ခုလိုပဋိပက္ခတွေ၊ ရှုပ်ထွေးမှုတွေများနေတဲ့ အခြေအနေမှာ အားလုံးစိတ်ရော၊ ကိုယ်ပါ ကျန်းမာ ကြံ့ခိုင်နေကြမယ်လို့ကျွန်တော်တို့ ဆန္ဒပြုပါတယ်ခင်ဗျ။ ခန္ဓာကိုယ်ရော စိတ်ပါနှစ်ခုစလုံးကျန်းမာပြီး မျှမျှတတ၊ ဟန်ချက်ညီနေမှ သင့်တစ်နေ့တာလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့၊ လူမှုဆက်ဆံရေး တွေတည်ဆောက်နိုင်ဖို့ အကူညီပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျ။ သင်အပါအဝင်၊ သင့်ကုမ္ပဏီ၊ သင့်အဖွဲ့အစည်း နှင့်သင့်ဝန်ထမ်းတို့တတွေအားလုံး ကျန်းမာတဲ့စိတ်ထားတွေ ထိန်းသိမ်းတည်ဆောက်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်အောင်တွန်းတင်ပေးနိုင်ဖို့ ကျွန်တော်တို့ Counselling Corner ကနေပြီးတော့ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ်ခင်ဗျ။ ဒီသတင်းစဉ်ကိုဖတ်ရှုပြီး ကျွန်တော်တို့တတွေ အားလုံးအတွက် စိတ်ကျန်းမာရေးတိုးတက်မှုရှိစေဖို့ ဘာတွေလုပ်နေသလဲ၊ ဘယ်လိုတွေစီစဉ်လျက်ရှိသလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။ ပိုမိုပြီးသိရှိလိုတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ facebook, youtube, instagram, linkedin နှင့် telegram, website တို့မှာဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျ။ link တွေကိုတော့ သတင်းစဉ်ရဲ့ အောက်မှာဖော်ပြထားပါတယ်ခင်ဗျ။
Online training by Wailee KUI from Nectar Services: “INTRODUCING BASIC SKILLS IN SUPPORTING CHILDREN’S EMOTIONAL WELLBEING”
ဒီ November လထဲမှာတော့ ကလေးသူငယ်များ၏ စိတ်ပညာကို specialize ပြုလုပ်နေသူများအတွက် Workshop အသစ်တစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။ ဒီသင်တန်းကို ကျွန်တော်တို့ Counselling Corner နှင့် Nectar Service မှ Ms.Wailee KUI တို့မှ ပူးပေါင်းပြီး ကလေးများ၏စိတ်ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်မှု ပညာရှင်များအတွက် (၄) ရက်တာ online သင်တန်းအနေနဲ့ (23 – 26 November, မနက် (9:00) နရီ ကနေ ညနေ (4:00) နာရီအထိ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Workshop သင်တန်း ကိုတော့ English ဘာသာနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်ဗျ။ ဒီသင်တန်းကို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုပညာရှင်တွေ ဖြစ်တဲ့ (therapists, counsellors, psychologists…)၊ လူမှုဝန်ထမ်း အဖွဲ့အစည်း တွေမှာအလုပ်လုပ်နေတဲ့သူတွေ (Social workers) အပြင် ကလေးတွေနဲ့အတူတူ လက်တွဲလုပ်နေကြတဲ့ (Professional) ကျွမ်းကျင်သူများအတွက် ကလေးတွေနဲ့ဆက်ဆံရာမှာ လက်ရှိအရည်အချင်းထက် ပိုမို တိုးတက်လွယ်ကူလာစေဖို့ရန် နည်းလမ်းလေးတွေသိရှိဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဒီသင်တန်းကို ကလေးစိတ်ရောဂါကုဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာကျွမ်းကျင်သူ Ms.Wailee KUI (PGDip UK) မှဦးစီးပြီး သင်တန်းပို့ချသွားမှာဖြစ်ပါတယ်ဗျ။
သင်တန်းရဲ့ရည်ရွယ်ချက်ကတော့ –
- မြန်မာနိုင်ငံရှိ ပညာရှင်များကို ကလေးများနှင့် play-based intervention မှတစ်ဆင့် ကုထုံးမှုကို လုပ်ခွင့် ပြုရန်။
- ကလေးများနှင့် ၎င်းတို့၏ဘာသာစကားများဖြင့် ဆက်သွယ်ပြောဆိုရာတွင် အခြေခံ ကျွမ်းကျင်မှုများ နှင့် အရည်အချင်းများကို ပံ့ပိုးပေးနိုင်ရန်။
- အရွယ်ရောက်ပြီးသူတွေနားလည်သည့်အတိုင်း ကလေးများအားနားလည်သဘောပေါက်ဖို့ အမြင်ကူး ပြောင်းဖလှယ် ပေးနိုင်ရန်။
- သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာကို အထောက်အကူပြုစေရန်နှင့် ကလေးများနှင့် အတူလက်တွဲလုပ်ကိုင်ရာ တွင် သင့် professional ပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန်။
သင်တန်းမှာ သင်ဘာတွေဗဟုသုတရမလဲ? ဘယ်လိုကျွမ်းကျင်မှုတွေကို သင်ယူလေ့လာရမလဲ?
- ကလေးဗဟိုပြု ထိတွေ့ ဆက်စပ်မှုကို အခြေခံ၍ အခြေခံကစားနည်းကုထုံးကျွမ်းကျင်မှုတွေ
- ကလေးတွေကို ချိတ်ဆက်ဖို့ရန်၊ ဆက်သွယ်ဖို့ရန် နည်းလမ်းတစ်ခုအနေနဲ့ ဘယ်လို ကစားနည်းနှင့် ဖန်တီးမှုအနုပညာများကို အသုံးပြုမလဲ?
- ဘာကြောင့်ကစားပေးရတာလဲ? ဦးနှောက်ကို နှိုးဆွပေးခြင်းအပေါ်ရရှိလာမယ့် အကျိုးကျေးဇူးများ နှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်ဖို့အကြောင်းအရာတွေ။
- သံယောဇဉ် (တွယ်တာမှု) တစ်ခုဖန်တီးရန်၊ ယုံကြည်မှုတွေတည်ဆောက်ရန် နှင့် ဘယ်လို၊ ဘာကြောင့်အရေးကြီးတာလဲဆိုတာသိရှိလာမယ်
- ရောင်ပြန်ဟပ်မှုနှင့် အာရုံစူးစိုက်မှုစွမ်းရည်တွေအကြောင်း
- ကလေးတွေရဲ့လိုအပ်ချက်များကို လေးစားမှုထားရာတွင် ကန့်သတ်ချက်ဘောင်များ ကိုယ်ပိုင်အတား အဆီးများ၊ နယ်နိမိတ်များသတ်မှတ်ထားရှိဖို့အကြောင်း
- ကျောင်းမှာရော အိမ်မှာပါ ကလေးတွေရဲ့ စိတ်ကျန်းမာ၊ ချမ်းသာမှုများကို မြှင့်တင်ပေးဖို့အကြောင်း စတာတွေကို သင်ယူလေ့လာရမှာဖြစ်ပါတယ်။
သင်တန်းကြေးအနေနဲ့ကတော့ – Online လေးရက်စာသင်တန်းအတွက် တစ်ယောက်ကို 170USD (or) 340,000MMK ဖြစ်ပြီး, November 23 – 26 ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ (နားချိန်အပါ) ဖြစ်ပါတယ်ဗျ။
ဒီသင်တန်းကို ကျွန်တော်တို့ facebook – 4 days training မှာကြေညာပြီးဖြစ်ပါတယ်၊ အကယ်၍ သင်စိတ် ဝင်စားပါက ဒီအောက်က register link မှာလဲဝင်ရောက်စာရင်းပေးသွင်းနိုင်ပါတယ်ဗျ။
https://forms.gle/bLwDNPpCduRzAwwB7
သင်တန်းနဲ့ပတ်သက်ပြီးပိုမိုသိလိုပါကလဲ facebook messenger မှာစုံစမ်းနိုင်သလို ဒီအီးမေလ်း လိပ်စာကိုလဲ info@counsellingcornermyanmar.com. စာတိုပေးပို့ပြီးမေးမြန်းနိုင်ပါတယ်ဗျ။
Self-care and “ME” time (ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အချိန်ပေးခြင်း)
မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းသည် စိတ်ရောဂါအတွက် ကုသနည်းမဟုတ်သော်လည်း သင်၏နေ့စဉ်ဘဝ တွင် မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းအသေးအမွှားလေးများကပင် သက်ရောက်မှု ကြီးကြီးမားမားရရှိ နိုင်သည့်အပြင် စိတ်ကျန်းမာရေးကို စီမံခန့်ခွဲရာတွက် ကူညီပေးနိုင်ပါသည်။ မိမိကိုယ်ကို စောင့်ရှောက်ခြင်း သည်တစ်ဦးနှင့်တစ်ဦးမတူကွဲပြား မှုရှိနိုင်သည့်အတွက် သင့်အတွက်ဘယ်လိုအ မျိုးအစားကအထောက် အကူဖြစ်မလဲ၊ ဘယ်အရာကပိုမိုလိုအပ်မလဲ၊ ဘယ်အရာကအကောင်းဆုံးဖြစ်မလဲဆိုတာကို သင်ကိုယ်တိုင် ရှာဖွေတွေ့ရှိဖို့က အင်မတန်အရေးကြီးပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာတစ်လလုံးဟာဆိုရင် “Importance of Mental Health & Self Care” ဆိုပြီး
“စိတ်ကျန်းမာရေးနှင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းရဲ့ အရေးပါမှု” အကြောင်းတွေကို Live Talks အနေနဲ့ မိမိကိုယ်ကိုဂရုစိုက်ဖို့နည်းလမ်းတွေကို အပတ်စဉ် Facebook live sessions တွေမှာမျှဝေပေးခဲ့ပါတယ်။ သင်မကြည့်ဖြစ်ခဲ့လို့ (သို့မဟုတ်) ထပ်မံပြီးတော့ ကြည့်ချင်တယ်ဆိုရင်တော့ အောက်က links တွေမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျ။ Self-care အကြောင်းကို မိမိတင်မဟုတ်ပဲ မိတ်ဆွေတွေ၊ မိသားစုတွေကိုလဲ ဂရုစိုက်စေနိုင်ဖို့ မျှဝေပေးဖို့တိုက်တွန်းချင်ပါတယ်နော်။
အပိုင်း (၁) : https://fb.watch/8zEIbXg0nN/
အပိုင်း (၂) : https://fb.watch/8zEJkDeKis/
အပိုင်း (၃) : https://fb.watch/8zEJXBpi5_/
Selfcare နဲ့ ပတ်သက်ပြီး ပိုမိုသိရှိဖို့ရန်အတွက် အောက်ကအချက်တွေကိုလဲ ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်နော်။
“Consequences of Lack of Mental Health & Lack of Self Care”
“Self Care for Pandemic Vs General Self Care”
Individual counselling services – how does it work
တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှု (ဘယ်လိုလုပ်သလဲ)
Counselling Corner မှ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်၊ ဆွေးနွေး၊ ကုထုံးပေးသူများသည် အမျိုးမျိုးသော နည်းစနစ်များကို လေ့ကျင့်ပြီးသော သူများဖြစ်သောကြောင့် သင့်၏စိတ်အခြေအနေမကောင်းမှုများ၊ ကိုယ်ရေးကိုယ်တာ၊ ကိစ္စ၊ ပြဿနာများကိုဖြေရှင်းခြင်းပြုရာတွင် သင့်၏ဘဝကိုပြောင်းလဲပေးနိုင်မယ့် ကိုယ်တိုင်ပြောင်းလဲခြင်း ပြုလုပ်မှုများကို ပိုမိုကောင်းမွန်စွာ စီမံ၊ ခန့်ခွဲ ပေးရန်ကူညီမှုပေးနိုင်ပါသည်။ ဒီနည်းလမ်းတွေထဲမှာပါလာနိုင်တာ ကတော့ client ကို ဗဟိုပြုပြီးကုသရသောကုထုံး၊ အပြုအမူ သိမြင်ခြင်း နှင့်ဆိုင်သော ကုထုံး သို့မဟုတ် စိတ်ကိုပြောင်း လဲစေသော ကုထုံးတို့ပဲ ဖြစ်ပါ တယ်ဗျ။
သင့်ရဲ့ ပထမဦးဆုံးခြေလှမ်းအနေနဲ့ ကျွန်တော်တို့နှင့် တွေ့ဆုံဖို့ကို ဖုန်းနှင့် သော်လည်းကောင်း social media ပေါ်တွင် လည်းကောင်း ပထမဦးစွာအရေအတွက် အလိုက်တစ်နာရီကြာသော session အတွက်ချိန်းဆိုပါ။
သင့်အတွက်အဆင်ပြေတယ် ကြိုက်နှစ်သက်တယ်လို့ ခံစားရလျှင် သင်ဘယ်လိုပြဿနာမျိုးကို ဆွေးနွေးချင် သလဲဆိုတာကို ညွှန်ပြရန် အဆင်ပြေနိုင်ပါတယ်။ သို့မှသာ ကျွန်တော်တို့ဘက်ကလည်း သင့်အတွက်သင်နှင့် သင့်တော်မည့် ဆွေးနွေးသူကိုအလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။ ဆွေးနွေးနေစဉ် အတွင်းမှာ သင်နှင့် သင့်ဆွေးနွေးသူတို့ဟာ နောင်အပတ်များတွင် သင့်အတွက် ရလဒ်ကောင်းများရစေရန် သင်၏ပြဿနာ များ အပေါ်တွင် အစီအစဉ်ချရမှာဖြစ်ပါတယ်ခင်ဗျ။
အများအားဖြင့် တစ်ပတ်ကို session တစ်ခု (တစ်ခုကိုမိနစ် ၅၀) နှစ်သိမ့်ဆွေးနွေးမှုပြုပါတယ်။ ပြီးနောက် ကျွန်တော်တို့ဟာ sessions 10 ခုအတွင်းမှာ ကောင်းမွန်တဲ့ရလဒ်တွေ ရလာရန်ကြိုးစားပါတယ်ဗျ။ ဒီ sessions တွေဟာဆိုရင်သင်အတွက်သီးသန့်ဖြစ်လို့ သင်အဆင်ပြေကောင်းမွန်သွားချိန်တွင် ရပ်ရန်ဆုံးဖြတ် လို့ရပါသည်။ ဒါမှမဟုတ်ခဏနားချင်လည်းနားလို့ရသလို တခြားဆွေးနွေးပေးသူ၊ သင်နှင့်သင့်တော်မည့်သူ အခြား တစ်ယောက်ကိုလဲ တောင်းဆိုလို့ ရပါတယ်ခင်ဗျ။ ဒီတစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးမှုဟာဆိုရင် သင့်ရဲ့ အချိန်နဲ့ သင့်ရဲ့ အားစိုက်ထုတ်မှုကတော့ သင့်အတွက် ကောင်းကျိုး တွေဆီ ဦးဆောင်ပါလိမ့်မယ်ဗျ။ သင်တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးမှုပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီဖုန်း 09-784509916 ကိုခေါ်ဆိုပြီး သင် အဆင်ပြေတဲ့အချိန်ကို ချိန်းဆိုနိုင်ပါတယ်။
Training Myanmar’s next generation of counsellors, Intermediate Counselling training and sponsor a scholarship
Counselling Corner ကနေပြီး နှစ်သိမ့်၊ ဆွေးနွေးမှု ကျွမ်းကျင် အခြေခံသင်တန်း (Basic Counselling Skills training) ကို ပုံမှန်လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီသင်တန်းအချိန်ကတော့ စုစုပေါင်း နာရီ (၂၀), တစ်ရက် (၂) နာရီနှုန်း နဲ့ (၁၀) ရက်သင်တန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက စပြီးတော့ ကျွန်တော်တို့ Intermediate Counselling Skills Training ကိုစတင်ပြီးတော့ ပထမအသုတ်အနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ သင်ယူသူတွေ လက်တွေ့ကျကျပိုမိုလုပ်ဆောင်နိုင်စေရန် သင်ယူပို့ချတဲ့နည်းလမ်းတွေကိုထပ်မံတိုးပေးထားတဲ့အပြင် ပါဝင်သူ အားလုံး ယခင်ကထက်ပိုမိုပြီးလေ့လာသိရှိစေနိုင်ဖို့ဖြစ်ပါတယ်။ သင်တန်းကာလအတွင်းမှာဆိုရင် ပါဝင်သူ တွေဟာ ၎င်းတို့၏ အရည်အချင်းများကိုအကောင်းဆုံးအသုံးချပြီး ပိုမိုလက်တွေ့လုပ်ဆောင်ဖို့ အချိန်တွေပို ရလာမှာဖြစ်ပါတယ်၊ ဥပမာအနေနဲ့ – လိုသင်တန်း၊ Workshop တွေကို ဦးဆောင်နိုင်မလဲပေါ့။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံရှိ စိတ်ပိုင်းဆိုင်ကျန်းမာရေးအခြေအနေတွေ ပိုမိုတိုးတက် စေဖို့အဓိကထားတာဖြစ်တဲ့အတွက် နှစ်သိမ့်၊ ဆွေးနွေးမှုပေးတဲ့ ကျွမ်းကျင်ပညာရှင်တွေ (Counsellors) များများပေါ်ထွက်လာဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံတွင် စိတ်ရောဂါကုထုံးနှင့် အကြံဉာဏ်ပေးခြင်းများတွင် အခြားပညာရေးဆိုင်ရာ အလားအလာများမရှိသဖြင့် နိုင်ငံတစ်ဝှမ်းရှိ စိတ်ပါဝင်စားသူများကို ပံ့ပိုးကူညီရန်နှင့် အရည်အသွေးအမြင့်မားဆုံး လေ့ကျင့်သင်ကြားမှုများကို ကြိုးစားလုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ရဲ့ သင်တန်းများကို အခြေခံ၊ အလယ်လတ် နဲ့ အဆင့်မြင့်သင်တန်း (Basic, Intermediate and then Advanced Counselling Training) ဆိုပြီးအပိုင်း (၃) ပိုင်းခြားပြုလုပ်သင်ကြားပေးနေတဲ့အပြင် အခြားသင်တန်းတစ်ခုကိုလဲ ဒီလမှာ ဖွင့်လှစ်ထားပါတယ်။ အဲတာကတော့ အပေါ်မှာဖော်ပြပြီးဖြစ်တဲ့ Ms. Wailee Kui’s ရဲ့ 4 days training “basic skills in supporting children’s emotional wellbeing” ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်များကို ထောက်ပံ့ပေးဖို့အတွက်ဆိုပြီး (၄) ရက်တာ အွန်လိုင်သင်တန်းဖြစ်ပါတယ်။
Intermediate Counselling training – ဒုတိယ အသုတ်ကိုတော့ နောက်လမယ့်လထဲမှာ ထပ်မံဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်လို့ ကျွန်တော်တို့ Facebook ကို see first လုပ်ထားပြီး ကြည့်ရှုဖို့မမေ့ပါနဲ့နော်။
သင်တို့ Company (သို့မဟုတ်) INGO အဖွဲ့အစည်းတွေကနေပြီး အခကြေးငွေမတတ်နိုင်သူတွေအတွက် ဒီသင်တန်းကို ပညာသင်ဆု အနေနဲ့ ပေးချင်တယ်ဆိုရင်တော့ သင်သိတဲ့ တစ်စုံတစ်ယောက် (သို့) Counselling Corner ကနေပြီး သင်တန်းအတွက် သင့်တော်မယ့်သူတွေကို ရွေးချယ်ပေးနိုင်ပါတယ်ဗျ။ ဒီအကြောင်းအသေးစိတ်ကို မိုသိလိုတယ်၊ သင်တန်းကိုတစ်စုံတစ်ယောက်အတွက် သင်ပေးချင်တယ်ဆိုရင် ဖော်ပြပါ (edwin@counsellingcornermyanmar.com) အီးမေးလ်းလိပ်စာကိုစုံစမ်းမေးမြန်းနိုင်ပါတယ်။
“Counselling & Counsellor” Tuesday Live Program at 7:00PM in November
ကျွန်တော်တို့ ရဲ့ လူမှုကွန်ယက်တွေဖြစ်တဲ့ Youtube, Facebook, Telegram ကနေပြီးတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မတူညီတဲ့ခေါင်းစဉ်တွေ လစဉ်လတိုင်း ဆွေးနွေးမှုတွေ၊ သင်တန်းတွေပေးနေခဲ့ပါတယ်ခင်ဗျ။ ဒီလမှာတော့ “Counselling & Counsellor” “ဆွေးနွေးမှုကုထုံး နှင့် အတိုင်ပင်ခံ” ဆိုတဲ့ ခေါင်းစဉ်လေးနှင့် ပတ်သတ်သည့် Counselling နှင့်ပတ်သတ်သည့် ဗဟုသုတများ ဘယ်လိုသူတွေက ဆွေးနွေးမှု ခံယူသင့်သလဲ, စသည်တို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုကုထုံးဆိုတာကတော့ သင့်ရင် personal ပြဿနာများကို အတိုင်ပင်ခံဆီမှာ ပြောပြပြီး ဆွေးနွေးမှု ခံယူတဲ့ လုပ်ငန်းစဉ်ကို ပြောခြင်းဖြစ်ပါတယ်။
ဒီတစ်လ အင်္ဂါနေ့ Live ရဲ့ ခေါင်းစဉ်များ
- What is Counselling?
- Different Types of Counselling
- What to expect from Counsellor in Counselling
- Counsellors and Ethic
အပတ်စဉ် အင်္ဂါနေ့ ညနေ 7:00 နာရီတွင် ကျွန်တော်တို့၏ facebook page မှ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်ကြည့်ရှုပေးကြပါနော်။
Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမိုလွယ်ကူစေချင်သည့်အပြင် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့ အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်းအတွင်း စိတ်ကျန်းမာရေး အကြောင်းကိုပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့၊ ပိုမို တိုးတက်လာစေဖို့အတွက် သင်တို့ရဲ့အကူအညီများလိုအပ်ပါတယ်ဗျာ။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေး နှင့်ပတ်သက်လို့ အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ လိပ်စာ၊ နေရာ၊ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
Email: info@counsellingcornermyanmar.com
Phone: 09 664 017 251, 09 784 509 916
Facebook Page: Counselling Corner Facebook
Website: Counselling Corner
YouTube: Counselling Corner YouTube channel
Instagram: Counselling Corner Instagram
Telegram: Counselling Corner Telegram