ဝန်ဆောင်မှုများ

ဝန်ဆောင်မှုများ

တစ်ဦးခြင်း ကုထုံး

တစ်ဦးခြင်း ကုထုံး Individual Therapyကတော့ ဖြစ်စဉ်ပေါ်မှာ အခြေခံပါတယ်။ အဲ့ဒီဖြစ်စဉ်ပေါ်မှာ လေ့ကျင့်ပေးထားတဲ့ ပညာရှင်နဲ့ လုံခြုံသော ဂရုစိုက်သော မပေါက်ကြားသော ပတ်ဝန်းကျင်တွင်ဆွေးနွေးပြီး ခံစားချက်တွေ၊ ယုံကြည်မှူတွေ၊ အပြုအမူတွေ ကိုစူးစမ်းရှာဖွေကြမှာဖြစ်ပါတယ်။ ခက်ခဲသော၊ လွှမ်းမိုးနေသောမှတ်ဉာဏ်များနှင့်အတူ ပြောင်းလဲခြင်သောဘဝအစိတ်အပိုင်းတစ်ခုကိုကုညီရှာဖွေပေးပြီး ကိုယ့်ကိုကိုယ်ပိုနားလည်အောင် နှင့် ကိုယ်ပတ်ဝင်ရှိလူများ ကိုလဲ ပိုမိုနားလည်အောင်ပြုလုပ်ပေးပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် လိုချင်သော ပြောင်းလဲမှုအပေါ် မူတည်ပြီးမိမိနှင့်သက်ဆိုင်သော ပန်းတိုင်သပ်မှတ်ကာ အတူတကွပူးပေါင်းဆောင်ရွက် လုပ်ကိုင်မှာဖြစ်ပါသည်။

တစ်ဦးခြင်း ကုထုံး Read More »

ချစ်သူရည်းစား၊ အိမ်ထောင်ဖက် ကုထုံး

ချစ်သူရည်းစား၊ အိမ်ထောင်ဖက် ကုထုံး Couple Therapyမှာတော့ စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပြဿနာတွေကိုအဓိကအာရုံစိုက်မှာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနှင် ပြောင်းလဲသောဆက်ဆံရေးတွေမှာ တစ်ဦးချင်း၏လက္ခဏာများ ဖြစ်ကြသော (အပြုအမူ၊ခံစားချက်၊စိတ်ပဋိပက္ခများ၊အတွေးဖြစ်စဉ်)၊လူနှစ်ဦးကြားဆက်ဆံရေးမှပြောင်းလဲခြင်းများပါဝင်သည်။ အတွဲလိုက်ကုထုံးက လက်ရှိဖြစ်ပျက်နေတဲ့ လူနှစ်ယောက်ကြားမှ ဆက်ဆံရေးပြဿနာတွေကိုအာရုံစိုက်ပါသည်။

ချစ်သူရည်းစား၊ အိမ်ထောင်ဖက် ကုထုံး Read More »

မိသားစုကုထုံး

မိသားစုကုထုံး Family Therapyဆိုတာကတော့ မိသားစုတွေကြားကလေးနက်တဲ့ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးတဲ့ကုထုံးဖြစ်ပါသည်။ မိသားစုဝင်တွေကြားထဲကအပြန်အလှန်ဆက်ဆံမှု ပြောင်းလဲလာမှု ၊တိုးတက်လာမှုတို့ကိုကြည့်ပါသည်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ဖြေရှင်းမှုတွေ ၊လုပ်ဆောင်နည်းတွေ၊ ရလဒ်တွေ မှာ မိသားစုဆက်ဆံရေးကအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။

မိသားစုကုထုံး Read More »

အဖွဲ့လိုက်ကုထုံး

အဖွဲ့လိုက်ကုထုံး Group Therapy မှာတော့ ကုသမှုခံယူသူတွေကို သူတို့ပြဿနာတွေဘယ်လိုဖြေရှင်းရမလဲ၊ အခြားသူတွေဆီက ဝေဖန်မှုတွေကိုဘယ်လိုလက်ခံရမလဲကိုကူညီပေးမှာဖြစ်ပါတယ်။ အုပ်စုကုထုံးက တစ်ဦးချင်းစီကို ဆက်သွယ်ရေးကျွမ်းကျင်မှုများ၊လူမှုရေးကျွမ်းကျင်မှုများ တိုးတက်လာအောင် ပြုလုပ်ပေးပါတယ်။ တစ်ဦးချင်းစီကို အခြားသူပြောသည်များအား နားထောင်စေခြင်းအားဖြင့် ကိုယ့်ကိုကိုယ်သိမြင်လာအောင် ပြုလုပ်ပေးပါသည်။

အဖွဲ့လိုက်ကုထုံး Read More »

Basic Counselling Skills Training

တစ်စုံတစ်ယောက်  ဒုက္ခရောက်၊ အခက်အခဲဖြစ် နေချိန်မှာ ထိရောက်မှုမရှိတဲ့ အကြံဉာဏ်တွေ အစား အခြားကောင်းမွန်တဲ့ နည်းလမ်းများနှင့် ကူညီပေးချင်ပါသလား? Basic Counselling Skills Training အခြေခံ counselling သင်တန်း တက်ရောက်ပြီး လိုအပ်နေသူတွေရဲ့ ခံစားချက်ကို နားထောင်ပြီး  မှန်ကန်တဲ့နည်းလမ်းနဲ့ အကူအညီပေးနိုင်ပါတယ်။ ဒီသင်တန်းလေးမှာတော့  အခြားသူတွေရဲ့ဘဝ ပြောင်းလဲနိုင်ရန် ကူညီပေးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။   Basic Counselling Skills Training သင်တန်းရဲ့ရည်မှန်းချက် အခြေခံ counselling ပညာရပ်ရဲ့ စာတွေ့ နဲ့လက်တွေ့ကို နားလည်သဘောပေါက်လာစေရန် ။ Skills Helper Model ကိုနားလည်လာစေရန်။ Counselling ပညာရပ်ရဲ့စည်းမျဉ်း၊ စည်းကမ်းနဲ့ စာရိတ္တကို နားလည်လာစေရန်။ Counselor တစ်ဦးရဲ့

Basic Counselling Skills Training Read More »

Advanced Counselling Skill Training

Advanced Counselling Skills Training Course ကတော့ Basic Counselling Skills Training နှင့် Intermediate Counselling Skills Training ကို တတ်မြောက်ပြီး certificate ရပြီးသူတိုင်းအတွက် သီးခြားဖွင့်ပေးထား တဲ့အတန်းဖြစ်ပါသည်။ Advanced Counselling Skills Training Course သည် counselling ဘာသာရပ်ကို အထူးပြုသီးခြား တတ်မြောက်ချင်သူများအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။     ဒီသင်တန်းကနေ  counselling ကို professional အဖြစ်လုပ်ကိုင်ချင်သူတွေ၊ မိမိလက်ရှိ profession မှာ ပိုမိုအထောက်ကူရလိုသူတွေအတွက် စာတွေ့သင်ပေးရုံတင်မကဘဲ လက်တွေ့ကျကျ counselling practice များကို သင်တန်းကာလအတွင်း လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။  ဒါကြောင့် အတန်းပြီးသူတိုင်း  counsellor အဖြစ်

Advanced Counselling Skill Training Read More »

Ongoing Live Streaming | Every Tuesday at 7:00pm

Ongoing အနေနဲ့ဆိုရင်တော့ ကိုဗစ်-၁၉နဲ့စိတ်ကျန်းမာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ live အစီအစဉ်တစ်ခုကို Counselling Corner Facebook Page မှာ အပတ်စဥ် င်္အဂ်ါနေ့ ည၇နာရီအချိန်တိုင်းမှာ တင်ဆက်ပေးလာတာ ဆိုရင် March ၂၄ ရက်နေ့ (lockdown ဖြစ်ကာစအချိန်) ကနေ  အခုထိ (၄) လခန့်ရှိပါပြီ။

Ongoing Live Streaming | Every Tuesday at 7:00pm Read More »

လူသားအရင်းအမြစ်ဆိုင်ရာ Workshop

Employee နဲ့ employer တွေကြားထဲမှာ နေပေးရတဲ့ HR ဝန်ထမ်းတွေကတော့  stress အများဆုံး ပိကြရတာထုံးစံပါပဲ။ ဒါ့ကြောင့် ဒီလို စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲ၊ counselling ဘယ်လိုယူရမလဲ၊ ဒါဟာ ဘာကြောင့်အရေးပါလဲဆိုတာကို Organizationa Guidance and Counselling ဆိုတဲ့ခေါင်းစဉ်နဲ့ July လအတွင်းမှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ခု ကျင်းပပေးခဲ့ပါတယ်။

လူသားအရင်းအမြစ်ဆိုင်ရာ Workshop Read More »

အလုပ်သမားများအား ဝိုင်းဝန်းကူညီမှု အစီအစဉ်

Employee Assistance Programe (EAP) ဆိုတာ ဘာလဲ။ (EAP) ဆိုတာက အလုပ်သမားများ ရင်ဆိုင်နေရတဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများ နှင့်  မိသားစုပြဿနာများ ဖြစ်ကြတဲ့  စိတ်ကျန်းမာရေး၊ မူးယစ်ဆေးစွဲလမ်းမှု၊ အိမ်ထောင်ရေး၊ မိဘအုပ်ထိန်းမှု၊ စိတ်ခံစားချက် ပြဿနာ၊ ငွေရေးကြေးရေ ပြဿနာ များကို အလုပ်ရှင် ဘက်က ကူညီပြီး ဝိုင်းဝန်းဖြေရှင်းပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ (EAP) သည် အလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာ  ပြဿနာများကြောင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်ထိခိုက်ခြင်းမှ ကာကွယ်ပေးသည်။ (EAP) သည် confidential ဖြစ်သော ကြောင့် သတင်းအချက်အလက်ပေါက်ကြားခြင်းကို စိုးရိမ်ရန်မလိုအပ်ပေ။ 1.  စိတ်ကျန်းမာရေးကောင်းမွန်အောင် ပြုမူနေထိုင်သင့်သောနည်းလမ်းများ (Wellbeing) စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ ဆိုတာဟာ လူသားတွေ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနိုင်ဖို့ မရှိမဖြစ်လိုအပ်နေသော

အလုပ်သမားများအား ဝိုင်းဝန်းကူညီမှု အစီအစဉ် Read More »

မစ် Wailee

June လ၁၂ရက်နေ့က အမေတွေကိုအဓိကထားပြီးတော့ Understanding Your Child Behaviour in Confinement ဆိုတဲ့ခေါင်းစဉ်နဲ့ Clinical Child Psychologist Ms. Wailee Kui က speaker အနေနဲ့ဦးဆောင်ပြောပေးတဲ့ workshop တစ်ခုပြုလုပ်ခဲ့တယ်။ အဲ့ workshop မှာတော့ ကိုဗစ်ဖြစ်နေချိန်မှာ lockdown ကြောင့် ကိုယ့်ရဲ့ကလေးရဲ့အပြုအမူတွေဘယ်လိုပြောင်းလဲလာနိုင်လဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပြောသွားတယ်။ အမေတွေအတွက်ဆိုပေမဲ့ တချို့ကလည်း ကျောင်းဆရာမတွေပါတယ်။ အကြမ်းအားဖြင့်အဓိကအချက်လေးချက်ကိုပြောသွားတယ်။ ဒီအချက်တွေကတော့ ၁။ play games ၂။ listen and acknowledge ၃။ say things openly and clearly ၄။ self-care တို့ဖြစ်ကြတယ်။

မစ် Wailee Read More »