Counselling Corner – ဇွန်လ ၂၀၂၁ အတွက် သတင်းစဉ် – စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
ယခုလို ရှုပ်ထွေးနေချိန်ကာလအတွင်း သင်၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု နှင့် ကြံ့ခိုင်မှု ကိုသင်ကောင်းမွန်စွာ စောင့်ရှောက်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ထို့အတူ ကျွန်တော်တို့ Counselling Corners မှ လည်းလူသားများ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှုအတွက် ကူညီရန်အသင့်ရှိနေသော အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့သည် မြန်မာပြည်သူ/သား များ၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ နှင့် အခြားသော ၀န်ဆောင်မှုများကို အခမဲ့ သော်လည်းကောင်း၊ အခကြေးငွေဖြင့် သော်လည်းကောင်း ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်တော်တို့ အဖွဲ့အစည်းသည် လူသားများအတွက် မည်သို့သော ၀န်ဆောင်မှုများပေး သည်ကို ဤသတင်းလွှာတွင် ဖတ်ရှုနိုင်ပါသည်….
စိတ်ဖိစီးမှုများကို ဖြေရှင်းခြင်း
ကျွန်တော်တို့သည် စိတ်ဖိစီးမှုဆိုင်ရာအကြောင်းများကို ပြောဆိုကြရာတွင် မိမိ၏ခံစားချက်ပေါ်မူတည်၍ စိတ်အလွန်ဖိစီးနေခြင်း (သို့) စိတ်ပိုင်းဆိုင်ရာဖိအားပေးခြင်းကိုခံနေရခြင်း (သို့) ထိန်းချုပ်ကျော်လွှားနိုင် ခြင်းမရှိသည့် အရာများကို အဓိကထားပြောဆိုကြသည်။ ထိုကဲ့သို့အကြောင်းအရာတို့သည် အလုပ်ခွင် ၌ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ၊ ယခုလက်ရှိအခြေနေတွင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါသည်။
အထူးသဖြင့် ယခုကာလအတွင်း ပုံမှန်လူများအတွက်ပင် စိတ်ဖိစီးမှုများဖြစ်ပေါ်စေသည်။ ထို့အပြင် မြန်မာ နိုင်ငံ၏ လက်ရှိ အခြေအနေမှာ ပုံမှန်ဖြစ်မနေသည်ကိုလည်း သိရှိထားရန် အရေးကြီးပြီး ၎င်းအခြေနေသည် မည်သူ့ကိုမဆို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကိုဖြစ်ပေါ်စေရန် ဦးဆောင်လျက်ရှိနေပါသည်။
ကျွန်တော်တို့၏ Counsellors များသည် စိတ်ဖိစီးမှုနှင့်ပတ်သက်၍ Facebook Live အစီအစဥ္တွင် အပတ်စဥ္ ပြောဆို၊ မျှေ၀ခဲ့ကြသည်။ အကယ်၍ ကိုယ်ကြိုက်နှစ်သက်သော link ပျောက်သွားသည်ဖြစ်စေ၊ သင်နောက် တစ်ကြိမ် ထပ်မံကြည့်ရှုလို၍ဖြစ်စေ၊ အပေါင်းသင်း၊ မိတ်ဆွေ နှင့် လုပ်ဖော်ကိုင်ဖက် များကို မျှေ၀လို၍ ဖြစ်စေ link များကိုအောက်တွင် ကြည့်ရှုနိုင်ပါသည်။
- Counsellor ဦးအောင်မင်းသိန်းမှ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ လူငယ်များအတွက် ပြောကြားခြင်း
https://www.facebook.com/1168219853329490/videos/528793281590727
- ထိန်းချုပ်နိုင်စွမ်းမရှိသည့် အခြေအနေတွင်ရှိနေသော စိတ်ခံစားချက်နှင့်စိတ်ဖိစီးမှု –
https://www.facebook.com/1168219853329490/videos/519850402707760
- Counsellor Ma Cherish မှ စိတ်ဖိစီးမှုများကို မည်သို့ဖြေရှင်းရမည်နှင့်ပတ်သက်၍ လက်တွေ့ ကျသော အကြံဉာဏ်များပေးခြင်း။
https://www.facebook.com/1168219853329490/videos/509058026947662
Employee Assistance Program (EAP) – ၀န်ထမ်းပိုင်းဆိုင်ရာ ကူညီမှုအစီစဉ်
ကျွန်တော်တို့ Counsellors များသည် သင်တန်းသူ/သား ၂ ဦးမှ ၂၀ ဦးအတွက် အချင်းချင်း အပြန်အလှန် အကျိုးသက်ရောက်မှုရှိစေရန်အလို့ငှာ (၂) နာရီ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ရာတွင် လက်ရှိဖြစ်ပေါ် ခံစားနေရသော စိတ်ဖိစီးမှုနှင့်ပတ်သက်၍ စိတ်၀င်တစားနားထောင်မှုပြုခြင်း၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖြစ်ပေါ်နေမှုများကို ဖော်ပြခြင်း၊ စာနာမှုကို ပြသခြင်း၊ အတွေ့အကြုံနှင့်လေ့လာမှုအပေါ်အခြေခံကာ အချင်းချင်း အားပေးစကားပြောဆိုခြင်းများ ကိုလုပ်ဆောင်ပါသည်။ ထို့အပြင် ဤဆွေးနွေးလုပ်ဆောင်မှုများ တွင်လက်တွေ့လေ့ကျင့်ခန်းလုပ်ဆောင်မှုများလည်း ပါ၀င်သောကြောင့် ပါ၀င်သူတိုင်းသည် နေ့စဥ္နေထိုင်မှု နှင့် လက်တွေ့ဘ၀တို့တွင် ကျွမ်းကျင်မှုအသစ်များကို စတင်လေ့လာအသုံးပြုမည်မှာ အသေအချာပင် ဖြစ်သည်။
စိတ်ခံစားမှုပိုင်းဆိုင်ရာဆွေးနွေးမှုများသည် အထူးသဖြင့်ဖွံ့ဖြိုးဆဲဖြစ်သော မြန်မာနိုင်ငံ၏ အခြေအနေတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်သည်။ ထို့အပြင် အတိတ်နှင့် နောင်အနာဂါတ် အတွေ့အကြုံများပေါ်အခြေခံပြီး ထိုမှတစ်ဆင့် လူသားအားလုံးတို့အား ၎င်းတို့၏ စိတ်ခံစားချက်များကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီခြင်း၊ စိတ်ဖိစီးမှု လျော့ချနိုင်ရန်နည်းလမ်းများကို ပံ့ပိုးပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ကြံ့ခိုင် မှုရှိစေရန် နည်းစနစ်များ တည်ဆောက်ပေးခြင်း တို့ကိုလည်းပြုလုပ်နိုင်မည်ဖြစ်သည်။ အချိန် (၂) နာရီကြာ ဆွေးနွေးမှုတွင် သင်တန်းသူ/သားများသည် စိတ်ခံစားမှုများကို ဖော်ပြတတ်ရန်၊ နားထောင်မှု စွမ်းရည်များ တိုးတက်လာစေရန်၊ ထို့အပြင် စိတ်ဖိစီးမှု၊ ခံစားမှုတို့သည် ကိုယ်တစ်ဦးတည်းမဟုတ်ကြောင်းသိရှိ စေရန် နှင့် မည့်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို လေ့လာရမည်ဖြစ်ပါသည်။
အကယ်၍ သင့်အဖွဲ့အစည်းတွင် ၀န်ထမ်းပိုင်းဆိုင်ရာ ကူညီမှုအစီစဥ္ (EAP) ရှိမနေပါက ယခုပင် သင့်၀န် ထမ်းများအတွက်ရည်ရွယ် စဥ္စားရန် အချိန်ကောင်းပင်ဖြစ်သည်။ ၀န်ထမ်းများ၏ စိတ်ပိုင်း ဆိုင်ရာကျန်းမာ ရေး သေချာကောင်းမွန်ပါမှ အလုပ်တွင်ကောင်းမွန်စွာလုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာအကြံပေး ဆွေးနွေးမှုများပြုလုပ်ရာတွင် ၀က်ဘ်ဆွေးနွေးမှုမှ စတင်ပြီး တစ်ဦးခြင်းလိုအပ်လျှင် လိုအပ်သလို အလျင်းသင့် တစ်ဆင့်ချင်း ဆွေးနွေးမှုများ၊ အကြ့ပေးမှုများကို ပြုလုပ် ပါသည်။ ထို့အပြင်ဤအစီစဥ္ကို အဖွဲ့အစည်းများအတွက် သင့်လျော်သောအထူးစျးနှုန်း လည်းသတ်မှတ် ထားပါသည်။ ဥပမာ – ၄၀ ယောက်စာ အခြေခံ ၃လစာအတွက် ကို တစ်ဦးလျှင် ၃၅ ဒေါ်လာနှုန်း
