Counselling Corner Newsletter (Myanmar) – ဇန်နဝါရီ ၂၀၂၃
အားလုံးကို စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာတဲ့ နှစ်သစ်လေးဖြစ်ပါစေဟု ဆုတောင်းရင်း စလိုက်ချင်ပါတယ်။ နှစ်တစ်နှစ်စတဲ့ အချိန်လေးဖြစ်တဲ့အလျောက် ပြီးခဲ့တဲ့နှစ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်ကောင်းလေးဖြစ်ပြီး Counselling Corner ကိုယ်တိုင်လည်း ပြန်လည်သုံးသပ်ချက်များပြုလုပ်ခဲ့ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ရာပေါင်းများစွာသော တစ်ဦးချင်းစီ နှစ်သိမ့်ဆွေးနွေးခြင်း(Individual Counselling)များပြုလုပ်ခဲ့ပြီး တကယ်အလုပ်များခဲ့တဲ့နှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်ုပ်တို့အတွက်လည်း ကိုယ်ရဲ့ချစ်ခင်ရတဲ့သူတွေ၊အရာတွေ ဆုံးရှုးခဲ့ရသူများကို သူတိုရဲ့ဆက်ဆံရေးတွေပိုကောင်းမွန်လာအောင်၊ စိတ်ဓာတ်ကျခြင်းတွေက ရုန်းထွက်နိုင်အောင် ဘဝအတွက်အလင်းရောင်တွေပြန်လည်ရနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ Counselling Cornerဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ INGOများ၊ပြည်သူလူထုအခြေပြုအဖွဲအ့စည်းများ၊ စီးပွားရေးကုမ္ပဏီများ ပုဂ္ဂလိကဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃မှာလည်း ပိုမိုလုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။ ကျွန်ုပ်တိုအဖွဲကို လက်ရှိမှာ ရန်ကုန်ရုံးကို ပူးပေါင်းသွားမယ့် Counsellor အသစ်နှစ်ယောက်၊ Singapore ကလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပေးနေတဲ့Counsellorတစ်ယောက်တို့ဖြင့် ထပ်မံအားဖြည့်ထားပါတယ်။ သူတို့ဘယ်သူတွေလဲဆိုတာ စိတ်ဝင်စားကြနေပြီလား? ကျွန်တော်တို့ရဲ့ …
Counselling Corner Newsletter (Myanmar) – ဇန်နဝါရီ ၂၀၂၃ Read More »