လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်

Counselling Corner မှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ လူသားအရင်းမြစ်ဌာနများနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်များကို အကောင်အထည် ဖော်လျက်ရှိပါသည်။ လုပ်ငန်းခွင်စိတ်ကျန်းမာရေး‌အစီအစဉ်တွင် ဝန်ထမ်းတစ်ဦးစီအတွက် ပုံမှန်လစဉ်ကြေးသတ်မှတ်ကာ ဝန်ထမ်းအားလုံးအတွက် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ဝန်ဆောင်မှုများတွင် စိတ်ကျန်းမာရေးဆိုင်ရာ တိုးတက်အောင်လုပ်ဆောင်နည်းများ၊ ဗဟုသုတများပါဝင်သည့် ဟောပြောပွဲဝက်ဘ်ဘီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများပါဝင်ပါသည်။ ထို့အပြင် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးမှုများခံယူနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။ ထိုသို့ခံယူခြင်းဖြင့် နေပျော်သော၊ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ဖန်တီးနိုင်ရန်နှင့် ပုဂ္ဂလိက ပြဿနာများကို ဖြေရှင်းခြင်းဖြင့် မိမိ၏ ပရော်ဖက်ရှင်နယ်လုပ်ငန်းခွင်တိုးတက်မှုများ ရစေခြင်း စသည့် အကျိုးအမြတ်များရရှိစေရန် ကူညီပေးလျက်ရှိပါသည်။

ဝန်ထမ်းတစ်ဦးချင်းစီနှင့် အဖွဲ့လိုက် စိတ်ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကောင်းမွန်သော အပြောင်းအလဲများဖန်တီးနိုင်ပြီး မိမိတို့၏ အဖွဲ့အစည်း၊ ကုမ္ပဏီတိုးတက်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ Counselling Corner အနေဖြင့် အာရှဒေသတွင်း လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့်ကိုက်ညီသော လုပ်ငန်းခွင်စိတ်ကျန်းမာရေး အစီအစဉ်များ အပြင် ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးများအတွက်လည်း လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။