ဝန်ဆောင်မှုများ

ဝန်ဆောင်မှုများ

အလုပ်သမားများအား ဝိုင်းဝန်းကူညီမှု အစီအစဉ်

Employee Assistance Programe (EAP) ဆိုတာ ဘာလဲ။ (EAP) ဆိုတာက အလုပ်သမားများ ရင်ဆိုင်နေရတဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများ နှင့်  မိသားစုပြဿနာများ ဖြစ်ကြတဲ့  စိတ်ကျန်းမာရေး၊ မူးယစ်ဆေးစွဲလမ်းမှု၊ အိမ်ထောင်ရေး၊ မိဘအုပ်ထိန်းမှု၊ စိတ်ခံစားချက် ပြဿနာ၊ ငွေရေးကြေးရေ ပြဿနာ များကို အလုပ်ရှင် ဘက်က ကူညီပြီး ဝိုင်းဝန်းဖြေရှင်းပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ (EAP) သည် အလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာ  ပြဿနာများကြောင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်ထိခိုက်ခြင်းမှ ကာကွယ်ပေးသည်။ (EAP) သည် confidential ဖြစ်သော ကြောင့် သတင်းအချက်အလက်ပေါက်ကြားခြင်းကို စိုးရိမ်ရန်မလိုအပ်ပေ။ 1.  စိတ်ကျန်းမာရေးကောင်းမွန်အောင် ပြုမူနေထိုင်သင့်သောနည်းလမ်းများ (Wellbeing) စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ ဆိုတာဟာ လူသားတွေ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနိုင်ဖို့ မရှိမဖြစ်လိုအပ်နေသော …

အလုပ်သမားများအား ဝိုင်းဝန်းကူညီမှု အစီအစဉ် Read More »

မစ် Wailee

June လ၁၂ရက်နေ့က အမေတွေကိုအဓိကထားပြီးတော့ Understanding Your Child Behaviour in Confinement ဆိုတဲ့ခေါင်းစဉ်နဲ့ Clinical Child Psychologist Ms. Wailee Kui က speaker အနေနဲ့ဦးဆောင်ပြောပေးတဲ့ workshop တစ်ခုပြုလုပ်ခဲ့တယ်။ အဲ့ workshop မှာတော့ ကိုဗစ်ဖြစ်နေချိန်မှာ lockdown ကြောင့် ကိုယ့်ရဲ့ကလေးရဲ့အပြုအမူတွေဘယ်လိုပြောင်းလဲလာနိုင်လဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပြောသွားတယ်။ အမေတွေအတွက်ဆိုပေမဲ့ တချို့ကလည်း ကျောင်းဆရာမတွေပါတယ်။ အကြမ်းအားဖြင့်အဓိကအချက်လေးချက်ကိုပြောသွားတယ်။ ဒီအချက်တွေကတော့ ၁။ play games ၂။ listen and acknowledge ၃။ say things openly and clearly ၄။ self-care တို့ဖြစ်ကြတယ်။

မြန်မာ Parenting

Myanmar Parenting နဲ့ပူးပေါင်းပြီးတော့ မိခင်တွေ အတွက်သီးသန့် training တစ်ခုပြုလုပ်ခဲ့တယ်။ Coping with Anxiety, Anger, Stress ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုဗစ်ကာလမှာ စိုးရိမ်ပူပန်နေတဲ့သူတွေအတွက် group therapy အလုပ်ရုံဆွေးနွေးပွဲ ၂ခု ပြုလုပ်ပေးခဲ့တယ်။ ဒီ အလုပ်ရုံဆွေးနွေးပွဲကြောင့် စိတ်ဖိစီးနေတာတွေကို အချင်းချင်းဘယ်လိုမျှဝေမလဲ၊ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာအပြင် အခုလိုဖြစ်နေတာတွေက ကိုယ်တစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘူးဆိုတာ သိရှိ သွားကြပါတယ်။ အောက်ကလင့်မှာ၀င်ရောက်လေ့လာနိုင်ပါတယ်။

Yangon Pride , Mental health activities

Counselling Corner activities at Mahabandoo la Park. ဇန်နဝါရီလ ၂၄၊၂၅၊၂၆ ရက်နေ့များမှာ &Proud ကကျင်းပခဲ့တဲ့ Yangon Pride ပွဲကြီးမှာ Counselling Corner ကနေ စိတ်ကျန်းမာရေး နဲ့ပတ်သက်တဲ့ လှုပ်ရှားမှာတွေ အမျိုးမျိုးပြုလုပ်ခဲ့ခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ပါတယ်။  ဒီ လှုပ်ရှားမှုတွေမှာ အဓိကအားဖြင့် စိတ်ထွက်ပေါက်မရှိ ဖြစ်နေတဲ့အချိန်တွေမှာ ကိုယ့်ခံစားချက်ကို ဖော်ပြနိုင်ဖို့ ၊ စိတ်အေးချမ်းမှု ရစေဖို့အတွက် အခြေခံထားပါတယ်။ လိင်နဲ့ အသက်မရွေးဘဲ ပွဲကို လာရောက်တဲ့ လူတိုင်းကို မိမိခံစားချက်တွေကို ဖော်ပြဖို့ယုံကြည်မှုရှိလာအောင် စာရွက်တွေ၊ ကတ်ထူအကြီးကြီးတွေအပေါ်မှာ ပုံတွေဆွဲစေပြီးတော့ ခံစားနေရတာတွေ၊ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို ချရေးဖို့ တိုက်တွန်းခဲ့ပါတယ်။  လူတော်တော်များများ ပါဝင်ခဲ့ကြတဲ့အတွက်  ပွဲလုပ်ခဲ့တဲ့ ၃ရက်မှာ ပုံပေါင်း ၁၀၀၀ ကျော်လောက် …

Yangon Pride , Mental health activities Read More »

Call me today (Phone line counselling training)

April လတုန်းက Call Me Today မှာ volunteer လုပ်နေသူတွေအတွက် phone line counselling training ကို ၃ရက်အခမဲ့ပေးခဲ့ပါတယ်။ နောက်ထပ် အလားတူ training ကိုပဲ စိတ်ဝင်စားလို့ တက်ရောက်တဲ့သူတွေကိုလည်း ၃ရက် အခမဲ့ ပေးခဲ့ပါတယ်။

Honest Hour

မြန်မာနိုင်ငံရှိprofessional online counselling services ပေးနေတဲ့အဖွဲများထဲက Honest Hours တည်ထောင်သူများသည် Counselling Cornerမှ Basic Counselling Skills Training Course နှင့် Advanced Counseling Training Courseတတ်မြောက် ပြီးသူများဖြစ်ကြပါသည်။ Online & Phoneline Counselling Workshopကိုပါ Call me Today အဖွဲ့နှင့်အတူတတ်မြောက်ထားရှိသူများလဲဖြစ်ပါသည်။ သူတို့သည်ACA Guidelineများအောက်မှcounsellingပြုလုပ်ပေးနေသောအဖွဲ့အစည်းဖြစ်ပြီး Counselling Corner Founder Therapist ဖြစ်သူ ဆရာအောင်မင်းသိန်းထံတွင်လဲ supervision ပုံမှန်ရယူကာအလုပ်လုပ်နေသောအဖွဲလဲဖြစ်ပါသည်။