ပညာရှင်အဆင့် Counsellors ကောင်းများပိုမိုပေါ်ထွန်းလာစေဖို့ Counselling Corner မှ Advanced Counselling Skills Training သင်တန်း

မြန်မာ၊ ရန်ကုန်၊ ဇွန် ( ၁ ) ရက်

မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ယခင်ကထက် စိတ်ပါဝင်စားသူ ပိုမို များပြား လာတာ သိရတဲ့ အတွက် ကျွန်တော်တို့ Counselling Corner မှများစွာ ဝမ်းသာဂုဏ်ယူမိပါတယ်။ စိတ်ကျန်းမာရေးသည် ယနေ့လူနေမှုဘ၀ ကို ပိုမို လွှမ်းမိုးလာနေသောကြောင့် ယင်းပြသာနာကို ကောင်းမွန်စွာ ဆွေးနွေးတိုင်ပင် ပေးနိုင်တဲ့ ပညာရှင် (Counsellor) များ မွေးထုတ်ပေးနိုင်ရန်အတွက်  Counselling Corner မှ အရည်အသွေးမြှင့်သင်တန်းများကို လစဉ် ဖွင့်လှစ်ပေးသွားနေပါသည်။  Counselling Corner သည် Basic Counselling Skills သင်တန်းကို (၅) ကြိမ်တိုင်တိုင် အောင်မြင်စွာ ဖွင့်လှစ်ပြီးခဲ့ပြီ ဖြစ်ပါသည်။ ဖွင့်လှစ်ခဲ့ပြီးတဲ့ သင်တန်းများကို နယ်ပယ်အသီးသီးမှ ပညာရှင်များ အပြင် ရန်ကုန်တက္ကသိုလ် စိတ်ပညာရပ် ဘွဲ့လွန်ပညာသင် ယူနေသော ကျောင်းသား/ ကျောင်းသူများလည်း တက်ရောက်ခဲ့ကြပါသည်။ “သင်တန်းကို အချိန်တိုတိုအတွင်း ထိထိရောက်ရောက်နဲ့ သင်ကြားပေးနိုင်ရန်အတွက် သင်တန်းသားဦးရေကို စိစစ်လက်ခံခဲ့ပါ သည်။  Counselling နှင့်ပတ်သတ်၍ အခြေခံအချက်များသိရှိပြီးသူများအနေနှင့် လည်း counselling အပိုင်းကို ထဲထဲ၀င်၀င်လေ့လာ နိုင်ရန် အတွက် Counselling Corner မှ Advanced Counselling Skills Training ကို ဇွန်လလယ်လောက်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အချိန်တိုတိုအတွင်း ထိထိမိမိသင်ကြားပေးနိုင်ရန်အတွက် သင်တန်းသားဦးရေကိုလည်း စိစစ်လက်ခံသွားမည်ဖြစ်ပါသည်။ Counselling Corner သည် ကမ္ဘာ့ကပ်ရောဂါကာကွယ် ရေးတွင်ပါ၀င်သည့် အနေဖြင့် သင်တန်းကို အွန်လိုင်းကနေ သင်ကြားသွာမည် ဖြစ်ပါသည်။ လက်တွေ့လုပ်ဆောင်ရမည့် လှုပ်ရှားမှု (activities) များကိုလည်း သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း အသေအချာ လိုက်နာကျင့်သုံးပြီး  သင်ကြားပေးသွားမှာ ဖြစ်ပါသည်။

Advanced Counselling Skills Training အတန်းကို Counsellor များ၊ မဟာတန်း ဆက်လက်တက်ရောက်မည့် စိတ်ပညာဘာသာရပ်ဆိုင်ရာ ကျောင်းသူ/ကျောင်းသားများ၊ ဘာသာရေးအကြံပေး ပုဂ္ဂိုလ်များ၊ ဆရာ/ ဆရာမများနှင့် အခြားသော ပညာရေး ဝန်ဆောင်မှုပေးသူများ၊ အိမ်(သို့မဟုတ်) လုပ်ငန်းခွင်တွင် အကြံဉာဏ်ပေးရသူများ (ဥပမာ – legal counsellor၊ general counsellor၊ သူနာပြု၊ ဝန်ထမ်းစီမံခန့်ခွဲရေးရာ၊ လူမှုရေး လုပ်ငန်းများတွင် ကူညီ လုပ်ဆောင်ပေးနေသူများ တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။

 

  အသေးစိတ်သိရှိလိုပါက panhtwarcounsellingcornermm@gmail.com; khinyuparcounsellingcornermm@gmail.com နှင့် 09664017251 / 09784509916 ကိုဆက်သွယ်နိုင်ပါ တယ်။

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading