အဓိပ္ပါယ်ဖွင့်ဆိုခြင်း နှင့် အခြေအနေများ

Counselling Corner သည် စင်္ကာပူ၊ မြန်မာ နှင့် ထိုင်းနိုင်ငံများတွင် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး စင်္ကာပူနိုင်ငံတွင် Right – minded People Pte. Ltd . အမည်ဖြင့် လည်ကောင်း၊ မြန်မာနိုင်ငံတွင် Counselling Corner Psychotherapy & Counselling Services Co.Ltd အမည်ဖြင့် မှတ်ပုံတင်ထားပါသည်။ Counselling Corner သည် လူသားများနှင့် ကမ္ဘာမြေအတွက် ထာဝစဉ် လုပ်ဆောင်ပေးနေသည်ဟုယုံကြည်သူအစုရှယ်ယာရှင်များပိုင်ဆိုင်သော ပုဂ္ဂလိကလုပ်ငန်းဖြစ်ပါသည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုခြင်းများ နှင့် အခြေအနေများသည် နှစ်သိမ့်ဆွေးနွေး ၀န်ဆောင်မှု ပေးခြင်းတွင် တစ်ဦးချင်း၊ စုံတွဲများ၊ မိသားစုများ နှင့် အဖွဲ့လိုက် အပါအဝင် ၀န်ဆောင်မှု ပေးသူတိုင်း အတွက် အကျိုးသက်ရောက်ပါသည်။ သင်တန်းပို့ချခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ Online အသုံးပြု အလုပ်ရုံ  ဆွေးနွေးပွဲများ၊ သုတေသန စီမံကိန်းများ နှင့် အကျိုးဆောင် လုပ်ငန်းစသည့် အခြားသော ၀န်ဆောင်မှု လုပ်ငန်းများသည်လည်း အကျိုးသက်ရောက်နိုင်ပါသည်။

Counselling Corner ကုထုံးပညာရှင်များသည် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်း၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုပ်ဆောင်မှု အခက်အခဲများကို နည်းလမ်းရှာကူပေးခြင်း နှင့် ဘဝတွင် အပြုသဘောဆောင်ပြီး ကောင်းကျိုး ဖြစ်ထွန်းစေသော ပုဂ္ဂိုလ်ရေး ပြောင်းလဲမှုများ ဖန်းတီးနိုင်ရန်၊ အတွက် နည်းစနစ် စုံလင်စွာ သင်တန်းပေးထားသူများ ဖြစ်ကြပါသည်။ ထိုနည်းစနစ်များတွင် ဆွေးနွေးမှုလာယူသူကို ဗဟိုပြုသော ကုထုံး၊ သိမြင်မှု အပြုအမှုဆိုင်ရာ ကုထုံး (သို့) စိတ်ပိုင်းဆိုင်ရာ တက်ကြွသောကုထုံး, တစ်ခုခု သို့ ၀န်ဆောင်မှုများ (သို့) နှစ်သိမ့်ဆွေးနွေးပေးသူနှင့် စကားပြောလိုခြင်းများ ပါ၀င်ပြီး ပထမဦးစွာ တွေ့ဆုံ ဆွေးနွေးလိုမှု အတွက် ရက်ချိန်းယူပေးပါရန် ဖိတ်ခေါ်ပါသည်။ ဆွေးနွေးလိုသူများ အနေဖြင့် တစ်ကြိမ်တွင် မိနစ် (၅၀) တွေ့ဆုံမှု အချိန်အတွင်း ဆွေးနွေးလိုသူ၏ ဖြစ်ပေါ်နေသော ခံစားချက်များ၊ ပြသနာများကို ဆွေးနွေးနိုင်သည့် အခွင့်အရေး ရရှိမည် ဖြစ်ပါသည်။ ပထမ တစ်ကြိမ် တွေ့ဆုံပြီးနောက်  ကျွန်ုပ်တို့၏ နှစ်သိမ့်ဆွေးနွေးပေးသူ အနေဖြင့် သင့်အတွက် နောက်တစ်ချိန် တွေ့ဆုံမှု အစီအစဉ် ပြောပြ ပေးပါလိမ့်မည်။ တစ်ကြိမ်လျှင် မိနစ် (၅၀) တွေ့ဆုံပြီး တစ်ပါတ်လျှင် တစ်ကြိမ်နှုန်းဖြင့် (၁၀) ကြိမ်အတွင်း ကောင်းကျိုးရလာဒ်ထွက်ပေါ်လာစေရန်အတွက် ရည်မှန်း ဆောင်ရွက်ထား ပါသည်။ ထိုတွေ့ဆုံဆွေးနွေးမှုများမှာ သင့်အတွက်သာ ဖြစ်ပြီး ရပ်တန့်ရန် ဆုံးဖြတ်ခြင်း၊ ခတ္တခဏ ရပ်နားလိုခြင်း နှင့် နှစ်သိမ့်ဆွေးနွေးပေးသူ ပြောင်းလဲပေးစေလိုခြင်းများအား အချိန်မရွေး တောင်းဆိုနိုင်ပါသည်။ ဒါဟာ သင့်အချိန် နှင့် အားထုတ်မှုဖြစ်ပြီး အောင်မြင်မှုဆီသို့ ဦးတည်နေပါသည်။

ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများ
Counselling Corner ကို တည်ထောင်သူ ဦးအောင်မင်းသိန်း သည် Sydney Western University မှ ဘွဲ့ရရှိခဲ့ပြီး Australian Counselling Association ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ထို့ကြောင့် Counselling Corner သည် Australian ကျင့်ဝတ် နှင့် လုပ်ထုံးလုပ်နည်းများကို အမြဲတမ်း လိုက်နာ ကျင့်သုံးထားပါသည်။ Australian ကျင့်ဝတ် နှင့် လုပ်ထုံးလုပ်နည်းများကို Online ပေါ်တွင် ရှာဖွေ လေ့လာနိုင်ပါသည်။

ကျသင့်ငွေကြေး၊ ပံ့ပိုးပေးခြင်း၊ လျော့စျေး နှင့် CRS
Counselling Corner သည် ဘဏ္ဍာရေးအရ အထောက်အပံ့ လိုအပ်နေဖွယ်ရှိသော လူတစ်ဦးချင်းစီ နှင့် အဖွဲ့အစည်းများအတွက် ထိုသူတို့၏ ဘဏ္ဍာရေးအခြေအနေ နှင့် ကိုက်ညီသော နှုန်းထားကို သတ်မှတ် ပေးထားပါသည်။ လူမှုရေးနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အားလျော်စွာ လူမှုအဖွဲ့အစည်းများ၏ အစိတ်အပိုင်း အဖြစ်လည်း တက်ကြွစွာ ပံ့ပိုးပေးလိုပါသည်။ စိတ်လက်ချမ်းသာ ကျန်းမာနေစေရန် လူမှု အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှေ့တောင်အာရှ ဒေသအတွင်း  စိတ်ကျန်းမာရေး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း ကျွန်ုပ်တို့က ကူညီဖြည့်ဆည်း ပေးမည်ဖြစ်ပါသည်။ သင့်အနေဖြင့် ပံ့ပိုးမှု သို့ လျော့စျေး ရရှိရန် လျှောက်ထားလိုပါက ကျွန်ုပ်တို့အား အသိပေးလို့ရပါသည်။ စျေးနှုန်းများမှာ နေထိုင်သော နိုင်ငံနှင့် ရယူလိုသော ၀န်ဆောင်မှုအပေါ် မူတည်ပြီး ကောက်ခံမည် ဖြစ်ပါသည်။ (Online ပေါ်တွင် ဖြစ်ခဲ့လျှင် ဆွေးနွေးလိုသူ၏ တည်နေရာအား ၀န်ဆောင်မှုရယူသော နိုင်ငံအဖြစ် မှတ်ယူမည်ဖြစ်ပါသည်။)

ငွေပေးချေခြင်း
ငွေတောင်ခံလွှာ၏ ၁၄ ရက်အတွင်း (သို့ )၀န်ဆောင်မှုများ ရယူသည့်နေ့တွင် ငွေသားဖြင့် ပေးချေ ရမည်ဖြစ်သည်။ (၇) ရက်အတွင်း ပေးချေရန် တောင်းဆိုမှုအား အချိန်မီ ငွေပေးချေမှု မရရှိခဲ့ပါလျှင် သတိပေးစာ ပေးပို့မည် ဖြစ်ပါသည်။ ဒုတိယအကြိမ် သတိပေးစာပေးပို့ရန် လိုအပ်ပါက  စီမံခန့်ခွဲမှု ကုန်ကျစရိတ်အတွက် ပေးချေရန် နောက်ကျမှုအား ရက်သတ္တတ် ၁ ပါတ်လျှင် အမေရိကန် ၁၀ ဒေါ်လာနှုန်း အပိုဆောင်း ကောက်ခံမည် ဖြစ်ပါသည်။

