ပရဟိတဝန်ဆောင်မှု့များ

Counselling Corner အဖွဲ့အစည်းသည် အရပ်ဖက်၊  မိတ်ဖက်ဖွဲ့အစည်းများနှင့် လက်တွဲကာ မြန်မာနိုင်ငံအတွင်းရှိ စိတ်ကျန်းမာရေး ဝန်ဆောင်မှူလုပ်ငန်းကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။  ထိုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသော မိတ်ဆွေများအား ကျွန်တော်တို့ Counselling Corner မှလက်ကမ်းကြိုဆိုပါတယ်။ ကျွန်တော်တို့ နဲ့ အတူတူလက်တွဲလုပ်နေသော မိတ်ဖက်အဖွဲ့အစည်းများမှာ ~အောင် အရပ်ဖက်ဦးစားပေး စိတ်ကျန်းမာရေးဆေးကုခန်း။ &PROUD, The Green at Yangon Pride, Colour Rainbow, Call me Today, Myanmar Parenting Group စတဲ့ အသင်းအဖွဲ့များ ဖြစ်ပါတယ်။

Ongoing Live Streaming | Every Tuesday at 7:00pm

Ongoing အနေနဲ့ဆိုရင်တော့ ကိုဗစ်-၁၉နဲ့စိတ်ကျန်းမာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ live အစီအစဉ်တစ်ခုကို Counselling Corner Facebook Page မှာ အပတ်စဥ် င်္အဂ်ါနေ့ ည၇နာရီအချိန်တိုင်းမှာ တင်ဆက်ပေးလာတာ ဆိုရင် March ၂၄ ရက်နေ့ (lockdown ဖြစ်ကာစအချိန်) ကနေ  အခုထိ (၄) လခန့်ရှိပါပြီ။

Ongoing Live Streaming | Every Tuesday at 7:00pm Read More »

လူသားအရင်းအမြစ်ဆိုင်ရာ Workshop

Employee နဲ့ employer တွေကြားထဲမှာ နေပေးရတဲ့ HR ဝန်ထမ်းတွေကတော့  stress အများဆုံး ပိကြရတာထုံးစံပါပဲ။ ဒါ့ကြောင့် ဒီလို စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲ၊ counselling ဘယ်လိုယူရမလဲ၊ ဒါဟာ ဘာကြောင့်အရေးပါလဲဆိုတာကို Organizationa Guidance and Counselling ဆိုတဲ့ခေါင်းစဉ်နဲ့ July လအတွင်းမှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ခု ကျင်းပပေးခဲ့ပါတယ်။

လူသားအရင်းအမြစ်ဆိုင်ရာ Workshop Read More »

မစ် Wailee

June လ၁၂ရက်နေ့က အမေတွေကိုအဓိကထားပြီးတော့ Understanding Your Child Behaviour in Confinement ဆိုတဲ့ခေါင်းစဉ်နဲ့ Clinical Child Psychologist Ms. Wailee Kui က speaker အနေနဲ့ဦးဆောင်ပြောပေးတဲ့ workshop တစ်ခုပြုလုပ်ခဲ့တယ်။ အဲ့ workshop မှာတော့ ကိုဗစ်ဖြစ်နေချိန်မှာ lockdown ကြောင့် ကိုယ့်ရဲ့ကလေးရဲ့အပြုအမူတွေဘယ်လိုပြောင်းလဲလာနိုင်လဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပြောသွားတယ်။ အမေတွေအတွက်ဆိုပေမဲ့ တချို့ကလည်း ကျောင်းဆရာမတွေပါတယ်။ အကြမ်းအားဖြင့်အဓိကအချက်လေးချက်ကိုပြောသွားတယ်။ ဒီအချက်တွေကတော့ ၁။ play games ၂။ listen and acknowledge ၃။ say things openly and clearly ၄။ self-care တို့ဖြစ်ကြတယ်။

မစ် Wailee Read More »

