

နီလာအောင်
Bachelor of Computer Science (Honors)
Basic, Intermediate, Advanced Counselling Skills Training (Counselling Corner)
Trauma Competency Training (Counselling Corner)
Art Therapy Training (Madhumita Mishra)
Participation of Substance Use Disorder Treatment & Recovery
Child Healing Play Therapy Training (Jacaranda Program)
Available days : Monday, Tuesday, Thursday, Friday, Saturday
မနီလာသည် Counselling ပညာရပ်ကို လေ့လာသင်ယူရင်း သူမကိုယ်သူမ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှေ့ဆက်နိုင်ဖို့အတွက် ရည်ရွယ်ချက်တွေရှိလာခဲ့သည်။ ဤကဲ့သို့ မမျှော်လင့်ထားသည့် အတွေ့အကြုံမှတဆင့် သူမသည် စိတ်ကျန်းမာရေး၏ အနှစ်သာရနှင့် အရေးကြီးပုံကို သိရှိနားလည်လာခဲ့သည်။ ထို့ကြောင့် တခြားသူများကို စိတ်ကျန်းမာရေး အထောက်အပံ့တွေ ပေးနိုင်ဖို့ရန်အတွက် သူမသည် Talk With Me ကဲ့သို့ သော အဖွဲ့အစည်းများတွင် လုပ်အားပေးအဖြစ် တတ်အားသရွေ့ ပါဝင်ခဲ့ပါသည်။ ထို့အပြင် သူမသည် စိတ်ခံစားမှု အထောက်အပံ့ဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဦးဆောင်နေပါသည်။ သူမသည် Advanced Counselling Skills Training အမှတ်စဥ် (၁၁) ကို မတ်လ ၂၀၂၃ မှာ ပြီးမြောက်ခဲ့သည်။ ထို့နောက်တွင် Trauma Training နှင့် Substance Use Disorder Treatment & Recovery Course များကိုလည်း တက်ရောက်ခဲ့ပါသည်။
မနီလာသည် အေးဆေးတည်ငြိမ်သော ပင်ကိုယ်စရိုက်ရှိသူဖြစ်ပါသည်။ သူမသည် mindfulness အလေ့အကျင့်များကို ကြိုက်နှစ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့် ရုန်းကန်နေရသည့် Clientများအတွက် အသက်ရှုလေ့ကျင့်ခန်းများကို လိုအပ်သလို အသုံးပြုလေ့ရှိပါသည်။ ဤလေ့ကျင့်ခန်းများက Clientများကို အတိုင်းအတာတစ်ခုအထိ သက်တောင့်သက်သာဖြစ်ရန်နှင့် ငြိမ်းချမ်းရန်အတွက် အထောက်အပံ့ဖြစ်စေပါသည်။
မနီလာသည် အတွေ့အကြုံမှတဆင့် သင်ယူလေ့လာခြင်းကို စိတ်ဝင်စားပြီး Client၏ လိုအပ်ချက်ကို ဗဟိုပြုသော Person-Centered Counselling ကိုအသုံးပြုပါသည်။
Person-Centered Counselling အားဖြင့် Clientများ၏ မိမိကိုယ်ကို သိရှိခြင်းနှင့် နားလည်လက်ခံခြင်းကို ဦးတည်သော ကုသမှုခရီးစဥ် တလျှောက်တွင် သူမ၏ Clientများကို စိတ်ခြင်းစာနာမှုနှင့် အတူရှိခြင်းအားဖြင့် အကူအညီပေးပါသည်။

Counselling Corner
Singapore – Myanmar – Thailand
