
ဝဘ်ဘီနာ

ဝဘ်ဘီနာများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုကို ခေါင်းစဉ်တင်၍ သက်ဆိုင်သည့် ဗဟုသုတ၊ အသိပညာများဖြန့်ဝေဟောပြောပါသည်။ တစ်နာရီကြာ ထုတ်လွှင့်သည့် ဝဘ်ဘီနာများကို Zoom မှတဆင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်များကိုယ်တိုင်တက်ရောက်သည့် အစီအစဉ်များအဖြစ်သော်လည်းကောင်း ထုတ်လွှင့်ပါသည်။ ပျမ်းမျှအားဖြင့် ပါဝင်သူအရေအတွက် အယောက်၃၀ ခန့်ရှိသော ဤအွန်လိုင်းအစီအစဉ်များ အဆုံးတွင် အမေးအဖြေကဏ္ဍကိုလည်း ထည့်သွင်း ထားပါသည်။ ဝဘ်ဘီနာများတွင် စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာမျိုးစုံ ဥပမာ-စိတ်ဖိစီးမှုများ၊ ဂနာမငြိမ်ဖြစ်မှုများကို ကိုင်တွယ်ခြင်း၊ အိမ်ထောင်ရေးတွင် ဒေါသနှင့် လိုဘမပြည့်ခြင်းစသည့် ခံစားမှုများကို ကိုင်တွယ်ခြင်း၊ စိန်ခေါ်မှုအခက်အခဲများကြားတွင် စိတ်ပိုင်းဆိုင်ရာခံစားချက်များကို စီမံခန့်ခွဲခြင်းစသည်တို့ကို ထည့်သွင်း ဟောပြောလျက်ရှိပါသည်။ ဝဘ်ဘီနာများကို တက်ရောက်နားထောင်သူများအနေဖြင့် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာပြဿနာများအကြောင်းနှင့် စိတ်ပိုင်း ဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်မည်ဖြစ်ပါသည်။ Counseling Cornerအနေဖြင့် အမျိုးမျိုးသော ကော်ပိုရိတ်များနှင့် အန်ဂျီအိုများမှ ဝန်ထမ်းများ၊ ကျောင်းများ၊ ကောလိပ်များမှ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက် ဝဘ်ဘီနာများကို စီစဉ်ပေးလျက်ရှိပါသည်။

Counselling Corner
Singapore – Myanmar – Thailand