Basic Counselling Skills Training

တစ်စုံတစ်ယောက်  ဒုက္ခရောက်၊ အခက်အခဲဖြစ် နေချိန်မှာ ထိရောက်မှုမရှိတဲ့ အကြံဉာဏ်တွေ အစား အခြားကောင်းမွန်တဲ့ နည်းလမ်းများနှင့် ကူညီပေးချင်ပါသလား?

Basic Counselling Skills Training အခြေခံ counselling သင်တန်း တက်ရောက်ပြီး လိုအပ်နေသူတွေရဲ့ ခံစားချက်ကို နားထောင်ပြီး  မှန်ကန်တဲ့နည်းလမ်းနဲ့ အကူအညီပေးနိုင်ပါတယ်။ ဒီသင်တန်းလေးမှာတော့  အခြားသူတွေရဲ့ဘဝ ပြောင်းလဲနိုင်ရန် ကူညီပေးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

 

Basic Counselling Skills Training သင်တန်းရဲ့ရည်မှန်းချက်

အခြေခံ counselling ပညာရပ်ရဲ့ စာတွေ့ နဲ့လက်တွေ့ကို နားလည်သဘောပေါက်လာစေရန် ။

Skills Helper Model ကိုနားလည်လာစေရန်။

Counselling ပညာရပ်ရဲ့စည်းမျဉ်း၊ စည်းကမ်းနဲ့ စာရိတ္တကို နားလည်လာစေရန်။

Counselor တစ်ဦးရဲ့ အခန်းကဏ္ဍကို သဘောပေါက် နားလည်လာစေရန် တို့ဖြစ်ပါတယ်။ 

ဒီသင်တန်းမှာ စာတွေ့ (theory) အပြင် လက်တွေ့ (practical) ပါ သင်ကြားပေးမှာဖြစ်တဲ့အတွက် တက်ရောက်သူများသည် မိမိတတ်မြောက်သွားတဲ့  counselling ပညာရပ်များကို သင်တန်းကာလတစ်လျှောက်မှာ လက်တွေ့အသုံးချဖို့ အခွင့်အလမ်းများရမှာဖြစ်ပါတယ်။

 

Basic Counselling Skills Training သင်တန်းကိုဘယ်သူတွေတက်ရောက်သင့်သလဲ?

Counselling လုပ်တတ်ခြင်းဟာ နေ့စဉ် လူမှု့ဘဝဆက်ဆံရေး တွေမှာ အထောက်အကူပြုနိုင်တာကြောင့် လူတိုင်းရဲ့ဘဝမှာ တန်ဖိုးရှိပြီး အရေးပါအရာရောက်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒီလို ပညာရပ်တစ်ခုကို သင်ယူ တတ်မြောက်အတွက်ဆိုရင် လူမျိုးဘာသာ မရွေး စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပါတယ်။  Basic Counselling Skills Training ကို စိတ်ပညာ နဲ့ ပတ်သတ်ပြီး အခြေခံရှိသူတွေသာမက အခြေခံမရှိသူများပါ တက်ရောက်နိုင်ပါတယ်။ အရင်က  Counseliling Corner တွင် သင်တန်းတက်ရောက်ခဲ့သူများတွင်လဲ ဆရာ/ဆရာမများ၊ သူနာပြုများ၊ လူမှုဝန်ထမ်းများ၊ HR ဝန်ထမ်းများ၊ ဘာသာရေးနဲ့သက်ဆိုင်တဲ့ counsellor များ၊ ဆရာဝန်များ၊ စိတ်ပညာ ကျောင်းသူ/ကျောင်းသားများ စတဲ့ နယ်ပယ်အစုံမှ စိတ်ဝင်စားသူတွေ ပါဝင်ပါတယ်။

 

ဘယ်အချိန်မှာ သင်တန်းဖွင့်မှာလဲ?

သင်တန်းကိုတော့ တစ်လတစ်ကြိမ် ဖွင့်လှစ်သွားမှာဖြစ်ပါသည်။ 

 

သင်တန်းကာလ နဲ့ အချိန်တွေကရော? 

သင်တန်းကာလကတော့ ၁၀ရက်ကြာမြင့်မှာဖြစ်ပြီး တနလ်ာနေ့ ကနေ သောကြာနေ့အထိ (Monday to Friday) ညနေ ၅ နာရီ – ၇ နာရီ (5:00 to 7:00 PM) အထိ ဖြစ်ပါတယ်။

သင်တန်းကြေးကတော့ တစ်ဦးကို ၁၅၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက admin@counsellingcornermyanmar.com နှင့် 09784509916 ကိုဆက်သွယ်နိုင်ပါတယ်။

Leave a Reply