ရက်ချိန်းပယ်ဖျက်ခြင်း (သို့) ပြောင်းလဲခြင်း
ရက်ချိန်းအား ကြိုတင်စာရင်းသွင်းထားပြီးပါက သင့်အတွက် သီးသန့်ဖယ်ထား၊ ချန်ထားမည် ဖြစ်ပါသည်။ ထိုသို့ ချိန်းဆိုထားမှုအား ပယ်ဖျက်ခြင်း နှင့် ပြောင်းလဲခြင်းများအတွက် ကျွန်ုပ်တို့၏ ဧည့်ကြို ( 09 784 509 916 ) သို့  ဆွေးနွေးရန် စာရင်းသွင်းထားပြီးသော အချိန်၏ အနည်းဆုံး (၂၄) နာရီ ကြိုတင် ဆက်သွယ်ပေးစေလိုပါသည်။
တစ်ခါတစ်ရံ သင့်အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နေ့ရက်ပြောင်းလဲရန်လိုအပ်သည်ကိုလည်း ကျွန်ုပ်တို့ နားလည်ပါသည်။ ကျေးဇူးပြု၍ ၂၄ နာရီ ကြိုတင်ပြီး ကျွန်ုပ်တို့အား ဆက်သွယ် ထားပေးမှသာ သင့်အတွက် ဖယ်ထားပေးသော အချိန်အား နောက်တစ်ဦးထံ ရွေးချယ် ပေးသွား နိုင်မည် ဖြစ်၍ အနီးကပ်ပယ်ဖျက်ခြင်းအတွက် ဆွေးနွေးခအား ပေးဆောင်ရန် မလိုပါ။ သို့မဟုတ်ပါက  ရက်ချိန်း ပယ်ဖျက်ခြင်း (သို့) အချိန်ပြောင်းလဲခြင်းများကို အရမ်းနောက်ကျပြီး ပြုလုပ်ခဲ့ပါက ကျသင့်ငွေ 100% ကို ကျွန်ုပ်တို့ ကောက်ခံမည် ဖြစ်ပါသည်။

ရက်ချိန်းယူနည်း
စိတ်ကျန်းမာရေး တိုးတက်အောင် စတင်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဆိုပါက ကျွန်ုပ်တို့၏ အတွေ့အကြုံရင့် နှစ်သိမ့်ဆွေးနွေးပေးသူ တစ်ဦးဦး နှင့် တွေ့ဆုံရန် ဆက်သွယ်ပြီး ရက်ချိန်း စတင်ယူနိုင်ပါသည်။
မြန်မာနိုင်ငံမှ ဆွေးနွေးလိုသူများအတွက် 09 784 509 916 (သိုု့) Facebook messenger email: admin@counsellingcornermyanmar.com. စင်္ကာပူနိုင်ငံမှ ဆွေးနွေးလိုသူများအတွက် WhatsApp: +6594220514     or Email: info@counsellingcornermyanmar.com
ကျွန်ုပ်တို့ ရုံးအား နေ့စဉ် မနက် 08:30 မှ ညနေ 5:30 အချိန်အတွင်း Zoom  သို့ မျက်နှာချင်းဆိုင် အချင်းချင်း တွေ့ဆုံခြင်း အတွက် ဖွင့်လှစ်ထားပါသည်။ ရက်ချိန်းရယူလိုသည့်အခါ ကျွန်ုပ်တို့ဘက်မှ ဘယ်လို ၀န်ဆောင်မှု မျိုးလိုအပ်သနည်း စသဖြင့် သိရှိနိုင်ရန်အတွက် လုပ်ငန်းခွင်အတွက် လိုအပ်သော မျှဝေထားသည့် မေးခွန်းပုံစံ အနည်းငယ် ဖြည့်ပေးဖို့ တောင်းယူပါမည်။ မျက်နှာချင်းဆိုင် အချင်းချင်း တွေ့ဆုံလိုသည့်အခါ ကျွန်ုပ်တို့ ရုံးခန်းတည်ရှိရာ ဘိုကလေးစျေးလမ်း သို့ စင်္ကာပူနိုင်ငံရှိ ရုံးခန်းသို့ လာရောက် တွေ့ဆုံနိုင်ပါသည်။

လုပ်ငန်းစဉ် နှင့် ကုထုံး သဘောတူညီခြင်း
ပထမဦးဆုံး တွေ့ဆုံးခြင်းအား Zoom သို့ မျက်နှာချင်းဆိုင် အချင်းချင်းတွေ့ဆုံခြင်း ကာလ မိနစ် (၅၀) အား ကျွန်ုပ်တို့ဘက်မှ စတင် အကြောင်းကြား ပေးပါမည်။ ထိုသို့ တွေ့ဆုံခြင်းမှာ ကျွန်ုပ်တို့ ထံမှ သင်ရယူလိုသော ၀န်ဆောင်မှုကို ဆွေးနွေးရန် နှင့် ကုထုံး၏ အကျိုးကျေးဇူးများကို အသေးစိတ်ကို သင် နားလည်နိုင်စေရန် ဖြစ်ပါသည်။ ထို့နောက် နှစ်သိမ့်ဆွေးနွေးပေးသူက တစ်ကြိမ်လျှင် မိနစ် (၅၀) ကြာမြင့်သော အပါတ်စဉ် လုပ်ဆောင်ရမည့် အစီအစဉ်များကို ဆက်လက် ဆွေးနွေးပေးပါလိမ့်မည်။ (၁၀) ပါတ်အတွင်း သိသာထင်းရှားသော ကောင်းကျိုးရလာဒ် ထွက်ပေါ် လာစေရန်အတွက် ရည်မှန်းထားပါသည်။

တွေ့ဆုံချိန် အကြိမ် အရေတွက်နှင့် ကုထုံးကြာမြင့်ချိန်မှာ သင်၏ လိုအပ်ချက်များ၊ သင်လုပ်ဆောင်ချက်များ ပေါ် မူတည်နေပါသည်။ လူတစ်ဦးချင်း၏ ကွဲပြားခြားနားမှုအရ ထွက်ပေါ်လာမည့် ကောင်းကျိုးရလာဒ် နှင့် အဖြေကို ကျွန်ုပ်တို့ အနေဖြင့် ကြိုတင်ခန့်မှန်းခြင်း နှင့် အာမခံခြင်း မပြုလုပ််နိုင်ပါ။

သင်ကို နှစ်သိမ့်ဆွေးနွေးပေးမည့်သူ သဘောတူထားသော အချိန်တစ်ခုကို အကြောင်းကြား ထားပေးပါမည်။ သင်ရောက်ရှိချိန် နောက်ကျပါက ကြိုတင်စာရင်းသွင်းထားသော အချိန်မှ နောက်ကျချိန်ကို နှုတ်ယူပါမည်။ မလွှဲမရှောင်သာသော အခြေအနေကြောင့် ကျွန်ုပ်တို့ဘက်မှ နှစ်သိမ့်ဆွေးနွေးပေးမည့်သူူ နောက်ကျခဲ့ပါက ပုံမှန်အချိန်အတိုင်း သင့်၏ ဆွေးနွေးချိန်ကို အပြည့်အဝ ရရှိနိုင်အောင် ကျွန်ုပ်တို့ဘက်မှ ဆောင်ရွက်ပေးပါမည်။

သင့်အနေဖြင့် နှစ်သိမ့်ဆွေးနွေးဖို့ မလိုအပ်ပြီဟု ခံစားရချိန်တွင် ကျွန်ုပ်တို့အား ဘယ်ချိန်မဆို အသိပေးနိုင်ပါသည်။ ဆွေးနွေးဖို့ရပ်တန့်ရန် စီစဉ်ဆောင်ရွက်ပြီး ကုထုံး အဆုံးသတ်ရန် အကောင်းဆုံး အစီအစဉ်များ ချမှတ်နိုင်ရန် နှင့် တုံ့ပြန်မှု ဖလှယ်ရန်အတွက် ဖြစ်ပါသည်။

သင်ကို နှစ်သိမ့်ဆွေးနွေးပေးမည့်သူ တွင် ကုထုံးရပ်တန့်ရန် အခွင့်အရေးရှိပါသည်။ သို့သော် ထိုသို့ အဆုံးသတ်ရသော အကြောင်းများကို သင့်ကို အသိပေးရန် တာဝန်ရှိပါသည်။ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းမဟုတ်ခဲ့လျှင် ( အသံအားဖြင့်လည်ကောင်း / ရုပ်ပုံများကို မှတ်တမ်း တင်ထားခြင်းဖြင့် လည်ကောင်း) မှတ်တမ်းတင်ခြင်းအား ခွင့်မပြုပါ။ ဆွေးနွေးမှုခံယူမည့် ဧည့်သည် နှင့် ဆွေးနွေးပေးမည့် ပညာရှင် ၂ ဦးစလုံးက သဘောတူညီခဲ့လျှင် မှတ်တမ်းတင်ရန်အတွက် ထည့်သွင်းစဉ်းစားနိုင်ပါသည်။

ဆက်သွယ်ခြင်း
လျို့ဝှက်ချက်များအား ကာကွယ်ရန် နှင့် Australian ကျင့်ဝတ်သိက္ခာ စည်မျဉ်းအရ နှစ်သိမ့်ဆွေးနွေးအကြံပေးသူ၏ ဖုန်းနံပါတ် နှင့် အခြားသော ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များအား ဆွေးနွေးလိုသည့် ဧည့်သည်ထံသို့ ပေးရန် အဆင်မပြေပါ။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ ဧည့်ကြိုဖုန်းနံပါတ်  09 784 509 916 (သို့) Facebook messenger (www.facebook.com/counsellingcornermyanmar)(သို့) admin@counsellingcornermyanmar.com မှတဆင့်သာ အမြဲဆက်သွယ်ပေးစေလိုပါသည်။

အရေးပေါ် အခြေအနေများတွင် (ရုံးချိန်ပြင်ပ) ကျွန်ုပ်တို့၏ အရေးပေါ် ဖုန်းနံပါတ် +95 9975 683 7498 သို့ ဆက်သွယ်နိုင်ပါသည်။ တကယ့်ကို အရေးပေါ်ဖြစ်ပေါ်နေေသော အခြေအနေမျိုးတွင် ကျေးဇူးပြု၍ အမျိုးသား အရေးပေါ် သူနာပြုယာဉ်၊ ရဲတပ်ဖွဲ့ (သို့) မီးသတ်တပ်ဖွဲ့ များသို့ ဆက်သွယ်စေ လိုပါသည်။ (သို့) အနီးဆုံး အရေးပေါ်ဌာနသို့ တိုက်ရိုက်သွားပေးကြစေလိုပါသည်။

လျို့ဝှက်ကန့်သတ်ချက်
ကုထုံးပညာရှင် အနေဖြင့် ဧည့်သည်များနှင့် ဆွေးနွေးစဉ် ကာလအတွင်း ဆွေးနွေးထားသော သတင်းအချက်အလက်များကို လျို့ဝှက်ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ Australian Counselling Association (ACA)’s ၏ စိတ်ရောဂါပညာရှင်များ၏ ကျင့်ဝတ်သိက္ခာ စည်းမျဉ်း ဥပဒေများအရ ကျွန်ုပ်တို့က လျို့ဝှက်ကန့်သတ်စွာ ကျင့်သုံးကြရပြီး နှစ်သိမ့်ဆွေးနွေးသူသည်
1) ဧည့်သည် နှင့် ဆက်သွယ်ရာတွင် လျို့ဝှက်ချက် ခံယူမှုအား အစဉ်သဖြင့် အခြေခံပြီး ယဉ်ကျေးမှုအရ ထိလွယ်ရှလွယ်သော နည်းလမ်းဖြင့် ပြုလုပ်ပါ။
2) ဧည့်သည်အား မည့်သည့် အခြေအနေမျိုး၏ သတင်းအချက်အလက်များ (ဥပမာ ဧည့်သည် (သို့) အခြားသူများကို ထိခိုက်မှုမှ ကာကွယ်ရန်) လျို့ဝှက်ကန့်သတ်ချက်၏ အကန့်အသတ်များအား ထုတ်ဖော်ပြောကြားမည်ဟု အသိပေးထားပေးရမည်။
3) ဧည့်သည်၏ ကိုယ်ရေးအချက်အလက်များကို သီးသန့်လုံခြုံစွာ ထိန်းသိမ်းထားပေးရမည်။ အခြားသူများ မြင်သာသော နေရများတွင် မထားရ ဆိုသော အချက်များကို မဖြစ်မနေ လိုက်နာ ကျင့်သုံးကြရမည်။

ကုထုံးပညာရှင် သည် သင့် အတွက် သင့်တော်မှန်ကန်နေရဲ့လား
အောင်မြင်သော ကုထုံး၏ အရေးပါသော အစိတ်အပိုင်းမှာ Therapist နှင့် တွေ့ဆုံချိန် ကြာလာသည်နှင့် အမျှ သင့်အနေနှင့် သက်သောင့် သက်သာ ခံစားရခြင်းပင်ဖြစ်သည်။ ထိုကိစ္စမှာ အချိန်တစ်ခုရောက်မှ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် တွေ့ဆုံမှု တစ်ချို့ပြုလုပ်ပြီးသည့်တိုင် သင့်အနေဖြင့် ရင်းနှီးသွားခြင်း၊ နည်းလမ်းရှာဖွေမှု အတွက် သဘောပေါက်သွားခြင်း မရှိသေးပါက သင့်အနေဖြင့် နောက်ထပ် Therapist တစ်ဦးကို ရွေးချယ်ရှာဖွေရမည် ဖြစ်ပါသည်။ သင်၏ Therapist ထံမှ အကောင်းဆုံးသော ဂရုစိုက်အလေးထားမှု ရ / မရ သုံးသပ်လိုလျှင် သင့်ကိုယ်သင် အောက်ပါ မေးခွန်းများကို ပြန်လည်မေးမြန်းကြည့်ရန် အကြံပြုလိုပါသည်။

  • ကုထုံးပညာရှင် သည် သင့်အား ရည်မှန်းချက်ပန်းတိုင်ဆီသို့ ညွှန်ပြ ခေါ်ဆောင်သွား နိုင်ပါသလား
  • ကုထုံးပညာရှင် သည် လက်ခံမှု နှင့် ဂရုဏာတရားများကို ဖော်ပြပါသလား
  • ကုထုံးပညာရှင် သည် သင့်အား ရဲရင့်၊ စိန်ခေါ်မှု များကို ဖြစ်ပေါ်စေပါသလား
  • ကုထုံးပညာရှင် သည် သင့်အား ညွှန်ကြား ၊ လမ်းညွှန်ပေးနေပါသလား
  • ကုထုံးပညာရှင် သည် သင့်အား အကောင်းဆုံး ဖြေရှင်းရန် ကူညီပေးပါသလား
  • ကုထုံးပညာရှင် သည် သင့်အား တန်းတူမျှတစွာ ပြုမှု ဆက်ဆံပါသလား

If your answer to anyအထက်ဖော်ပြပါ မေးခွန်းများကို ဖြေဆိုရာတွင် သင့်အနေဖြင့် မရပါ၊ မညွှန်ပြပါဆိုသော အငြင်း “ No” တစ်ခုပါ၀င်နေခဲ့လျှင် Therapist ပြောင်းလဲပေးရန် စဉ်းစားကောင်း စဉ်းစားပေးရပါလိမ့်မည်။  သင်၏ ဆွေးနွေးနှစ်သိမ့်ခြင်းကာလ အဆုံးသတ်တွင် သင့်အနဖြင့် ပြန်မလာတော့ဘူး ဟူ၍သာ သင့်၏ Therapist အား ပြောဆိုနိုင်ပါသည်။ သင်၏ ကုထုံးပညာရှင် က အကြောင်းပြချက်ကို မေးမြန်းခဲ့ပါလျှင် သင့်အနေဖြင့် မအံ့သြပါနှင့်။  သင့်အနေဖြင့် စိတ်ထဲရှိသည့် အမှန်အတိုင်း ဖြေဆိုနိုင်ပါသည်။ ( သင့်အနေဖြင့် နည်းလမ်းရှာဖွေမှု အတွက် သဘောပေါက်သွားခြင်း မရှိသေးကြောင်း) သို့ မပြောလိုကြောင်း ပြောဆိုနိုင်ပါသည်။ အများအားဖြင့် Therapist များသည် သင့်အနေဖြင့် အဆင်မပြေခြင်း၊ မကြိုက်ခြင်းများကို လက်ခံနိုင်ကြပါသည်။ ထို့အပြင် သင်နှင့် ပိုပြီး သင့်တော်သော နောက်ထပ် Therapist ကို ညွှန်ပြပေးပါလိမ့်မည်။

