
အလုပ်ရုံဆွေးနွေးပွဲများနှင့် ဝဘ်ဘီနာများ

Workshop
ကျွန်ုပ်တို့ ကောင်စလာများအနေဖြင့် ပါဝင်သူ ၂ဦးမှအယောက်၂၀ ရှိသော ၂နာရီကြာသည့် အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးလျက် ရှိပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲများတွင် အပြန်အလှန်နားထောင်ခြင်း၊ စိတ်ခံစားချက်များကို ဖော်ပြခြင်း၊ စိတ်ချင်းကိုယ်ချင်းစာနာစိတ်ထားခြင်း၊ အပြန်အလှန်အားပေး နှစ်သိမ့်ခြင်းစသည့် အတွေ့အကြုံအခြေပြု လုပ်ဆောင်ချက်များကို လုပ်ဆောင်ကြရပါသည်။


Webinar
ဝဘ်ဘီနာများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုကို ခေါင်းစဉ်တင်၍ သက်ဆိုင်သည့် ဗဟုသုတ၊ အသိပညာများဖြန့်ဝေဟောပြောပါသည်။ တစ်နာရီကြာ ထုတ်လွှင့်သည့် ဝဘ်ဘီနာများကို Zoom မှတဆင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်များကိုယ်တိုင်တက်ရောက်သည့် အစီအစဉ်များအဖြစ်သော်လည်းကောင်း ထုတ်လွှင့်ပါသည်။
CISM – critical incident stress management
ကြီးမားသော မတော်တဆမှုများ၊ သေဆုံးမှုများကို ရုတ်တရက် ကြုံတွေ့ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ပြင်းထန်စွာရင်ဆိုင်နေရသူများအတွက် သီးခြားဒီဇိုင်းရေးဆွဲ ထားသော ၂နာရီကြာသည့် စိတ်ပိုင်းဆိုင်ရာ အရေးပေါ်ကူညီမှုအစီအစဉ်ကိုလည်း အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဝန်ဆောင်မှုပေးပါသည်။

Counselling Corner
Singapore – Myanmar – Thailand