Counselling Corner သတင်းစာစဉ် – ဩဂုတ်လ ၂၀၂၃
Counselling Corner အတွက်တော့ အလုပ်များတဲ့လတစ်လပါပဲ။ Counsellor အသစ်တွေထပ်ခေါ်ခြင်းနဲ့ အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာပြည်နယ်တစ်ဝန်းကို ခြေဆန့်ပြီး Workshop တွေလုပ်ခဲ့သလို၊ အချင်းချင်းဂရုစိုက်နိုင်လာအောင် Training တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မှာတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူထုအကျိုးပြုဝန်ဆောင်မှုတွေကိုကြိုးစားဆောင်ရွက် နေတာဖြစ်ပြီး သိပ်မကြာခင်မှာ MNTV ကနေလည်းထုတ်လွှင့်သွားဖို့ရှိပါတယ်။ တစ်ဦးချင်း Client တွေနဲ့ စုံတွဲ Clients များစွာလည်း စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့ Counselling Corner နဲ့ဆက်သွယ်မှုများပြု လုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့အပြင် Monday တိုင်းမှာပြုလုပ်နေတဲ့ Free Consultation မှာလည်း လာရောက်သူတွေပိုမိုများပြားလာတာကို မြင်တွေ့ရပါတယ်။ တချို့တွေကတော့ မိသားစုဝင်များကို ဘယ်လိုကူညီရမလဲဆိုတာကို သိချင်လို့ ကိုယ်စားလာကြတာရှိသလို အများစုကတော့ မိမိကိုယ်တိုင်အတွက် လာကြသူများပါတယ်။ Counselling Corner က ကောင်ဆယ်လ်လာ မမို့နဲ့ အာဟာရပညာရှင် ဒေါက်တာ အိအိမင်းတို့ကလည်း စိတ်ကျန်းမာရေးအပေါ်အစားအစာတွေရဲ့အရေးပါပုံကိုလည်း စကားဝိုင်းလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ တကယ်လို့ မကြည့်ဖြစ်လိုက်ဘူးဆိုရင်တော့ ဒီလင့်မှတဆင့်ကြည့်နိုင်ပါသည်
မသန်စွမ်းခြင်းအကြောင်း

ဩဂုတ်လအတွင်းမှာတော့ မသန်စွမ်းသူများနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ မသန်စွမ်းသူများကိုနားလည်လာကာ မသန်စွမ်းသူနဲ့မသန်စွမ်းမှုမရှိသူ နားလည်မှုနှင့်အတူယှဉ်တွဲနေထိုင်ဖို့အရေးကြီးကြောင်းရှင်းပြခဲ့ပြီး လွဲမှားနေသော အယူအဆများစွာ ရှိတာကြောင့် ခွဲခြားခြင်းများ ရှုံချခြင်းများကိုလျော့ကျဖို့အတွက်နည်းလမ်းများကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ မသန်စွမ်းဆိုတာရောဂါမဟုတ်ပါဘူး။ လွဲမှားနေတာလည်းမဟုတ်ပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၁၅ရာခိုင်းနှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ(သို့မဟုတ်)စိတ်ပိုင်းဆိုင်ရာမှာ မသန်စွမ်းမှုနဲ့နေထိုင်နေရကြပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားဖို့လိုတာက မသန်စွမ်းမှုအားလုံးတိုင်းဟာမျက်စိနဲ့မမြင်ရတာကြောင့် ကျွန်ုပ်တို့ရဲ့ ပြောစကားများ၊အပြုအမူများဟာ မသိလိုက်ဘဲ တခြားသူတစ်ဦးအတွက် အရှက်သွားစေနိုင်ပါတယ်။
မသန်စွမ်းမှုကို တကယ်မရှိသလို လျစ်လျူရှုထားတာကလည်း အဆိပ်အတောက်အကောင်းမြင်စိတ်ဖြစ်နိုင် ပြီး လက်တွေ့မကျတဲ့မျှော်လင့်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ တစ်ဖက်မှာလည်း သနားပြတာ၊အရမ်းစာနာပြ နေတာကလည်း အကူအညီမဖြစ်နိုင်ဘဲ ခွဲခြားဆက်ဆံနေတာက မသန်စွမ်းသူများအတွက် ပိုပြီးစိတ်ထိခိုက်စေနိုင်ပါတယ်။
လူအဖွဲ့အစည်းအတွင်း အကူအညီဖြစ်စေမယ့် အကြုံပြုချက်တွေကတော့-
-မသန်စွမ်းမှုများနှင့်ပတ်သက်၍ နားလည်ရန်လေ့လာခြင်း
-မိမိနားလည်လိုသည့်အရာများ၊သိလိုသည့်အရာများကို ကောင်းမွန်သောရှုထောင့်မှ ပွင့်ပွင့်လင်းလင်းမေးမြန်းခြင်း
-Treat people like a human being. လူကို လူကဲ့သို့မြင်ကာ လူသားဆန်စွာဆက်ဆံခြင်း
-ခွဲခြားခြင်း၊စော်ကားခြင်းဖြစ်စေမည့် အပြုအမူ၊စကားများကို ရှောင်ရှားခြင်း
-မသန်စွမ်းသူများအကြောင်း အသိပညာပေးရန်အတွက် ကမ်ပိန်းများ၊ ဆွေးနွေးပွဲများ၊ လက်ကမ်းကြော်ငြာများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ပါ။
-နေ့စဉ်ဘဝ၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဖျော်ဖြေရေးတွေမှာ ပါဝင်ဖို့ စဉ်းစားပါ။
-အနိုင်ကျင့်မှု၊ တန်းတူညီမျှအခွင့်အရေးမရှိမှု၊ စာနာခြင်းကင်းမဲ့မှုအတွက် သတိပြုတားဆီးပါ။
ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် မသန်စွမ်းခြင်းနှင့်ပတ်သက်ပြီး အယူအဆလွဲမှားမှုတွေလျော့ကျလာပြီး မသန်စွမ်းသူများအနေနဲ့ အများတန်းတူပါဝင်လာပြီး အရည်အချင်းများပိုမိုများပြားလာမှာဖြစ်ပါတယ်။
အင်္ဂါနေ့ဖေ့စ်ဘွတ်ခ်တိုက်ရိုက်ထုတ်လွှင့်မှုအပြင် Counselling Corner ကနေပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တွေမှာလည်း အခမဲ့Workshop တွေပြုလုပ်ပေးနေပြီး ပါဝင်သူများကို မသန်စွမ်းမှုအကြောင်းကို ပိုမိုနားလည်လာဖို့အတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ထို Workshop တစ်ခုမှာပါဝင်ကြည့်သင့်ပါတယ်။ အခမဲ့ဖြစ်ပြီးအထောက်အကူဖြစ်စေမှာပါ။
Self-discovery Journey Workshop

Counselling Corner အဖွဲ့သည် workshop အသစ်၊အစီအစဉ်အသစ်တွေပြုလုပ်တိုင်း ကိုယ်ကိုယ်တိုင် အရင်ပါဝင်ခံစားကြည့်ကြပါတယ်။ အခုအသစ်ပြုလုပ်ထားတဲ့ Story Telling workshop ကိုလည်း Counsellor များအပါအဝင် တစ်ဖွဲ့လုံးအတူတူပါဝင်ပြီး ကိုယ့်ငယ်ဘဝအကြောင်းများကို မျှဝေခဲ့ကြပါတယ်။ ငယ်ဘဝမှာဖြစ်ခဲ့တဲ့အရေးကြီးအဖြစ်အပျက်တွေ၊ ခံစားချက်တွေနဲ့ ငယ်ဘဝက ကိုယ့်ရဲ့ဘဝတစ်လျှောက်ကို ဘယ်လိုလွှမ်းမိုးနေလဲဆိုတာတွေကို ရှာဖွေခဲ့ကြပါတယ်။
ပါဝင်ခံစားပြီးနောက်မှာ သိလိုက်တာကတော့ ဒါကမိမိကိုယ်ကိုနားလည်ဖို့၊မိမိငယ်ဘဝမှာကြုံခဲ့ရတဲ့ ပူဆွေးသောကတွေ၊မကောင်းတဲ့အမှတ်တရတွေ၊အကြောက်တရားတွေကို ရင်ဆိုင်ဖြတ်ကျော်ပြီး စိတ်ပိုင်း ဆိုင်ရာကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် အရမ်းကောင်းတဲ့ workshop တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ Workshop မှာ ကောင်ဆယ်လ်လာနောက်တစ်ယောက်က လိုအပ်လာရင် တစ်ဦးချင်းအထောက်အပံ့ပေးနိုင်ဖို့အတွက်အသင့်ရှိသွားမှာဖြစ်ပါတယ်။
