အေးမြတ်မွန်

အေးမြတ်မွန်

Bachelor of Commerce – University of Sydney
Master of Business – University of Technology, Sydney
Basic, Intermediate & Advanced Counselling Training – Counselling Corner
Trauma Competency Training – Counselling Corner
Certificate in Introduction to Buddhist Psychotherapy Program – Nway Oo Healing Space
Certificate in Therapy Brief Self-Induction (Level 1 & 2) – To Day Psychology Classes
Certificate in Therapy Brief Self-Induction (Level 3 Candidate) – To Day Psychology Classes

“မွန်” ဟာ သူမရဲ့ဘဝမှာ လမ်းပျောက်ခဲ့တဲ့ အခက်ခဲဆုံး အချိန်တွေမှာ Counselling ရဲ့ အကူအညီနဲ့ မိမိကိုယ်ကို ပြန်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဖြစ်တည်မှု၊ စံ၊ တန်ဖိုး တွေကို Counselling ကနေ ရှာတွေ့ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပြီး ဘဝမှာ ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေ ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမလိုပဲ စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်လို့ အဆင်မပြေတဲ့သူတွေ ဘဝမှာ လမ်းပျောက်နေတဲ့ သူတွေကို ကူညီပေးချင်စိတ်နဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်နေရာမှ Career ပြောင်းပြီး Counselling ပညာကို လေ့လာခဲ့တာဖြစ်ပါတယ်။

Counselling ပညာရပ်ကို လေ့လာနေစဥ် ၃ နှစ်ကျော်ကာလအတွင်း သူမသည် တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးပေးခြင်း (Individual Counselling)  အပြင် အဖွဲ့လိုက် အလုပ်ရုံဆွေးနွေးပွဲ (Emotional Well-being Workshops) များ နှင့် စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် Webinar, Training ပေါင်းများစွာကိုလည်း ကိုလဲ လုပ်ဆောင်ပေးနေသော အတွေ့အကြုံ များစွာရှိသည့် Counsellor တစ်ဦးဖြစ်ပါတယ်။  သူမရဲ့ Client တွေကို ထိထိရောက်ရောက် ကူညီပေးနိုင်ရန် နှင့် စိတ်ပိုင်းဆိုင်ရာ အသိပညာများနှင့်ပတ်သက်ပြီး အမြဲ Up to date ဖြစ်နေစေရန် စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် သင်တန်းများအား စဥ်ဆက်မပြတ် လေ့လာနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူမသည် နှစ်သိမ့်ဆွေးနွေးရာတွင် Client များ၏ ကိုယ်ပိုင်ဆုံးဖြတ်မှုကို ဦးစားပေးလုပ်ဆောင်သည့် ကုထုံး (Person Centered Approach) ကို အဓိကထား အသုံးပြုလျက်ရှိပါတယ်။   စကားပြောချင်းထက် နားထောင်ခြင်းကို ပိုအားသာသော သူမ၏ပင်ကိုယ် အကျင့်စရိုက်မှာလည်း နှစ်သိမ့်ဆွေးနွေးပေးရာတွင် အထောက်အကူ ဖြစ်ခဲ့ပါတယ်။  Client များရဲ့ စကားလုံးများကို ဂရုတစိုက်နားထောင်ပေးခြင်းဖြင့် Client များ ခံစားချက်များ ပွင့်ပွင့်လင်းလင်း မျှဝေနိုင်စေရန် အကူအညီ ဖြစ်စေခဲ့ပါတယ်။

“မွန်” ဟာ ကိုယ်ချင်းစာတရားကို အခြေခံပြီး Client တစ်ဦးချင်းစီအတွက် သူတို့ ခံစားနေရသော စိတ်ခံစားမှု အတွေ့အကြုံများကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန် ဝေဖန်မှုကင်းပြီး လုံခြုံသော နေရာတစ်ခုကို ဖန်တီးပေးနိုင်သော Counsellor တစ်ယောက်ဖြစ်ပါတယ်။  လူတစ်ဦးချင်းစီတိုင်း မိမိရဲ့ စိတ်ခံစားချက်များကို ကိုယ်တိုင်သိနားလည်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ မိမိရဲ့ တန်ဖိုးများကို ဖော်ထုတ်နိုင်ရန်နှင့် ဘဝရဲ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ကူညီပေးဖို့သည် “မွန့်” ရဲ့ ရည်မှန်းချက်ပန်းတိုင်ပင်ပဲ ဖြစ်ပါတယ်။

သူမရဲ့ အားလပ်ချိန်များတွင် စာရေးခြင်း၊ သီချင်းဆိုခြင်း၊ သီချင်းနားထောင်ခြင်း နှင့် သူငယ်ချင်းများနှင့် တွေ့ဆုံ စကားပြောခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ ဤလှုပ်ရှားမှုများသည် သူမ၏ဘ၀ကို ဟန်ချက်ညီစေရုံသာမက သူမရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း တိုးတက်စေသောကြောင့် Client များနှင့် နှစ်သိမ့်ဆွေးနွေးတဲ့အခါ ချိတ်ဆက်မှုကောင်းစေပြီး ပိုမိုထိရောက်စွာ ကူညီပေးနိုင်ပါတယ်။