အသစ်တိုးချဲ့လိုက်သော စိတ်ပိုင်းဆိုင်ရာ ရှေးဦးအကူညီပေးရေးသင်တန်း
ကျွန်တော်တို့၏ Counsellor Ma Cherish သည် သင်ထင်မှတ်မထားသောအဖြစ်အပျက်တစ်ခုနှင့်တွေ့ဆုံရပြီး အလွန်စိတ်ဖိစီးမှုခံနေရပါက မည်သို့ဖြေဖျောက်ရမည်၊ မည်သို့ ပြုမူနေထိုင်သင့်သည် စသည်တို့ကို ရည်ရွယ် ပြီး CISM (Critical Incident Stress management) သင်တန်းကို စတင်ပို့ချခဲ့သည်။ ၎င်းသင်တန်းကို အများ အားဖြင့် စိတ်ပိုင်းဆိုင်ရာရှေးဦးအကူညီပေးရေးသင်တန်းဟုလည်းသိရှိထားကြပြီးဖြစ်သည်။ ဥပမာအာဖြင့် ကားမတော်တဆဖြစ်ခြင်းကြောင့်၊ ပိုင်ဆိုင်မှုများ မီးလောင်မှုဖြစ်ခြင်းကြောင့် စသည်များပြားသော ထင်မှတ် မထားသော အကြောင်းအရာများကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုမျာကို ဆိုလိုသည်။ ၎င်းသင်တန်းတွင် ထိုဖြစ်ပေါ်လာသော စိတ်ခံစားချက်အပေါ် မည်သို့ခွဲခြားသိမြင်ရမည်၊ မည်သို့တုန့်ပြန်ရမည်၊ စိတ်ကိုမည်သို့ ထားရှိရမည် ကိုသင်ကြားရမည်ဖြစ်ပါသည်။
လေ့ကျင့်မှုသည် အမှန်တကယ်လက်တွေ့ကျပြီး သီးခြားအခန်းဖွဲ့ပြီးလုပ်ဆောင်ရာတွင် အခြေခံကျသော လက်တွေ့ သင်ယူမှုများပါ၀င်ပါသည်။ လက်တွေ့ကျကျ ဘာတွေလုပ်လဲ၊ ဘာတွေပြောလဲ၊ ခံစားချက်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ အဲလိုခံစားချက်တွေဖြစ်နေချိန်အတွင်း ဘာတွေတွေးနေသလဲ စသဖြင့် ပြောဆိုကြ ပြီး နောက်ဆုံးတွင် ၎င်းတို့၏ခံစားချက်များကို အမှန်တကယ်ဖော်ပြကြပြီး ထိုဖြစ်ပျက်နေသည်များကို မည်သို့ အားပေး နှစ်သိမ့်ရမည်၊ မည်သို့ဖြေလျော့ရမည် စသည်တို့ကို လေ့လာသင်ယူရမည်ဖြစ်ပါသည်။
ဤသင်တန်းသည် လွန်ခဲ့သော နှစ်ပေါင်း (၄၀) ကျော်လောက်တည်းကပင် တွင်တွင်ကျယ်ကျယ်အသုံးပြု ခဲ့ကြပြီး မီးသတ်သမားများ အတွက် အလွန်ပင် အသုံး၀င်ခဲ့သည်။ ဥပမာအားဖြင့် ရှေးဦးပြုစုနည်းအဖြစ် ဆရာ၀န်များ၊ သူနာပြုများ လည်းအသုံးပြုခဲ့သည့်အပြင်၊ အခြားသော လူမှုကူညီရေးအသင်း၊ ရှေးဦးသူနာ ပြုစုရေးအဖွဲ့များအတွက် သင်တန်းများပို့ချရာတွင်လည်း အသုံးပြုခဲ့ကြသည်။ ၎င်းသင်တန်းကို ဇူလိုင် (၁၄) ရက်နေ့တွင်စတင် ဖွင့်လှစ်ရန်စီစဥ္ထားပြီး တစ်ဦးလျှင် သင်တန်းကြေး ကျပ် (၂၀,၀၀၀) သာကျသင့်မည်ဖြစ် ပြီးတစ်ကြိမ်လျှင် အများဆုံး (၂၀ ဦး) အထိပြုလုပ်နိုင်ပါသည်။ ဤသင်တန်းအတွက် အသေးစိတ်ကို ကျွန်တော်တို့ Website / facebook စာမျက်နှာတွင် ၀င်ရောက်ကြည့်ရှုနိုင်သည့်အပြင်၊ အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် link တွင်လည်း ၀င်ရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ ကျွန်တော်တို့၏ စိတ်ခံစားမှုဆိုင်ရာ ဆွေးနွေး ခြင်းနှင့်ပတ်သက်၍ ၀န်ဆောင်မှုခံယူသူများထံမှစိတ်၀င်စားမှုမြင့်မားစွာရရှိပြီး၊ ဤဆွေးနွေးပွဲကို အခြားသော သူများ အားပြုလုပ်ရန်လည်း ကျွန်တော်တို့ တိုက်တွန်း အကြံပြုလိုပါသည်။
မေလ ၂၀၂၁မှာ, Counselling Corner ကနေ လူပေါင်း ၄၀၀ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်..
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို တိုးတက်အောင် ကူညီလုပ်ကိုင်ပေးခြင်းနှင့် ဒီထက် ပိုများတဲ့လူတွေဆီကို ရောက်အောင်လဲ ကြိုးစားနေပါတယ်။ အရေးကြီးဆုံးအနေနှင့် ကျွန်တော်တို့သည် လူအများကို “ကုစား” ပေးနေ ရုံသာမကဘဲ ၎င်းတို့ရဲ့ ကိုယ်ပိ်ုင် ပြဿနာများဖြေရှင်းပေးခြင်း၊ ခံနိုင်ရည် တည်ဆောက်ပေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ပိုမို အားကောင်းလာစေရန် ကူညီထောက်ပံ့ပေးလိုကြောငး် အလေးအနက်ထားအသိပေးပြောကြားအပ်ပါသည်။
လူအများစိတ်ပိုင်းဆိုင်ရာworkshop ကိုတက်ရောက်ပြီး စိတ်ခံစားမှုများပိုမိုကောင်းမွန်လာနေတဲ့အချိန်မှာ လူတစ်ချို့ဟာဆိုရင်ဖြင့် တစ်ဦးချင်း ဆွေးနွေးမှုများလိုအပ်နေပါသည်။ပြီးခဲ့တဲ့လအတွင်းလူပေါင်း၄၀၀ ကို တစ်နည်းမဟုတ်တစ်နည်း ဖြင့် ကူညီထောက်ပံ့ပေးနိုင်ခဲ့သည့် အတွက် ကျွန်တော်တို့အနေဖြင့်ဝမ်းသာပီတိဖြစ်မိပါသည်။
ဤ workshop သည်ကျွန်ုပ်တို့၏ အချို့သော အခမဲ့ပရိုဂရမ်များ (သို့မဟုတ်) အဖွဲ့အစည်းများမှ၎င်းတို့၏ ၀န်ထမ်းများကို ပံ့ပိုးပေးသော အနေဖြင့် ငွေပေးချေရသော ၀န်ဆောင်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ ရှိလူမှု အသိုင်းအဝိုင်း နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် အလို အလျောက်ထောက်ပံ့ပေးပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့၏စိတ်ခံစားမှုဆိုင်ရာဆွေးနွေးမှုပြုလုပ်ခြင်းသည်၀န်ဆောင်မှုခံယူသူများထံမှ ၎င်းတို့၏စိတ်ကျေနပ် မှု နှင့် စိတ်၀င်စားမှုမြင့်မားစွာ ရရှိသဖြင့် ဤဆွေးနွေးပွဲကိုအခြားသူများအားပြုလုပ်ရန်လည်း ကျွန်တော်တို့ အကြံပြုလိုပါသည်။
ဆွေးနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာကုထုံးများ အသုံးပြုခြင်းဖြင့် အခြားသူများ၏ ခံစားချက်နှင့်ဘဝကို ပိုမို ကောင်းမွန်လာအောင်ပြုလုပ်ပြီး၊ မိမိပတ်ဝန်းကျင်ကို အပြုသဘောဆောင်သည့် လူမှုရေးပြောင်းလဲမှု များ ဖြစ်ပေါ်လာအောင် ကျွန်ုပ်တို့ နှင့် အတူ အသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားနိုင်ရန်မျှော်လင့်ပါသည်။
ကျွနုပ်တို့အား ပံ့ပိုးပေးမှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
အထက်တွင်ဖော်ပြထားသော အချက်အလက်များ၊ ၀န်ဆောင်မှုများ နှင့်ပတ်သက်၍ မေးခွန်းများ (သို့မဟုတ်) အကြံပြုချက်များရှိပါက ကျွန်တော်တို့အား ဆက်သွယ်ကာ အကြံပြု၊ စုံစမ်းမေးမြန်းနိုင်ပါသည်။ လူသားများ အားလုံး စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ အကြောင်း အချင်းချင်း ပြောဆိုရာတွင် ပိုမိုလွယ်ကူစေရန်၊ အဖွဲ့စည်း အတွင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန်နှင့် မြန်မာပြည်ရှိ တစ်ဦးချင်း အပါအ၀င် အဖွဲ့အစည်းများအားလုံး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တိုးတက်အောင် လုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့အဖွဲ့အစည်းသည် အမြဲ အကူအညီ ပေးလျက်ရှိပါသည်။