နောက်ထပ် workshop တစ်ခုကိုတော့ ဩဂုတ်လ ၂၇ရက် တနင်္ဂနွေနေ့မှာ မနက် ၉နာရီကနေ နေ့လယ်၁၂နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး အခကြေးငွေတစ်စိတ်တစ်ပိုင်းထောက်ပံ့ပေးထားတာကြောင့် လူတစ်ယောက်ကို ၁၀၀၀၀ကျပ်ကုန်ကျမှာဖြစ်ပါတယ်။ ဒီလင့်မှာစာရင်သွင်းရန်:
Intermediate Counseling Skills Training ပြီးမြောက်အောင်မြင်သွားသော မြန်မာနိုင်ငံမျက်မမြင်အသင်းမှ အဖွဲ့ဝင်(၂၀)ဦးအား ဂုဏ်ပြုပါသည်။
ပြီးခဲ့သည့်နှစ်များအတွင်း Counselling Corner သည် လူရာပေါင်းများစွာကို အမေရိကန်စိတ်ပညာရှင် Carl Rogers မှ စတင်ပြုစုခဲ့တဲ့ လူပုဂ္ဂိုလ်ဗဟိုပြုစိတ်ကုထုံးကို Basic၊ Intermediate၊ Advance ဟူ၍ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ရိုဟင်ဂျာများ၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီးများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သည့် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများစသဖြင့် လေ့ကျင်သင်ကြားခဲ့သောသူများကလည်း ၎င်းတို့လူမှုပတ်ဝန်းကျင်မှာ ဆက်လက်အကူအညီပေးနေကြပြီဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ စိတ်အားထက်သန်သော လူ၂၀ဦးကို လေ့ကျင့်သင် ကြားပေးနေတာဖြစ်ပြီး Intermediate Counselling Skills Class ကို ထူးချွန်စွာအောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ် တာကြောင့် ဂုဏ်ပြုပါတယ်။ အကြောင်းအရာအားလုံးကို မျက်မမြင်ဘာသာစကားကို ဘာသာပြန်ထားတာဖြစ်ပြီး အတန်းသားပြုလုပ်ရမည့် Assignements များကိုလည်း သင့်လျော်အောင်ပြု ပြင်ပြောင်းလဲထားပါတယ်။ Counselling Corner မှ သင်တန်းဆရာများမှ ယခုအခါ Advance အတန်းမှာလည်း ဆက်လက်ကြိုးစားနေကြတဲ့ အတန်းသားများအားလုံးကို ချီးကျူးဂုဏ်ပြုပါတယ်။
ဤအဖွဲ့ဝင် ၂၀သည် အနာဂတ်မှာ မသန်စွမ်းသူများအတွက်သာမက မသန်စွမ်းမှုမရှိသူများအတွက်ပါ ကောင်းမွန်သော Counsellor များဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။
ကုမ္ပဏီများအတွက် ဝန်ထမ်းများ စိတ်အားထက်သန်နေစေရန် စိန်ခေါ်မှုပြုလုပ်ခြင်း

မိုးရာသီဆိုတာ အိမ်တွင်းအောင်းဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်တာကြောင့် စိတ်အားထက်သန်နေ ဖို့အတွက် ခက်ခဲနိုင်ပါတယ်။
သင့်ကုမ္ပဏီအတွက် ဝန်ထမ်းများကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ Challenge များကို Counselling Corner မှ ကူညီပြုလုပ်ပေးနိုင်ပါတယ်။ ၆ပတ်တာကာလအတွင်းမှာ စိတ်အားဖြည့်ရန်ဆွေးနွေးပွဲများကို Andy the Trainer နှင့် Aung Min Thein, တည်ထောင်သူ ဦးအောင်မင်းသိန်းတို့မှ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ အပတ်တိုင်းမှာလည်း ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအတွက်လေ့ကျင့်ခန်းများပြုလုပ်ရန် ပါဝင်သူများကို စိန်ခေါ်မှုပြုလုပ်သွား မှာဖြစ်ပါတယ်။ ပါဝင်သူများကလည်း ပြုလုပ်ထားတဲ့လေ့ကျင်းခန်းများကို ပြုလုပ်ထားကြောင်းအထောက်အထားကို Telegram Channel ဒါမှမဟုတ် Facebook ကနေပြန်လည် မျှဝေသွားရမှာဖြစ်ပါတယ်။
အကျိုးရလဒ်အနေနဲ့
– တစ်ဦးချင်းစီဟာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပိုမိုသန်မာလာခြင်း
– ဝန်ထမ်းများကြား ချိတ်ဆက်မှု၊အသင်းအဖွဲ့စုဖွဲ့မှုအားကောင်းလာခြင်း
– အင်အားနဲ့စိတ်ထက်သန်မှုများပြန်လည်ရရှိခြင်း တို့ဖြစ်ပါတယ်။
၁၀ယောက်ကနေ အယောက်၁၀၀၀အထိ ပါဝင်နိုင်မှာဖြစ်ပါတယ်။
AIA အာမခံအဖွဲ့ဝင်များအတွက် လျှော့စျေး
ကံမကောင်းစွာနဲ့ဘဲ အခုချိန်မှာ မြန်မာနိုင်ငံကျန်းမာရေးအာမခံအားလုံးတွင် စိတ်ကျန်းမာရေးဟာ အကျုံးမဝင်ပါဘူး။ လေ့လာချက်တွေအရ ၂၅ရာခိုင်နှုန်းသော ပြည်သူတွေဟာ အလယ်အလတ်-ပြင်းထန်ကနေ ပြင်းထန်စိတ်ကျခြင်းကို ခံစားနေရတာကြောင့် ဒီအခြေအနေဟာ သိပ်မကြာခင်မှာ ပြောင်းလဲလာမယ်လို့မျှော်လင့်ပါတယ်။ စိတ်ကျခြင်းခံစားနေရတဲ့သူများဟာ ထွက်ပေါက်ရှာရင်း အရက်၊ဆေးစွဲခြင်းပြဿနာများ၊ကိုယ့်ကိုယ့်ကိုနာကျင်စေခြသ်းများစသဖြင့် နောက်ဆက်တွဲတွေဖြစ်ပေါ်လာတာကြောင့် မိမိခံစားချက်တွေကို အစောပိုင်းအဆင့်တွေမှာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်၊၊
ဒီလိုမျိုးအခြေအနေမှာ AIA အာမခံ Myanmar မှ ၎င်း၏ Ruby အဖွဲ့ဝင်များအား Counseling Corner မှ Counselling Session များနှင့်Workshopများအားလုံးအတွက် ၂၀% လျှော့စျေးကို ပေးဆောင်နေပါကြောင်း Counselling Corner မှသတင်းကောင်းပါးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ကြည့်ပါ: AIA RUBY Membership
ကျေးဇူးပြု၍ Like and Share ပြုလုပ်ပေးကြပါရန်နှင့် အကယ်၍ အထက်ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်၍ မေးခွန်းများ၊အကြံပြုချက်များဝန်ဆောင်မှုများနှင့်ပတ်သက်၍ ၊သိလိုသည်များရှိပါက ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး လူအများပိုမိုသတိထားပြောဆိုလာစေချင်သောကြောင့် မြန်မာနိုင်ငံရှိအဖွဲ့အစည်းများအားလုံး၏အကူအညီကိုလိုအပ်နေပြီး ထိုရည်ရွယ်ချက် ဖြစ်မြောက်စေရန် သင့်အဖွဲ့အစည်းနှင့်ပွင့်ပွင့်လင်းလင်းဆွေးနွေးကာ တိုးတက်အောင်ပြုလုပ်လိုပါတယ်။
စုံစမ်းမေးမြန်းရန်:
Email: contact@counsellingcornermyanmar.com
Phone: 09 785 074 173, 09 784 509 916