June လ၁၂ရက်နေ့က အမေတွေကိုအဓိကထားပြီးတော့ Understanding Your Child Behaviour in Confinement ဆိုတဲ့ခေါင်းစဉ်နဲ့ Clinical Child Psychologist Ms. Wailee Kui က speaker အနေနဲ့ဦးဆောင်ပြောပေးတဲ့ workshop တစ်ခုပြုလုပ်ခဲ့တယ်။ အဲ့ workshop မှာတော့ ကိုဗစ်ဖြစ်နေချိန်မှာ lockdown ကြောင့် ကိုယ့်ရဲ့ကလေးရဲ့အပြုအမူတွေဘယ်လိုပြောင်းလဲလာနိုင်လဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပြောသွားတယ်။ အမေတွေအတွက်ဆိုပေမဲ့ တချို့ကလည်း ကျောင်းဆရာမတွေပါတယ်။ အကြမ်းအားဖြင့်အဓိကအချက်လေးချက်ကိုပြောသွားတယ်။ ဒီအချက်တွေကတော့ ၁။ play games ၂။ listen and acknowledge ၃။ say things openly and clearly ၄။ self-care တို့ဖြစ်ကြတယ်။
