
အလုပ်ရုံဆွေးနွေးပွဲ

ကျွန်ုပ်တို့ ကောင်စလာများအနေဖြင့် ပါဝင်သူ ၂ဦးမှအယောက်၂၀ ရှိသော ၂နာရီကြာသည့် အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးလျက် ရှိပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲများတွင် အပြန်အလှန်နားထောင်ခြင်း၊ စိတ်ခံစားချက်များကို ဖော်ပြခြင်း၊ စိတ်ချင်းကိုယ်ချင်းစာနာစိတ်ထားခြင်း၊ အပြန်အလှန်အားပေး နှစ်သိမ့်ခြင်းစသည့် အတွေ့အကြုံအခြေပြု လုပ်ဆောင်ချက်များကို လုပ်ဆောင်ကြရပါသည်။ ထိုလုပ်ဆောင်ချက်များတွင် ပါဝင်သူတိုင်းတွင် တူညီသည့် အတွေ့အကြုံနှင့် လေ့ကျင့်မှုများကိုကို ရရှိစေရန်အတွက် break-out room များဖြင့် ဆွေးနွေးလုပ်ဆောင်စေပါသည်။ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိသည့် အလေ့အကျင့်ကောင်းများကို မိမိတို့၏ နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချနိုင်စေရန်အထိ ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Emotional Well-being Workshop များသည် အာရှဒေသတွင်း ယဉ်ကျေးမှုနှင့်ကိုက်ညီအောင် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ တက်ရောက်ပါဝင်သူများအနေဖြင့် အချိန် ၂နာရီအတွင်းတွင် မိမိတို့၏ စိတ်ခံစားချက်များကို ထုတ်ဖော်ပြောဆိုလာနိုင်ခြင်း၊ နားထောင်နိုင်စွမ်းရည်တိုးတက်လာခြင်းနှင့် မိမိတို့ကဲ့သို့ ခံစားနေရသူ အများအပြားရှိခြင်းကို သိရှိနားလည်ပြီး အထီးကျန်ဖြစ်မှုကို လျော့ကျစေခြင်း စသည့် ကောင်းကျိုးများရရှိကာ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် အဖြေများ ရှာဖွေလာနိုင်သည့် ရလဒ်များကို တွေ့ရှိရပါသည်။ အနုပညာ(ပန်းချီ)ကုထုံးနှင့် ရွှံစေးရုပ်ကုထုံးများကိုလည်း အလုပ်ရုံဆွေးနွေးပွဲများတွင် တခါတရံအသုံးပြုပါသည်။ နောက်ပိုင်းတွင် သီချင်း၊ အကနှင့် သစ်ပင်ပန်းမန်ကုထုံးစသည်တို့ကိုလည်း တိုးချဲ့သွားရန် စီစဉ်ချက်ရှိပါသည်။

Counselling Corner
Singapore – Myanmar – Thailand