အင်ကြင်းဇော်

B.Sc Physics – Yangon University
Diploma in French – University of Foreign Languages, Yangon & Alliances Francaise
Basic, Intermediate and Advanced Counselling Skills Training – Counselling Corner
Psychological First Aid Training – Johns Hopkins University

အင်ကြင်းဇော် သည် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဘာသာရပ် ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ပြင်သစ်ဘာသာစကား ကို ရန်ကုန်နိုင်ငံခြားဘားသာတက္ကသိုလ် နှင့် ပြင်သစ်ယဥ်ကျေးမှုဌာန (ရန်ကုန်မြို့) တို့မှ ဒီပလိုမာရရှိခဲ့ ပြီး ပြင်သစ်ဘာသာစကားပြော နိုင်ငံခြားသား ဧည့်လမ်းညွှန် အဖြစ် ၂၀၀၂ ခုနှစ် မှစတင်၍ လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်။ နိုင်ငံခြားသား ဧည့်လမ်းညွှန် လုပ်ကိုင်နေစဥ် နိုင်ငံတကာမှ မတူကွဲပြားသော လူအများနှင့် ဆက်ဆံခဲ့ရသလို စားသုံးသူများ၏ အမူအကျင့်နှင့်စိတ်ပညာ သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပါသည်။

သူမသည် Counselling Corner Myanmar မှ သင်ကြားသော Counselling သင်တန်းများကို အခြေခံ မှစ၍ အဆင့်မြင့်အတန်း အထိ သင်ကြားတတ်မြောက် ပြီးစီးခဲ့သူဖြစ်ပါသည်။ သင်တန်း အချိန်ကာလ အတွင်းတွင် စာတွေ့ လက်တွေ့ ပြုလုပ်ခဲ့ရပြီး Counselling Corner Myanmar Office တွင် Lay-Counselor အဖြစ် နာရီပေါင်းများစွာ လေ့ကျင့်ပြီး စီးခဲ့သူ ဖြစ်ပါသည်။ Johns Hopkins University မှ Psychological First Aid သင်တန်းကိုလဲ ပြီးမြောက်အောင် သင်ကြားခဲ့ပါသည်။

ယခုအခါ အင်ကြင်းဇော်သည် နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုပေးရာတွင် နှစ်သိမ့်ဆွေး‌‌နွေးမှုခံယူသူ ဗဟိုပြုစနစ် ကို အသုံးပြုပါသည်။ လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်အတွေးအမြင်များ၊ စိတ်ကူးစိတ်သန်းများ၊ ကိုယ်ပိုင်နည်းလမ်းများ ရှိကြပြီး ထိုကဲ့သို့သော ကိုယ်ပိုင်ခံစားချက် အတွေးအမြင်များကို ပိုမိုတိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်သော နည်းလမ်းများကို အဓိကထား အလေးပေး အသုံးပြုပြီး ဝန်ဆောင်မှုပေးသူဖြစ်ပါသည်။ သူမသည် ဆယ်ကျော်သက်အရွယ် ကတဲက သတိပဌာန် တရားထိုင်ခြင်း ကို ပြုလုပ်ခဲ့ပြီး ယခုအခါတွင် နာကျင်မှုများကို ထိန်းချုပ်သက်သာ စေသည် ဟု လက်ခံထားသော ဗုဒ္ဓစိတ်ပညာ နှင့် နှစ်သိမ့်ဆွေးနွေးခြင်း ဘာသာရပ် ကို လေ့လားဆည်းပူး နေပါသည်။

သူမသည် single-mom များ၊ လိင်တူနှစ်သက်သူများ ၏ စိတ်ကျန်းမာရေး လိုအပ်ချက်များကို နားလည်သည့် အတွက် စိတ်ပိုင်းဆိုင်ရာ လူမူရေး ပံ့ပိုးမှု များကို ပရဟိတအနေဖြင့် လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါသည်။

သူမ၏ အားလပ်ချိန်များ ကို ခရီးသွားခြင်း နှင့် ပျော်ရွှင်စွာ ကခုန်ခြင်း စသည်တို့ဖြင့် ကုန်ဆုံးစေသူ တယောက် ဖြစ်ပါသည်။