါတယ်။ ဇွန်လ ၂၆ရက်နေ့မှာလည်း အခမဲ့ Consultation Sessionများကို အခမဲ့ပြုလုပ်ပေးမှာဆိုတော့ ရက်ချိန်းကြိုယူထားလို့ရပါတယ်။

ဆရာမ Mon Halsey နှင့် Counselling Corner စကားဝိုင်း

ဆရာမ Mon Halsey ကိုတော့ မြန်မာစာဖတ်သူတွေနှင့် ရင်းနှီးကြမယ်ထင်ပါတယ်။ ဆရာမရဲ့စာအုပ်တွေဟာ စာဖတ်သူတွေရဲ့ လက်ခံမှုအမြောက်အများရရှိပြီး Social Media မှာလည်း Follower များစွာရှိပါတယ်။ ဆရာမက သူ့စာအုပ်တွေကိုပြင်ဆင်ရာမှာ စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပိုမိုသင်ယူနိုင်ဖို့ Counselling Corner ကနေ Advanced Counselling Training အထိပြီးမြောက်ခဲ့ပါတယ်။ Advanced Counselling Skills Training

“Mental Detox” နှင့် “Balance Wheel of Life” ဆိုတဲ့စာအုပ်တွေဟာဆရာမရဲ့ထင်ရှားတဲ့စာအုပ်တွေဖြစ်ပါတယ်။ ဆရာမနှင့်Counselling Corner တည်ထောင်သူ ကိုအောင်မင်းသိမ်း တို့ဟာသူမရဲ့ “တောင်ပေါ်အနမ်း အလွမ်းရာသီ” ဆိုတဲ့ စာအုပ်အကြောင်း၊ မြန်မာနိုင်ငံရဲ့စိတ်ကျန်းမာရေးနှင့်သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ များအကြောင်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ YouTube မှာလည်း ဆွေးနွေးခန်းလေးကိုပြန်ကြည့်လို့ရပါတယ်။

Mental Health Special Talk with Mon Halsey

Counselling Corner မှလည်းဆရာမMon Halsey ရဲ့စာအုပ်နှင့် အခြားစိတ်ကျန်းမာရေးနှင့်ပတ်သတ်တဲ့ အင်္ဂလိပ်နှင့် မြန်မာစာအုပ်များကိုဝယ်ယူရရှိနိုင်ပါတယ်. Counselling Corner Book Shop

ကုမ္ပဏီများအတွက် စိတ်ခံစားချက်ကောင်းမွန်ပြည့်စုံမှုအတွက် Workshopများ

ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေအတွက်စိတ်ပိုင်းဆိုင်ရာကောင်းမွန်ပြည့်စုံမှုအတွက်ဂရုစိုက်လာကြတာ ကျွန်တော်တို့အနေနဲ့ အလွန်ကျေနပ်ရပါတယ်။ Rice Communications နှင့်ပြုလုပ်ထားတာကို ဖတ်ရှုလို့ရပါတယ်။ စာစဥ်ဖတ်ရန်

Covid နှင့် နိုင်ငံရေးရှုပ်ထွေးမှုများဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ လူတွေအနေနဲ့ စိတ်ခံစားချက်တွေအလွန်အမင်းခံစားရနိုင်ပါတယ်။ ကျွန်တော်တို့ဦးနှောက်မှာ ခံစားချက်တွေကိုကိုင်တွယ်ရတဲ့အစိတ်အပိုင်းက အလွန်အမင်း အလုပ်လုပ်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ခုခံအား၊Endocrine၊အာရုံကြောစနစ်များကို မသင့်လျော်တဲ့ လုပ်ဆောင်ချက်တွေကြောင့် တိုက်ပြန်တုန့်ပြန်စနစ်တွေကို အလွန်လည်ပတ်စေပြီး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ခန္ဓာကိုယ်ကပြန်လည်မကုစားနိုင်ပဲ စိုးရိမ်စိတ်တွေဟာ ပိုဆိုးလာပြီး ဦးနှောက်ရဲ့ ကျိုးကြောင်းဆင်ခြင်တွေးတောနိုင်တဲ့ အပိုင်းတွေဟာ ပိတ်ခံရတာမျိုးရှိပါတယ်။

ဒီလို အလွန်အမင်းအလုပ်လုပ်နေရတဲ့ ဦးနှောက်စနစ်ကို ကိုင်တွယ်နိုင်ဖို့နည်းလမ်းကတော့ မိမိရဲ့ခံစားချက်တွေကို ထုတ်ပြောဖို့ဖြစ်ပါတယ်။ဒါ့ကြောင့် Counselling Corner ဟာစိတ်ခံစားချက်ကိုကောင်းမွန်စေဖို့အတွက် Workshopများပြုလုပ်ပေးနေတာဖြစ်ပါတယ်။

လူနှစ်ဆယ်ပါတဲ့အဖွဲ့တစ်ခုမှာ မိမိရဲ့ခံစားချက်တွေရင်ဖွင့်ကြမယ်၊အခြားသူတွေကို နားထောင်ကြမယ်၊ ဒီခံစားချက်တွေရှိနေတာ ဟာတစ်ယောက်တည်းမဟုတ်ပဲ အကူအညီလိုပါကယူနိုင်ကြောင်းသိရှိနိုင်သွားပါတယ်။ ဒီလိုWorkshopတွေကို မြန်မာဘာသာဖြင့်online ကနေသော်လည်းကောင်း Face to Face သော်လည်းကောင်း လုပ်နိုင်ပြီး နှစ်နာရီကြာချိန်ရှိပါတယ်။ မြန်မာနိုင်ငံကဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာအရ ထောက်ပံ့ပေးနိုင်ဖို့ အလွန်ကောင်းပါတယ်။

HR Managerတွေအနေနဲ့ “ကျွန်တော်တို့ မြန်မာဝန်ထမ်းအနေနဲ့ ခံစားချက်တွေပြောလေ့မရှိဘူး” “ဝန်ထမ်းတွေအချင်းချင်း သူတို့ခံစားချက်တွေပြောပြဖို့ ဖိအားမပေးချင်ဘူး” ဆိုပြီးပြောလေ့ရှိပါတယ်။ အဲ့အတွက်တော့စိတ်မပူပါနဲ့ ကျွန်တော်တို့ကလည်း အတင်းဖိအားပေးတာမျိုးမရှိပဲ နားထောင်ခြင်းသာကပဲ အလွန်အကျိုးရှိနိုင်သလို ခံစားချက်တွေကို ပြောပြရတာလဲအရမ်းပဲ သက်သာရာရစေတာကြောင့် ပါဝင်သူတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ၊အတွေးတွေကိုပြောပြလေ့ရှိပါတယ်။

နိုင်ငံတကာနှင့်မြန်မာ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်ပြည့်စုံဖို့အတွက်ထောက်ပံ့ပေးလိုပါက အချက်အလက်တွေပိုသိရှိလိုပါက

ဆက်သွယ်လို့ရပါတယ်။ – info@counsellingcornermyanmar.com

CounsellingCornerနှင့်ပတ်သတ်၍မေးခွန်းများ၊အကြံပြုချက်များ၊ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လိုရပါသည်။

ကျွန်ုပ်တို့အနေနဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။

အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက

Email-talk-to-us@counsellingcornermyanmar.com

ဖုန်းနံပါတ်-09 785 074 173, 09 784 509 916

1 thought on “Counselling Corner Newsletter (Myanmar) – ဇွန်လ၂၀၂၃”

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading