ဝမ်းနည်း ပူဆွေးသောကဖြစ်ခြင်း

ကျွန်တော်တို့ရဲ့ newsletter ကနေမှတစ်ဆင့် လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေ ဒါမှမဟုတ် သူငယ်ချင်းများရဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံံ့မှုကို အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါသည်။ ယခုလို ကာလအတွင်း ကျွန်တော်တို့သည် တင်္နလာနေ့မှ စနေနေ့ထိရုံးဖွင့်ပြီး အွန်လိုင်း Zoom ဆော့ဝဲကနေမှ တစ်ဆင့် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ သင်တို့တွင် မေးခွန်း (သို့) အကူအညီလိုအပ်သည်ဆိုရင် ကျွန်တော်တို့ဆီသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ချစ်ရသူများ ဆုံးရှုံးလိုက်ရသူကို ဘယ်လိုထောက်ပံ့မှုများ ပေးမလဲ
လက်ရှိဖြစ်ပွားနေသော ကိုဗစ်ဖြစ်ပွားမှုကြောင့် လူများစွာသည် မိမိရဲ့ ချစ်ခင်ရသူများစွာ ကို ဆုံးရံှုးလိုက်ရသောကြောင့် ယခုအချိန်သည် ကျွန်တော်တို့အားလုံးအတွက် ခက်ခဲနေသည့် အချိန်ကာလဖြစ်နေခဲ့ပါသည်။ ပူဆွေးသောကရောက်ခြင်းဆိုတာကတော့ မိမိတို့ရဲ့ချစ်ခင်ရသူများကို ဆုံးရှုံးလိုက်ရသည့်အချိန်မှာ ရင်ထဲက ဖြစ်ပေါ်လာသော ခံစားချက်ဖြစ်သည်။ ဥပမာအနေဖြင့် ကြောက်ရွံ့ခြင်း၊ အထီးကျန်ခြင်း၊ ထိန့်လန့်ခြင်း၊ နာကျင်ခြင်း၊ ပြင်းပြခြင်း၊ ပူပန်ခြင်း နှင့် ရင်ထဲဟာသွားခြင်း စသည်တို့လဲပါဝင်ပါသည်။ ဒီအရာတွေကတော့ ဆုံးရှုံးလိုက်ရမှုကြောင့် ဖြစ်စေတေသာ ရင်ထဲက ခံစားချက်များဖြစ်သည်။ Mourning (တစ်စုံတစ်ယောက်ဆုံးရှုံးသည့်အချိန် ပူဆွေးမှုကို ဥပမာ အနက်ရောင်အဝတ်အစားဖြင့်) ဆိုတာကတော့ အပြင်ပန်း ဖော်ပြမှုဖြစ်ပြီး ဖော်ပြပုံတွေကတော့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း နှင့် ရိုးရာဝတ်စုံတွေပေါ်မူတည်ပြီး ကွဲပြားသွားကြသည်။

ပူဆွေးသောကရောက်ခြင်းကတော့ သဘာဝအတိုင်းဖြစ်ပြီး ထိန်းချုပ်လို့ မရပါဘူး။ ရင်ထဲမှာ ဖြစ်ပေါ်နေသလို ခံစားရမည်။ တကယ်လို့ မိမိ (သို့) တစ်စုံတစ်ယောက်ကများ ၎င်းတို့ရဲ့ ချစ်ခင်ရသူဆုံးရှုံးခဲ့သည်ဆိုလျှင် အောက်ပါအကြံပေးချက်များသည် သင် ဆုံးရှုံးမှုကို ရင်ဆိုင်နိုင်ရန် ကူညီပါလိမ့်မည်။

၁) သင်နာကျင်မှုနှင့် ခံစားချက်အားလုံးကို အောင့်မထားဘဲ ခံစားခွင့်ပြုလိုက်ပါ
၂) ဒီလိုခံစားနေရသည့် အပေါ် စိတ်ရှည်ပါ
၃) မိမိမကြိုက်သည့် ခံစားချက်ဖြစ်နေစေကာမူ ဒီခံစားချက်ကို အသိအမှတ်ပြုပါ
၄) ကူညီဖေးမမှုများ ရယူပါ
၅) သင်ရဲ့ ပုံမှန်နေထိုင်မှု ပုံစံကို ထိန်းသိမ်းပါ
၆) မိမိကိုယ်ကို ဂရုစိုက်ပါ

ကျွန်တော်တို့ရဲ့ လက်ကမ်းစာစောင် အသစ်ကို ဒေါင်းလုပ် ရယူပါ – ကျွန်တော်တို့တကယ်ဘာလုပ်နေသလဲ?

ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် အပြစ်ရှိသလိုခံစားနေရခြင်းသည် မိမိထင်သည်တက်ပိုဖြစ် လေ့ရှိပြီး ဆိုရင်တော့ သင်ပထမဆုံး အနေနဲ့ နားလည်လိုက်တာတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောရန် ဖြစ်သည်။ အဲဒီနေရာတွေ အတွက် ကျွမ်းကျင်သော အတိုင်ပင်ခံတစ်ဦး လိုအပ်နေပါသည်။ အတိုင်ပင်ခံများသည် နားထောင်ပေးခြင်းနှင့် သင့်လျှော်သည့်မေးခွန်းများမေးပေးဖို့အတွက် သေချာသင်ယူခဲ့ကြပြီး သင်တို့ရဲ့ အတွေးများနှင့် ခံစားချက်များကို ပိုမိုနားလည် လာစေရန် ကူညီပေးနေပါသည်။

ဆွေးနွေးတိုင်ပင်မှုတွင် ကျွန်တော်တို့သည် စိတ်ပိုင်းဆိုင်ရာ အားကောင်းလာစေရန် နှင့် စိတ်ပိုင်းဆိုင်ရာ ပြသနာများ ပိုမို ဆိုရွားလာခြင်းကို ကာကွယ်ရန် အဓိက အာရုံစိုက်ပါသည်။ ပါဝင်သူများအား စိတ်ခံစားမှုများအကြောင်း ပြောရန်ခွင့်ပြုခြင်း၊ အခြေအနေတစ်ခုကို နားလည်လက်ခံခြင်းနှင့် ၎င်းမှ ပါဝင်သူများအတွက် အဖြေတစ်ခုဆီသို့ ဦးတည် လုပ်ဆောင်ခြင်းကို ပြုလုပ် ပေးသည်။ လက်တွေ့စိတ်ကုထုံးတွေနှင့် စိတ်ဒဏ်ရာခံစားချက်များ ကုသခြင်းကိုပြုလုပ်ပေးသည်။

အချို့အခြေအနေများတွင် အဖွဲ့တစ်ဖွဲ့နှင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် အကောင်းဆုံး ဖြစ်သည်။ တချို့ကိုတော့ဖြင့် ၂ လမှ ၃ လ အတွင်း တစ်ဦးချင်း ဆွေးနွေးတိုင်ပင်မှု အစီအစဉ်များကို တစ်ပြိုင်နက် လုပ်ဆောင်ရန် အကြံပြုသော်လည်း တစ်ခါတစ်ရံတွင် မိသားစု (သို့) ပိုကြီးတေသာအုပ်စုများအတွက် (webinars) များတွင် အတိုင်ပင်ခံများ လုပ်ပေးပြီး မိသားစုဝင်တစ်ဦးအား မည်သို့အကောင်းဆုံးပံ့ပိုးပေးနိုင်သညိကို အကြံပေးသည်။

ကျွန်တော်တို့ လက်ကမ်းစာဆောင်အသစ်ကို Online ကနေ Englishဘာသာ နှင့် Myanmar ဘာသာ ဖြင့်ပါ ဒေါင်းလုပ် ရယူနိုင်ပါသည်။ ၎င်းထဲတွင် ဆွေးနွေးမှုနှင့် ပတ်သတ်သော အချက်အလက်များ၊ လျှို့ဝက်ချက်ဆိုင်ရာ မေးခွန်းများကို ဖြေကြားပေးထားခြင်း၊ လေ့ကျင့်ပေးသောသင်တန်းများ၊ အတိုင်ပင်ခံများ၊ ရုံးဖွင့်ချိန် နှင့် အခြား Counselling Corner တွေ ပြုလုပ်ပေးသော အရာများကို အသေးစိတ်ရှင်းပြထားပါသည်။

Planting SEEDS (အစေ့များ စိုက်ပျိုးခြင်း) – ကိုဗစ်ကာလအတွင်း စိတ်ခံစားချက်များ ဘယ်လို သန်မာအောင် နေထိုင်မလဲ
အပတ်စဉ် အင်္ဂါနေ့ ည ၇နာရီတိုင်းမှာ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံ တစ်ဦးသည် FacebookLIVE ကနေမှ တစ်ပတ်တိုင်း မတူညီတဲ့ ခေါင်းစဉ်များနှင့် ပတ်သတ်လို့ ပြောပြပေးသွားပြီး သိလိုသည့် မေးခွန်းများကိုလဲ တိုက်ရိုက်ဖြေကြားပေးပါသည်။ နောကျတဈနေ့တှငျကြှနျုပျတို့၏ YouTube Channel ၌ဆှေးနှေးခကြျ၏ အဓိကအကွောငျးအရာ တိုတိုလေးကိုတငျသညျ။

 

 

စိတ်ပညာကုထုံးပညာရှင် အောင်မင်းသိန်းမှ Planting seeds (အစေ့များ စိုက်ပျိုးခြင်း) ဆိုတဲ့အကြောင်းကို ပြီးခဲ့သည်အပတ်က ပြောကြားသွားပါသည်။

S: social (လူမှုဆက်ဆံရေး) – သူငယ်ချင်း၊ မိသားစုများနှင့် အဆက်အသွယ်ရှိနေခြင်း (ဖုန်း၊ အင်တာနက် စသည်ဖြင့်)
E: exercise (လေ့ကျင့်ခန်း) – ကိုယ်ကာယလေ့ကျင့်ခန်းများလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ လမ်းလျှောက်ခြင်း နှင့် အကျောဖြေလျော့ခြင်း
E: education (ပညာရေး) – အသစ် အသစ်များကို လေ့လာခြင်း ဖြင့် ဦးနှောက်ကို အလုပ်လုပ်စေခြင်း
D: diet (ဓာတ်စာ) – အဟာရရှိသော အသီးအနှံများနှင့် အရွက်များစားခြင်း
S: sleep (အိပ်စက်ခြင်း) – အိပ်ယာစောစော ဝင်ခြင်း၊ ပုံမှန်အိပ်ချိန်သတ်မှတ်ခြင်း၊ တစ်ညကို အနည်းဆုံး ၈ နာရီ အိပ်စက်ပေးခြင်း

၃ မိနစ်စာ ဗီဒီယိုကို ကြည့်ပေးပြီး သင်ရဲ့ သူငယ်ချင်းများဖြင့် မျှဝေပါ။ Planting SEEDS ျမန္မာ ဘာသာစကား

 

ကျွန်တော်တို့ကို ပိုမို လူသိများအောင် ကူညီပေးနိုင်မလား ခင်မျာ

ဒါကတော့ ကျွန်တော်တို့မေးလေ့ရှိတဲ့ အရာမဟုတ်ပါဘူး…..

Counselling Corner မှ မြန်မာနိုင်ငံရှိ လူများဆီသို့ အသိပညာပိုမိုရောက်ရှိလာစေရန် social မီဒီယာ ချန်နယ်အသစ်များကို ထပ်တိုးဖွင့်လိုက်ပါသည်။ (ကျွန်တော်တို့ သိတဲ့အတိုင်းဘဲ ဘဝက Facebook တစ်ခုမှာတင်ရှိတာမဟုတ်ဘူး) ကျွန်တော်တို့က ဒီ ချန်နယ် အသစ်များကို ပိုမို လူသိများစေပြီးဖြင့် ပိုမို အဆင်ပြေအောင် ပြုလုပ်ချင်ပါသည်။ ကျွန်တော်တို့အနေဖြင့် အလွန်အသုံးဝင်ပြီး စိတ်ဝင်စားစရာ ကောင်းသည့် ပိုစ့်များ တင်သွားပေးမည်ဟုလဲ ကတိပေးပါသည်။ ဒါကြောင့် like, follow & subscribe ပြုလုပ်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေးအကြောင်းကို လက်လွှတ်မခံဘဲ စောင့်ကြည့်ပေးပါရန် အကြံပြုအပ်ပါသည်။

YouTube: Counselling Corner YouTube channel
Instagram: Counselling Corner Instagram
Telegram: Counselling Corner Telegram

 

အဆင်ပြေနေပေမဲ့ အဆင်မပြေဘူး – စိတ်ကျန်းမာရေးနှင့် အိုလံပစ်
ဆယ်စုနှစ်ပေါင်းများစွာ အားကစားသမားများသည် သံသယကို ဖယ်ထားရန်။ အနိုင်ရရန်၊ လွှမ်းမိုးရန်နှင့် ပြီးမြောက်ရန် အာရုံစိုက်ပြောကြားကြသည်။
လတ်တလော အိုလံပစ်အတွင်း အမေရိကန်အားကစားသမား Simone Biles က သူမမှာ မှန်ကန်တဲ့ အတွေးမရှိတော့ဘူးလို့ “she wasn’t in the right head space” သူမရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ပွင့်လင်းသွား ပြောကြားသွားခဲ့ပါသည်။ တန်းနစ်ကစားသမား Naomi Osaka, ရေကူးအားကစားသမား Michael Phelps နှင့် စက်ဘီးအားကစားသမား Tom Dumoulin တို့သည် ယခင်က စိတ်ပိုင်းဆိုင်ရာ မျှတသော အခြေအနေကို ရှာဖွေရန် ရုန်းကန်ခဲ့ရကြောင်း ဖော်ပြခဲ့ပြီး
ဤသို့လုပ်ခြင်းအားဖြင့် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပတ်ဝန်းကျင်ရှိ အမည်းစက်များကို လျှော့ချရန်ကူညီခဲ့သည်။ Read the whole article.

ယခုအပတ်တွင် FIFA, WHO and the Association of Southeast Asia Nations (ASEAN) တို့သည် စိတ်ကျန်းမာရေး အခြေအနေ လက္ခဏာများကို တိုက်ဖျက်ရန်နှင့် ကျန်းမာတဲ့ လူနေမှု ဘဝများကို မြှင့်တင်ရန် ရည်ရွယ်သော လှုုပ်ဆော်မှု တစ်ခု ဖြစ်သည့် #ReachOut, a campaign

နှင့် ပူပေါင်းပြီ လူတို့လိုအပ်သော အကူအညီတောင်းခံရန် အားပေးခဲ့သည်။ သင်အကြိုက်ဆုံး အားကစားသမား ဟုတ်မဟုတ် စစ်ကြည့်ပါ  joining this campaign video

ကျေးဇူးပြု၍ like & shar e လုပ်ပေးပြီး အထက်ပါ မေးခွန်းများနှင့် အကြံပြုချက်များ ရှိလျှင် (သို့) ကျွန်တော်တို့ ဝန်ဆောင်မှုများအား အသေးစိတ်သိလိုလျှင် အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခများကို ပြောဖို့ ပိုမိုလွယ်ကူအောင် လုပ်ပေးချင်ပြီး တစ်ဘက်ကနေလဲ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေကနေလဲ မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ကျန်းမာရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုုများပြုလုပ်ပြီး စိတ်ကျန်းမာရေးတိုးတက်အောင် လုပ်ဆောင်ပေးရပါမည်။

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading