မေလ၂၀၂၃သတင်းစာစဉ်
Social Media နှင့် စိတ်ကျန်းမာရေး

သင်Social Media ကိုစိတ်စွဲလမ်းနေပြီလား?
လူတော်တော်များများကတော့ သူတို့ဟာSocial Mediaကိုစွဲလမ်းနေတယ်လို့ပြောမှာမဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်တို့ဟာ social mediaတွေပေါ်မှာ ဓာတ်ပုံတွေ၊videoတွေ၊သတင်းတွေကြည့်ရင်း အချိန်ဘယ်လောက်ကုန်သွားလဲ သတိမထားမိလိုက်ပါဘူး။
ကျွန်တော်တို့ဟာ Social Networkတွေအသုံးပြုရင်း၊ဖုန်းပေါ်မှာပဲ အာရုံစိုက်ရင်း ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကို ဂရုမစိုက်မိတာမျိုးရှိတက်တာကို သတိထားဖို့လိုပါတယ်။
လူတွေဟာ ယခုချိန်မှာ မကျေမနပ်ဖြစ်တာတွေ၊စိတ်ပျက်အားလျော့တာတွေ၊ဒေါသထွက်တာ၊စိုးရိမ်တာ၊စိတ်ဖီးစီးတာ၊ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ပင်ပန်းတာမျိုးတွေခံစားရနိုင်ပါတယ်။ Social Media မှာတစ်ခုခုတင်လိုက်တဲ့အခါ လိုချင်တဲ့ အာရုံစိုက်မှုတွေ၊Likeတွေရပြီး လက်ရှိဖြစ်ရပ်မှန်အဖြစ်အပျက်တွေကို မေ့လျော့သွားစေနိုင်ပါတယ်။ ကိုယ့်ရဲ့ Online Friendတွေဆီကနေ လေးစားမှုတွေရလေ ကိုယ်ကအဖြစ်မှန်တွေနဲ့ဝေးသွားလေ ကိုယ့်ရဲ့ပတ်ဝန်းကျင်က မိသားစု၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆက်ဆံမှုတွေထိခိုက်လေ ဖြစ်တတ်ပါတယ်။ ဒါတွေက ကိုယ့်ရဲ့ဘဝကို ဆုတ်ယုတ်မှုတွေ၊ အထီးကျန်ဆန်မှုတွေကို ဦးတည်စေတနိုင်ပါတယ်။
ဘဝကဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ၊ တစ်ယောက်တည်းရင်ဆိုင်ဖို့မလိုအပ်ပါဘူး။ ကိုယ့်နားက သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေ၊မိသားစု၊အိမ်နီးချင်းတွေနဲ့ ချိတ်ဆက်ပြီး သူတို့ကကိုယ့်ရဲ့အခက်အခဲတွေကူညီဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်ကိုတိုင်ကလည်း သူများတွေကို တတ်နိုင်သလောက်ကူညီပေးရင်း အချိတ်အဆက်ကောင်းတွေတည်ဆောက်ဖို့လိုအပ်ပါတယ်။
မေလမှာတော့ Social Media နှင့်ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ workshopတွေwebinar တွေမှာဆွေးနွေးခဲ့ပါတယ်။ အကယ်လို့ မကြည့်ဖြစ်လိုက်ရင် အောက်ပါ YouTube linkတွေမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်။
Roles of social media in Mental Well-being (Counsellor Marlo) – YouTube
Signs social media is impacting mental well-being (Counsellor Eingyin Zaw) – YouTube
မြင်ကွင်းနောက်ကွယ်-ရွှံ့စေးWorkshopများ

ပြီးခဲ့တဲ့နှစ်မှစပြီး Counselling Corner ကနေမြန်မာပြည်သူလူထုအတွက် ခံစားချက်များပိုဖော်ထုတ်နိုင်ဖို့ ရွှံ့စေးWorkshopများကို ပထမဆုံးစတင်မိတ်ဆက်ပေးခဲ့ပါတယ်။
လတ်တလောမုန်တိုင်းသတင်းတွေအပြီးမှာ အမိကမ္ဘာမြေကြီးက ဘယ်လောက်အားကောင်းကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ သဘာဝရွှံ့စေးကိုအသုံးပြုပြီး ကြိုက်သလိုပုံသွင်းလို့ရအောင်စီစဉ်ထားပါတယ်။
ဦးဆောင်တဲ့ Counsellor နှင့် နောက်ခံတေူဂီတသံလေးတွေကလည်း ပါဝင်သူတွေကို မိမိရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုတွေးတောပြီး ရွှံ့ရုပ်လေးတွေအဖြစ်ပြောင်းလဲဖို့ ကူညီပေးနိုင်ပါတယ်။ ၂၀-၃၀မိနစ်ခန့် ကိုယ့်ရဲ့အတွေးတွေထဲမှာနစ်မြောပြီး လုပ်ဖြစ်ခဲ့တဲ့ ရွှံ့ရုပ်လေးတွေကို တခြားပါဝင်သူတွေကိုပြပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ဝေဖန်ချင်းမရှိတဲ့ပတ်ဝန်းကျင်တစ်ခုမှာ မျှဝေလို့ရပါတယ်။
ဒီWorkshopရဲ့ သက်ရောက်မှုတွေကအံ့အားသင့်ဖို့ကောင်းပါတယ်။ပါဝင်သူတွေအတွက် ပထမဆုံးကြိမ်အနေနဲ့ သူတို့ရဲ့ ချစ်ခြင်း၊ဒေါသထွက်ခြင်း၊ပူဆွေးသောကရောက်ခြင်း၊စိုးရိမ်စိတ်လွန်ကဲခြင်း စတဲ့ခံစားချက်တွေကို ပထမဆုံးအနေနဲ့ စဉ်းစားပြီး ဖော်ပြတာမျိုးဖြစ်ခဲ့ပါတယ်။ Counsellor တွေရဲ့အကူအညီတွေနဲ့လည်း ပါဝင်သူအချင်းချင်း အားပေးကြတာ၊ဒီလိုခံစားချက်တွေကို ဘယ်လိုဖြတ်ကျော်ခဲ့လည်းဆိုတဲ့နည်းလမ်းဝေမျှတာတွေပါဝင်ပါတယ်။ ဒါကတကယ် အကုန်အကျသက်သာပြီး တစ်ယောက်နဲ့တစ်ယောက်ပိုချိတ်ဆက်စေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။
Counselling Corner မှဝန်ဆောင်မှုများ

ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဘာလို့ဝန်ဆောင်မှုတွေအစီအစဉ်တွေအများကြီးလုပ်လဲလို့ မေးခံရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စိတ်ကျန်းမာရေးအခြေအနေတွေတိုးတက်စေဖို့အတွက်ဖြစ်လို့ ကျွန်တော်တို့ဟာလိုအပ်တဲ့နေရာတွေမှာဦးဆောင်လုပ်ကိုင်နေပါတယ်။ အကျဉ်းချုပ်အားဖြင့်
-တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးခြင်း(လူတွေ့ သို့မဟုတ် Zoomမှ)
-သင်တန်းပို့ချမှုများ(မြန်မာနိုင်ငံတွင်း အသက်မွေးဝမ်းကျောင်းပြုတဲ့ Counsellor တွေပိုမိုပေါ်ပေါက်လာဖို့ အရည်အသွေးတည်ဆောက်ခြင်း)
-ကာကွယ်ခြင်း(Workshop ၊Webinar များမှတဆင့် ကိုယ်တိုင်ကူညီနိုင်အောင် လိုအပ်သည့်ဗဟုသုတများဝေမျှခြင်း)
-လူထုတိုးတက်မှုလုပ်ငန်းများနှင့် အသိပညာမျှဝေခြင်း(အယူအဆမှားများလျှော့ချရန်နှင့် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာပြည့်စုံမှုများတိုးတက်လာစေရန်)
-EAP programs(ဝန်ထမ်းများထောက်ပံ့မှုအစီအစဉ်များ)(သင့်ရဲ့ဝန်ထမ်းများကို စိတ်ကျန်းမာရေးပိုမိုသန်မာလာစေရန်)