သင့်တိုးတက်သွားသည်ဟု မခံစားရလျှင်
သင့်အနေဖြင့် အလိုမကျခြင်း၊ စိတ်ကျေနပ်မှုမရှိခြင်း ဖြစ်ခဲ့ပါက သင်၏ Therapist နှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။ သင့်အနေဖြင့် စိတ်တိုင်းမကျ၊ စိတ်ကျေနပ်မှုမရသေးပါက သို့ သင့် အနေဖြင့် နောက်ထပ် တစ်ဦးနှင့် ပြောဆို ဆွေးနွေးလိုပါက ကျေးဇူးပြု၍ Counselling Corner ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သည် ဦးအောင်မင်းသိန်း ထံသို့ ဆက်သွယ်နိုင်ပါသည်။ သို့မှသာ သင့် အတွက် သင့်တော်သော အဖြေတစ်ခုကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါသည်။

ကိုယ်ပိုင်လမ်းကြောင်းကို ထပ်မံရှာဖွေတွေ့ရှိခြင်း
နှစ်သိမ့်ဆွေးနွေးခြင်းသည် စကားပြောဆိုရခြင်းနှင့် နားထောင်ခြင်းများမှ တဆင့် လာရောက်ဆွေးနွေးသူကို မျှော်လင့်ချက် အလင်းရောင် တွေ့မြင်ခံစားစေရပြီး ကိုယ်ပိုင် ခြေထောက်ပေါ်တွင် ရပ်တည်ကာ ရှေ့ဆက်နိုင်ရန်၊ တိုးတက်စေနိုင်ရန် ရည်ရွယ်ချက်ပေါ်တွင် အခြေခံထားပါသည်။ နှစ်သိမ့်ဆွေးနွေးခြင်းသည် Therapist ထံမှ အကြံဉာဏ်ရယူခြင်း နှင့် ဘာလုပ်ရမည်ဟု ပြောခြင်းမဟုတ်ပါ။ တစ်ကယ်တမ်းမှာ သင့်အကြောင်းကို သင်ကိုယ်တိုင် ပြန်လည်နားဆင်ခြင်း နှင့် ရလာဒ်ကောင်းများ ထွက်ပေါ်လာစေရန် သင့်အနေဖြင့် ဘာဆက်လုပ်ရန် လိုအပ်သည်ဆိုတာကို နားလည်သဘောပေါ်စေရန်သာ ဖြစ်ပါသည်။ အကျိုးကျေးဇူးအများစုသည် သင်၏ အကန့်အသတ်များအတွင်းမှ သင်ကိုယ်တိုင် ထုတ်ဖော်ပြသနိုင်စွမ်းရှိမှုမှ ရရှိလာခြင်းဖြစ်ပြီး ထိုအတွက်ကြောင့် အကဲဖြတ်ဆန်းစစ်ခြင်း ပုံစံထဲမှာ မဟုတ်ဘဲ သင့်ကိုယ်သင် ပိုပြီး နားလည်နိုင်စွမ်းကို ရရှိစေပါသည်။ ပြသာနာ တစ်ခုကို ဖြေရှင်းဖို့ အဖြေဆိုတာ ဆွေးနွေးမှု ခံယူသူရဲ့ ကိုယ်တွင်းကနေ ပေါ်ထွက်လာတာမို့ နှစ်သိမ့်ဆွေးနွေးသူ တစ်ဦးအနေဖြင့် ဆွေးနွေးမှု ခံယူသူကို “ မိမိကိုယ်တိုင် နားလည်စေအောင်” သာ ကူညီပေးနိုင်ပါသည်။