မြန်မာ Parenting

Myanmar Parenting နဲ့ပူးပေါင်းပြီးတော့ မိခင်တွေ အတွက်သီးသန့် training တစ်ခုပြုလုပ်ခဲ့တယ်။ Coping with Anxiety, Anger, Stress ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုဗစ်ကာလမှာ စိုးရိမ်ပူပန်နေတဲ့သူတွေအတွက် group therapy အလုပ်ရုံဆွေးနွေးပွဲ ၂ခု ပြုလုပ်ပေးခဲ့တယ်။ ဒီ အလုပ်ရုံဆွေးနွေးပွဲကြောင့် စိတ်ဖိစီးနေတာတွေကို အချင်းချင်းဘယ်လိုမျှဝေမလဲ၊ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာအပြင် အခုလိုဖြစ်နေတာတွေက ကိုယ်တစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘူးဆိုတာ သိရှိ သွားကြပါတယ်။ အောက်ကလင့်မှာ၀င်ရောက်လေ့လာနိုင်ပါတယ်။

မြန်မာ Parenting Read More »

Yangon Pride , Mental health activities

Counselling Corner activities at Mahabandoo la Park. ဇန်နဝါရီလ ၂၄၊၂၅၊၂၆ ရက်နေ့များမှာ &Proud ကကျင်းပခဲ့တဲ့ Yangon Pride ပွဲကြီးမှာ Counselling Corner ကနေ စိတ်ကျန်းမာရေး နဲ့ပတ်သက်တဲ့ လှုပ်ရှားမှာတွေ အမျိုးမျိုးပြုလုပ်ခဲ့ခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ပါတယ်။  ဒီ လှုပ်ရှားမှုတွေမှာ အဓိကအားဖြင့် စိတ်ထွက်ပေါက်မရှိ ဖြစ်နေတဲ့အချိန်တွေမှာ ကိုယ့်ခံစားချက်ကို ဖော်ပြနိုင်ဖို့ ၊ စိတ်အေးချမ်းမှု ရစေဖို့အတွက် အခြေခံထားပါတယ်။ လိင်နဲ့ အသက်မရွေးဘဲ ပွဲကို လာရောက်တဲ့ လူတိုင်းကို မိမိခံစားချက်တွေကို ဖော်ပြဖို့ယုံကြည်မှုရှိလာအောင် စာရွက်တွေ၊ ကတ်ထူအကြီးကြီးတွေအပေါ်မှာ ပုံတွေဆွဲစေပြီးတော့ ခံစားနေရတာတွေ၊ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို ချရေးဖို့ တိုက်တွန်းခဲ့ပါတယ်။  လူတော်တော်များများ ပါဝင်ခဲ့ကြတဲ့အတွက်  ပွဲလုပ်ခဲ့တဲ့ ၃ရက်မှာ ပုံပေါင်း ၁၀၀၀ ကျော်လောက်

Yangon Pride , Mental health activities Read More »

Call me today (Phone line counselling training)

April လတုန်းက Call Me Today မှာ volunteer လုပ်နေသူတွေအတွက် phone line counselling training ကို ၃ရက်အခမဲ့ပေးခဲ့ပါတယ်။ နောက်ထပ် အလားတူ training ကိုပဲ စိတ်ဝင်စားလို့ တက်ရောက်တဲ့သူတွေကိုလည်း ၃ရက် အခမဲ့ ပေးခဲ့ပါတယ်။

Call me today (Phone line counselling training) Read More »

Honest Hour

မြန်မာနိုင်ငံရှိprofessional online counselling services ပေးနေတဲ့အဖွဲများထဲက Honest Hours တည်ထောင်သူများသည် Counselling Cornerမှ Basic Counselling Skills Training Course နှင့် Advanced Counseling Training Courseတတ်မြောက် ပြီးသူများဖြစ်ကြပါသည်။ Online & Phoneline Counselling Workshopကိုပါ Call me Today အဖွဲ့နှင့်အတူတတ်မြောက်ထားရှိသူများလဲဖြစ်ပါသည်။ သူတို့သည်ACA Guidelineများအောက်မှcounsellingပြုလုပ်ပေးနေသောအဖွဲ့အစည်းဖြစ်ပြီး Counselling Corner Founder Therapist ဖြစ်သူ ဆရာအောင်မင်းသိန်းထံတွင်လဲ supervision ပုံမှန်ရယူကာအလုပ်လုပ်နေသောအဖွဲလဲဖြစ်ပါသည်။

Honest Hour Read More »