-သုတေတနလုပ်ငန်းများ(မြန်မာပြည်တွင်းက စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး ပိုမိုတိကျတဲ့ ကိန်းဂဏန်းတွေ၊ထုတ်ဝေမှုတွေရရှိရန်)
-တိုင်ပင်ဆွေးနွေးခြင်း(မိမိစိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီးဖြစ်စေ၊ မိမိတို့မိသားစုရဲ့စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ဖြစ်စေ တိုင်ပင်ဆွေးနွေးခြင်း)
-ကြီးကြပ်မှုများ(Counsellor သစ်များကိုစဉ်ဆက်မပြတ်ကူညီထောက်ပံ့နိုင်ရန်
တစ်ဦးချင်းဝန်ဆောင်မှုများနှင့်ပတ်သတ်၍ Counselling Corner Facebook စာမျက်နှာထိပ်ဆုံးမှာကြည့်ရှုနိုင်ပါသည်။https://www.facebook.com/counsellingcornermyanmar
Counselling Corner မှဝန်ဆောင်မှုများကို ဝယ်ယူသည့်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများအတွက်သာမက မြန်မာပြည်သူလူထုများကို အခမဲ့သို့မဟုတ် သက်သာသောစျေးနှုန်းများဖြင့် ဝန်ဆောင်မှုများအစီအစဉ်များလုပ်ဆောင်နိုင်အောင်ကူညီပေးနိုင်တာကြောင့် ကျွန်တော်တို့ဘက်မှအများကြီးအသိအမှတ်ပြုချင်ပါတယ်။
မြန်မာနိုင်ငံအတွင်းစိတ်ဓာတ်ကျခြင်းနဲ့ပတ်သတ်တဲ့ သုတေသနပြုခြင်းကို လူပေါင်း ၂၈၅၀မှပါဝင်ဖြေဆိုပေးပါတယ်

Dutch University အသုံးချသိပ္ပံပညာရပ်ဌာနနှင့်တွဲဖက်လုပ်ကိုင်တဲ့ သုတေသနပြုခြင်းမှာပါဝင်ပေးဖို့ တောင်းဆိုရာမှာ လူပေါင်းများစွာဝင်ဖြေပေးတာကိုတွေ့ရပါတယ်။ PHQ 9နည်းလမ်းကို အသုံးပြုပြီး ဘာသာပြန်သုတေသနစာဆောင်မှာ နိုင်ငံအဝှမ်းနှင့်ပြည်ပမှ မြန်မာလူမျိုး ၂၈၅၀ ဝင်ဖြေပေးခဲ့ပါတယ်။
Dutch University ဘက်မှ အချက်အလက်တွေကို ဆန်းစစ်ပြီး အစီရင်ခံစာတစ်ခုထုတ်ဖို့လုပ်ကိုင်နေပါတယ်။
အကယ်လို့ ရလဒ်တွေဘယ်လိုရှိမလဲဆိုတာ ၂ လအတွင်းထွက်လာမှာမို့ စိတ်ဝင်စားတယ်ဆို ပြောပေးပါဦးနော်။
သုတေသနတွေကိုကူညီဖြည့်ပေးကျတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်။
အခြေခံနှစ်သိမ့်ဆွေးနွေးခြင်း သင်တန်း

Counselling Corner ကိုစတင်တည်ထောင်တဲ့ လွန်ခဲ့တဲ့ ၅နှစ်ကစတင်ပြီး ကျွန်တော်တို့ဟာ သူတို့ရဲ့ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာကောင်းမွန်ခြင်းတွေပိုမိုနားလည်တိုးတက်လာအောင်၊Counselling ကိုယေဘုယျအားဖြင့်သိရှိအောင်၊အခြားသူတွေကိုပိုမိုကူညီနိုင်အောင်လူပေါင်း ၁၀၀၀ကျော်ကို ဒီသင်တန်းကနေသင်ကြားပို့ချပေးခဲ့ပါတယ်။Counselling ကို အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ခြေလှမ်းအစပဲဖြစ်ပါတယ်
သင်တန်းအတွင်းမှာပို့ချပေးတဲ့ခေါင်းစဉ်တွေကတော့
နေ့ရက် | ခေါင်းစဉ် |
Day 1 | What is counselling? နှစ်သိမ့်ဆွေးနွေးခြင်းဆိုတာဘာလဲ? |
Day 2 | Role of a counsellor Counsellor တစ်ယောက်၏ အခန်းကဏ္ဍ |
Day 3 | Natural Helping Style ပင်ကိုယ် ကူညီသည့်ပုံစံ |
Day 4 | Essential counselling skills အရေးကြီးသော Counselling စွမ်းရည် |
Day 5 | Communication ဆက်ဆံရေး |
Day 6 | Values တန်ဖိုးများ |
Day 7 | Counselling Skills in Depth Counselling အရည်အချင်းများကို အတွင်းကျကျလေ့လာခြင်း |
Day 8 | Starting/Terminating Session စတင်ခြင်း/ပြီးဆုံးခြင်း ဆက်ရှင်များ |
Day 9 | Principles for Counselling Counselling ၏ဥပဒေသများ |
Day 10 | Recap နှင့် လေ့ကျင့်ချင်း |
အခြေခံနှစ်သိမ့်ဆွေးနွေးမှုသင်တန်းတွင် ရရှိသွားနိုင်သည့်အရည်အချင်းများ
-Counselling ၏အခြေခံများ
-အရေးကြီးသော Counselling စွမ်းရည်များ
-Counselling အရည်အချင်းများကို အတွင်းကျကျလေ့လာခြင်း
-တန်ဖိုးနှင့် ယုံကြည်မှု
-Counsellor တစ်ယောက်တွင်ရှိသင့်သည့် အရည်အချင်းများဖြစ်သည့် လိုက်လျောညီထွေဖြစ်ခြင်း၊စိတ်ချင်းစာနာစိတ်ရှိခြင်း၊စူးစိုင်နိုင်ခြင်း၊ဝေဖန်ကဲ့ရဲ့မှုမရှိခြင်း၊ ခြွင်းချက်မရှိ အပြုသဘောဆောင်သော လေးစားမှု နှင့် ကျွမ်းကျင်မှု
-Counsellor တစ်ယောက်၏အခြေခံကျင့်ဝတ်များ
ဒီသင်တန်းကနေပြီးသွားတဲ့သင်တန်းသားတွေကဘာပြောလဲဆိုရင်
“အခြား MHPSS သင်တန်းတွေတက်ခဲ့ဖူးပေမယ့် Counselling Corner ကသင်တန်းကတော့ ကျွန်တော်သင်ဖူးခဲ့သမျှထဲမှာ ပိုကောင်းပါတယ်”
“ကျွမ်းကျင်မှုအသစ်တွေသင်ယူဖို့ သင်တန်းတွင်းမှာအပြန်အလှန်ဆွေးနွေးရတာတွေကို ကြိုက်နှစ်သက်တယ်”
“မိမိကိုယ်ကိုနားလည်ဖို့အများကြီးကူညီပေးတယ်”
“သင်တန်းတက်ပြီး ကိုယ့်ရဲ့ကလေးတွေကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံစိတ်ချတဲ့နေရာလေးဖန်တီးပေးဖို့ ပိုသိရှိလာတယ်”
အကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် သင်တန်းကို ဇွန်လ၅ရက် တနင်္လာနေ့(ရုံးဖွင့်ရက်-၆နာရီမှ၈နာရီ၊ Online ၊မြန်မာဘာသာဖြင့်) ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပိုမိုသိရှိလိုလျှင်-https://counsellingcornermyanmar.com/about-basic-counselling-skills-training/
CounsellingCornerနှင့်ပတ်သတ်၍မေးခွန်းများ၊အကြံပြုချက်များ၊ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လိုရပါသည်။ ကျွန်ုပ်တို့အနေနဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။
အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက
Email-talk-to-us@counsellingcornermyanmar.com
ဖုန်းနံပါတ်-09 785 074 173, 09 784 509 916