Basic Counselling Skills Training သင်တန်း ပထမဆုံးအတန်း စတင်မိတ်ဆက်

သတင်းကြေညာချက် ရန်ကုန်၊ မြန်မာ မတ်လ (၁၂) ၊ ၂၀၂၀

ဆွေးနွေးတိုင်ပင်အကြံပေးပညာရှင် (counsellor) ကောင်းများပိုမိုပေါ်ထွန်းလာစေရေး အရည်အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်မည်။ မတ်လ ၁၂ ရက် ၂၀၂၀ ခုနှစ်၊ ရန်ကုန်မြို့ – မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ ကောင်းမွန်စွာ ဆွေးနွေးတိုင်ပင်အကြံပေးနိုင်သည့် ပညာရှင် counsellorများ များစွာလိုအပ်နေ သေးကြောင်း လက်တစ်လော စစ်တမ်းတစ်ခုက ဖော်ထုတ်ထားရာ ယင်းကွက်လပ်ကို ဖြည့်ဆည်းရန် အတွက် ဆွေးနွေးတိုင်ပင်အကြံပေး ပညာရှင် (counsellor) ကောင်းများ ပိုမိုပေါ်ထွန်းလာစေရေးအတွက် အရည်အသွေးမြှင့်တင်ပေးသော သင်တန်းများကို Counselling Corner ကနေ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေး သွားပါမည်။ 

Counselling Corner ၏ ပထမဆုံး Basic Counselling Skills သင်တန်းကို ဖေဖော်ဝါရီလ အတွင်းအောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ပါသည်။ “သင်တန်းကို အချိန်တိုတိုအတွင်း ထိထိရောက်ရောက်နဲ့ သင်ကြားပေးနိုင်ရန်အတွက် သင်တန်း တက်မည့် လူဦးရေကို စိစစ်လက်ခံခဲ့ပါတယ်။  မြန်မာနိုင်ငံမှာ counselling ကို စိတ်ပါဝင်စားတဲ့သူတွေ များလာတဲ့အတွက် အခြေခံသင်တန်းအပြင် အဆင့်မြင့်သင်တန်းတွေကိုပါ ဆက်လက်ဖွင့်လှစ်ပေးသွားမှာပါ” ဟု Counselling Corner တည်ထောင်သူ ဦးအောင်မင်းသိန်းက ပြောပါသည် ။ 

ဒုတိယအကြိမ် အခြေခံ သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး Lay Counsellor များ၊ မဟာတန်း ဆက်လက်တက်ရောက်မည့် စိတ်ပညာဘာသာရပ်ကျောင်းသူ/ကျောင်းသားများ၊ ဘာသာရေးအကြံပေး ပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမများနှင့် အခြားသော ပညာရေး ဝန်ဆောင်မှုပေးသူများ၊ အိမ်(သို့မဟုတ်) လုပ်ငန်းခွင်တွင် အကြံဉာဏ်ပေးရသူများ (ဥပမာ – legal counsellor၊ general counsellor၊ သူနာပြု၊ ဝန်ထမ်းစီမံခန့်ခွဲရေးရာ၊ လူမှုရေး လုပ်ငန်းများတွင် ကူညီ လုပ်ဆောင်ပေးနေသူများ တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။ အခြေခံ သင်တန်းတက်မြောက် ပြီးစီးပြီးသူများအတွက် အဆင့်မြင့် Advanced Counselling Skills သင်တန်းကိုလည်း မေလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

 

 

အသေးစိတ်သိရှိလိုပါက admin@counsellingcornermyanmar.com; info@counsellingcornermyanmar.com နှင့် 09664017251 / 09784509916 ကိုဆက်သွယ်နိုင်ပါ တယ်။

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading