Feedback from Basic Counselling Skills Training Student

Counselling Corner မှာ Basic Counselling Course ကို Scholarship Program နဲ့ တက်ခွင့်ရတဲ့အတွက် ကိုယ့်လက်တွေ့ဘဝနဲ့ အလုပ်မှာ ဘာတွေ ပြောင်းလဲ အကျိုး ရှိသွားစေလဲဆိုတော့…

Story Collecting လုပ်တဲ့အခါ တွေ့ဆုံရတဲ့သူတွေနဲ့ စကားပြောဆို မေးမြန်းတဲ့အခါ သူတို့တွေရဲ့ စိတ်ဒဏ်ရာကို ထပ်မံတူးဆွ ဒဏ်ရာရသလို မဖြစ်အောင်၊ သူတို့ရဲ့ ဖြစ်ရပ်တွေကို ကိုယ်က ဝင် Judgement လုပ်ပြီး ပြောဆိုတာမျိုး မဖြစ်အောင်၊ သတိထားရမယ့် အချက်တွေ သိထားရမယ့် အချက်တွေကို ပိုမို သိရှိ နားလည်လာပါတယ်။ လက်တွေ့မှာလည်း ကျင့်သုံးဖြစ်ပါတယ်။

စိတ်ဒဏ်ရာတွေ၊ စိတ်ကျန်းမာရေးတွေရဲ့ အခြေခံသဘောတရားကိုလည်း ပိုမို နားလည်လာပြီး လက်တွေ့မှာ အသုံးချဖြစ်တဲ့အတွက် လက်ရှိ ကူညီ လုပ်ကိုင်နေရတဲ့ အလုပ်တွေမှာ အသုံးဝင်ဝင်  အသုံးချဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း လူတွေကို ကူညီပေးရတဲ့ အလုပ်တွေမှာ ကြိုးစား လေ့လာကြည့်ချင်ပါတယ်။

နောက်ထပ် လုပ်ငန်းခွင်နဲ့ မသက်ဆိုင်ဘဲ ပြောင်းလဲလာတာတော့ လူတွေကို ကူညီပေးချင်တဲ့စိတ်၊ စိတ်ကျန်းမာရေးကြောင့် တခုခု အဆင်မပြေတဲ့သူတွေကို နှစ်သိမ့် ဆွေးနွေး နားထောင် ကူညီပေးလိုတဲ့ စိတ်နဲ့ သူတို့ကို ကိုယ်က Mental Well-being နဲ့ ပတ်သက်လို့ ကူညီ အကြံပေးလိုက်တာတွေ၊ ညွှန်းပေးလိုက်တာတွေ၊ ကိုယ်ချင်းစာပေးလိုက်တာတွေ ပိုလုပ်ပေးဖြစ်ပါတယ်

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading