Counselling Corner သတင်းစာစဉ် – စက်တင်ဘာလ ၂၀၂၃

အောက်တိုဘာလ ၁၀ ရက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့မှာ မင်းဘာလုပ်မလဲ?

ကမ္ဘာတစ်ဝှမ်းမှ စိတ်ကျန်းမာရေးအသိပညာကို မြှင့်တင်ရန်အတွက် နှစ်စဉ်အောက်တိုဘာလ ၁၀ ရက်နေ့တိုင်းကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။ ယခုနှစ်၏ ကမ္ဘာစိတ်ကျန်းမာရေးနေ့အတွက်ကို မင်းဘာတွေ စီစဉ်ထားပြီးပြီလဲ။ ဤသတင်းစာထဲတွင် အချို့ အကြံညာဏ်များ၊ အကြံပြုချက်များနှင့်တစ်ဉီးချင်းစီနှင့် ကုမ္ပဏီများအတွက် အကောင်းဆုံး ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ စိတ်ကူးစိတ်သန့်များအတွက် ပြိုင်ပွဲတစ်ခု ပါဝင်ပါတယ်။

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အကြောင်း

၁၉၉၂ ခုနှစ်ထဲက ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ကို ကမ္ဘာစိတ်ကျန်းမာရေးအဖွဲ့ချုပ်၏ (www.wfmh.global) စတင်မှုဖြင့် စိတ်ကျန်းမာရေးပညာပေးခြင်း၊ အသိပညာပေးခြင်း နှင့် အမည်းစက်ဆန့်ကျင်ရေးလှုပ်ဆော်မှု များကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပခဲ့ပါတယ်။

စိတ်ကျန်းမာရေးကောင်းခြင်းသည် ကျွန်ုပ်တို့၏ စိတ်ချမ်းသာသုခနှင့် အလုံးစုံသော ကျန်းမာခြင်းအတွက် အရေးကြီးပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ လူရှစ်ဦးတွင် တစ်ဦးသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ချမ်းသာမှု၊ အခြားသူများနှင့်အတူ သူတို့မည်ကဲ့သို့ ချိတ်ဆက် ဆက်နွယ်မှုနှင့် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းတို့ကို ထိခိုက်စေနိုင်သည့် စိတ်ကျန်းမာရေး အခြေနေများဖြင့်နေထိုင်ရဆဲဖြစ်ပါတယ်။ စိတ်ကျန်းမာရေးအခြေနေများသည် ဆယ်ကျော်သက်နှင့် လူငယ်များ တိုးပွားလာမှု ကိုလည်းထိခိုင်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ လေးဦးလျှင် တစ်ဦးခန့်သည် အလယ်အလတ်မှ ပြင်းထန်သော စိတ်ကျရောဂါကို ခံစားနေရပြီး အခြားသောနိုင်ငံများတွင်လည်း အသက် ၂၅ နှစ်အောက် လူငယ်များမှာ ထိခိုက်မှု အများဆုံးဖြစ်ကြပါတယ်။

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ကို ဘယ်လိုကျင်းပနိုင်ကြမလဲ – အင်္ဂါနေ့ ၁၀ ရက် အောက်တိုဘာလ ၂၀၂၃

  • အတွေ့အကြုံများဝေမျှပါ – ၎င်းသည် သင်ကိုယ်တိုင်နှင့် အခြားသူများအတွက် ခံစားချက်များနှင့် စိတ်ခံစားချက်များအကြောင်း ရိုးရိုးသားသားပြောဆိုရန် အမှန်တကယ် အထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် အခြားသူများဟာ သူတို့တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာကို သိကြပါတယ်။
  • ချစ်ရသူများထံဆက်သွယ်ပါ – သူတို့အကြောင်းသင်တွေးနေတာ၊ သူတို့ကို ကြင်နာတဲ့ မက်ဆေ့ချ်ပို့တာ၊ သူတို့ပြောတာကို နားထောင်တာ၊ သူတို့ကို ပွေ့ဖက်ပေးပြီး သင်ဘယ်လို ပံ့ပိုးပေးနိုင်မလဲ မေးပါ။
  • သင့်စိတ်ကျန်းမာရေးကိုစစ်ဆေးပါ။ တွေးတောဆင်ခြင်ရန်၊ ဒိုင်ယာရီရေးရန်၊ အားကစားလုပ်ရန် သို့မဟုတ် တရားထိုင်ရန် အချိန်ယူပါ၊ စိတ်ဓာတ်ကျခြင်းနှင့် ပတ်သတ်၍ မိမိကိုယ်ကို ရိုးရိုးရှင်းရှင်း အကဲဖြတ်ပါ။ – PHQ-9 Questionnaire 

စိတ်ကျန်းမာရေးအတွက် အသိပညာမြှင့်တင်ရန် စိတ်ကူးများ

မြန်မာကုမ္ပဏီများနှင့် အဖွဲ့အစည်းများအတွက် အကြံပြုညာဏ်များ

ကုမ္ပဏီတစ်ခုအနေဖြင့် အခမဲ့ သို့မဟုတ် အခကြေးငွေပေးသော သင်လုပ်ဆောင်နိုင်သည့် အရာများစွာရှိပါသည်။ ဤအရာများသည် အကြံပြုချက်အချို့ ဖြစ်ပါသည်….

  • ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ဂုဏ်ပြုရန်အတွက် ဆိုရှယ်မိဒီယာနှင့် Facebook ပေါ်တွင် ပိုစ့်တစ်ခု ဖန်တီးပါ။
  • ရုံးဝန်ထမ်းများအားလုံး နှင့် တစ်နေ့တာတွင် ပျော်ရွှင်စရာ အစီစဉ်အချို့ကို စီစဉ်ပါ။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ လွတ်လပ်စွာပွေ့ဖက်ပေးပါ၊စိတ်ကျန်းမာရေး၏ အဓိပ္ပာယ်ဟာ ဘာကိုဆိုကြောင်း အစရှိသည်တို့ကို သူတို့ကိုမေးပြီး ပိုစတာကြီးပေါ်တွင် ရေးခိုင်းပါ၊ ရုံးဝန်ထမ်းများကို ပန်းတစ်ပွင့်စီပေးပါ။
  • စိတ်ကျန်းမာရေးဆိုင်ရာ ဗွီဒီယိုကို ဝန်ထမ်းများအားလုံးအား ပြသပေးပါ။(ကျွန်ုပ်တို့၏ youtube channel တွင် ဆွေးနွေးချက်များကို အခမဲ့ ရှာဖွေကြည့်ရှုနိုင်ပါတယ်)
  • ဝန်ထမ်းများအတွက် ရနိုင်သော စိတ်ကျန်းမာရေးဝန်ဆောင်မှုများအကြောင်း ဝန်ထမ်းများအားလုံးကို အချိန်တစ်ခုယူ၍ ပြန်လည်အသိပေးပါ။
  • စိတ်ကျန်းမာရေးကို ဂရုစိုက်သော သင့် customers များကို အသိပေးပါ၊ ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးအတွက် သင့်အီးမေးလ်လက်မှတ်ကို ပြောင်းပါ၊ ဆိုင်းဘုတ် သို့မဟုတ် ပိုစတာ တစ်ခုတင်ပါ၊ သင့် လှုပ်ရှားမှုများ ပြီးမြောက်ကြောင်း သတင်းလွှာတွင် အသိပေးပါ။
  • ကျွန်ုပ်တို့၏ ကျွမ်းကျင်သော စိတ်ကျန်းမာရေး Counsellors များနှင့် ဝန်ထမ်းများအတွက် တိုက်ရိုက်ဆွေးနွေးမှုများ သို့မဟုတ် တိုင်ပင် ဆွေးနွေးသည့်နေ့များကို ကျွန်ုပ်တို့နှင့်အတူ စုစည်းပါ။

PR / Media ကုမ္ပဏီများအတွက် အကြံဥာဏ်များ

  • ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အကြောင်းကို ဆိုရှယ်မီဒီယာတွင် ဆောင်းပါးများရေးပါ။
  • စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ လူများ၏အထင်မြင်ယူဆချက်များကို အင်တာဗျူးပါ။
  • သင့် Cooperate Clients များ၊ INGO သို့မဟုတ် အခြားအဖွဲ့အစည်းများအတွက် စတ်ကျန်းမာရေးနှင့်ပါတ်သက်သည့် အကြောင်းအရာများ ရေးသားပြီး မျှဝေရန်
  • လိုအပ်ပါက Counseling Corner ကို ဆက်သွယ်ပါပြီး ဆောင်းပါးများ၊ ဗီဒီယိုများနှင့် နည်းပညာအကူအညီများတောင်းခံရန်

လူတစ်ဦးချင်း၊ သူငယ်ချင်းများနှင့် မိသားစုများအတွက် စိတ်ကူးများ

  • စိတ်ကျန်းမာရေး၊ သင်ခံစားချက်၊ အခြားသူများကို သင်မည်ကဲ့သို့ ပံ့ပိုးကူညီလိုသနည်း စသည့် စိတ်ကျန်းမာရေးအကြောင်း ဆွေးနွေးသည့် ကောင်းမွန်သော Facebook ပို့စ်တစ်ခု ဖန်တီးပါ။
  • သင့်စိတ်ခံစားမှုများအကြောင်း သူငယ်ချင်းများနှင့် မိသားစုများနှင့် ဆွေးနွေးပါ။ ပထမဦးဆုံးအကြိမ်ပြောဆိုခြင်းက မလွယ်ပါကူပါ၊ စိတ်ခံစားမှုဆိုင်ရာ ကျွန်ုပ်တို့ရဲ့ အသစ်စက်စက် မမ်မိုရီဂိမ်းက စကားပြောဖို့ ကူညီပေးပါလိမ့်မယ်။
  • သင့်ခံစားချက်များအကြောင်းကို ကဗျာတစ်ပုဒ်၊ ပုံပြင်တစ်ပုဒ် သို့မဟုတ် ပုံရေးပါ
  • ကျွန်ုပ်တို့၏ အခမဲ့ စိတ်ခံစားမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ဗုဒ္ဓဟူးနှင့် စနေနေ့တိုင်းတွင် ပါဝင်လိုက်ပါ။
  • အင်္ဂါနေ့တွင် Counselling Corner ၏ Facebook Live ကို နားဆင်ပါ (သို့မဟုတ် သင်လွတ်သွားပါက ကျွန်ုပ်တို့၏ ဗီဒီယိုစာကြည့်တိုက်တွင် ကြည့်ရှုပါ)
  • သင့်သူငယ်ချင်းများနှင့် မိသားစုများကို သင်ဂရုစိုက်ကြောင်း ပြသပါ။

ယှဉ်ပြိုင်ခြင်းဖြင့် – အခြေခံ Counselling ကျွမ်းကျင်မှု သင်တန်း၊ Gratitute ဂျာနယ် သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ မှတ်ဉာဏ်ဂိမ်းကို ရယူလိုက်ပါ။

အောက်တိုဘာ 10 ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် စိတ်ကျန်းမာရေးပါတ်သက်ပြီး အကြောင်းအရာတခုခုပြုလုပ်လိုက်ပါ။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်မှာ အရမ်းလိုအပ်နေတဲ့ တခြားသူတွေကို ကူညီနေတာ အရမ်းကောင်းပါတယ်။ Counseling Corner မှ မည်သူမဆို ပါဝင်နိုင်ပါသည့် ပြိုင်ပွဲတစ်ခုကို စီစဉ်နေပါပြီ။

သင်ဘာလုပ်ဖို့လိုသလဲ။

  1. ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် စိတ်ကျန်းမာရေးသက်ဆိုင်သော အကြောင်းအရာတခုခု ပြုလုပ်ပါ (ဒါက ဆိုရှယ်မီဒီယာမှာ၊ အိမ်မှာ ဒါမှမဟုတ် တခြားဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်)
  2. မိမိလှုပ်ရှားမှုအတွက် “အထောက်အထား” (အီးမေးလ်၊ ပို့စ်၊ Viber စသည်ဖြင့်) အင်္ဂါနေ့ အောက်တိုဘာလ 10 ရက်နေ့ ည 9 နာရီတွင် နောက်ဆုံးပေးပို့ပါ။

ကျွန်ုပ်တို့၏ Counsellors များမှ တီထွင်ဖန်တီးမှုအရှိဆုံး၊ အထိရောက်ဆုံးနှင့် အလှပဆုံးလုပ်ဆောင်ချက်ကို ရွေးချယ်မည်ဖြစ်ပြီး ဆုရရှိသူများကို Facebook နှင့် လာမည့်သတင်းလွှာတွင် ကြေငြာပေးမည်ဖြစ်သည်။

ရရှိနိုင်သောဆုများ

• အခမဲ့ အခြေခံCounsellingကျွမ်းကျင်မှုသင်တန်း (10 ရက်) – တန်ဖိုး ၂၀၀,၀၀၀ ကျပ်
• စိတ်ခံစားမှုဆိုင်ရာ Memory ဂိမ်း (Counseling Corner မှ ဖန်တီးထားသော အသစ်စက်စက်) – တန်ဖိုး ၂၅,၀၀၀ ကျပ်
• ကျေးဇူးတရားဂျာနယ် – တန်ဖိုး – ၁၅၀၀၀ ကျပ်

2023 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ဂုဏ်ပြုရန် သင်ဘာလုပ်မည်ကို ကျွန်ုပ်တို့ မြင်တွေ့လိုပါသည်။ နောက်ထပ်အကြံပြုချက်များ သို့မဟုတ် အကြံဉာဏ်များ လိုအပ်ပါက ဆက်သွယ်လိုက်ပါ။

ကျေးဇူးပြု၍ share/like လုပ်ပြီး အထက်ဖော်ပြပါမေးခွန်းများ သို့မဟုတ် အကြံပြုချက်များရှိပါက သို့မဟုတ် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက Counselling Corner ကိုဆက်သွယ်ပါ။ Counselling Corner သည် လူအများ စိတ်ကျန်းမာရေးအကြောင်း ပိုမိုလွယ်ကူစွာ ပြောဆိုရန် မည်သည့်အဖွဲ့အစည်းမဆို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ၎င်းကို တိုးတက်အောင် လုပ်ဆောင်ရန် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးထံမှ အကူအညီ လိုအပ်ပါသည်။

စုံစမ်းရန် နှင့် ဆက်သွယ်ရန်
Email: contact@counsellingcornermyanmar.com 
Phone: 09 785 074 173, 09 784 509 916

Leave a Reply