
ရယူနိုင်သော ဝန်ဆောင်မှုများ


စိတ်ပိုင်းဆိုင်ရာကုထုံးနှင့် တစ်ဦးချင်းစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုပေးခြင်း
လူအများသည် မိမိတို့ဘဝတွင် အဆင်မပြေမှုများ၊ အပြောင်းအလဲများတွေ့ကြုံချိန်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ပြဿနာများကြုံတွေ့ရသည်မှာ သဘာဝပင်ဖြစ် ပါသည်။ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသူတစ်ဦးသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆတ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ အကြောင်းအရာတစ်ခုအပေါ်စိတ်စွဲလမ်းခြင်း စသည်တို့ကို ကြုံတွေ့ခံစားရလေ့ရှိပါသည်။
လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်
Counselling Corner မှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ လူသားအရင်းမြစ်ဌာနများနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်များကို အကောင်အထည် ဖော်လျက်ရှိပါသည်။ လုပ်ငန်းခွင်စိတ်ကျန်းမာရေးအစီအစဉ်တွင် ဝန်ထမ်းတစ်ဦးစီအတွက် ပုံမှန်လစဉ်ကြေးသတ်မှတ်ကာ ဝန်ထမ်းအားလုံးအတွက် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ဝန်ဆောင်မှုများတွင် စိတ်ကျန်းမာရေးဆိုင်ရာ တိုးတက်အောင်လုပ်ဆောင်နည်းများ၊ ဗဟုသုတများပါဝင်သည့် ဟောပြောပွဲဝက်ဘ်ဘီနာများ၊


စိတ်ပိုင်းဆိုင်ရာအသိပညာပြန့်ပွားရေးနှင့် လူထုအကျိုးပြု အစီအစဉ်
စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် အလေ့အထဖြစ်သည့်အလျောက် လူအများသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာ များ၊ ခံစားချက်များကို ဖွင့်ဟထုတ်ဖော်ဆွေးနွေးရန် အခက်အခဲများစွာကြုံတွေ့ရပါသည်။ ယင်းအခက်အခဲများကို Counselling Corner အနေဖြင့် ဖြေရှင်းပေးရန် ဆန္ဒရှိပါသည်။
အလုပ်ရုံဆွေးနွေးပွဲများနှင့် ဝဘ်ဘီနာများ
အလုပ်ရုံဆွေးနွေးပွဲ
ကျွန်ုပ်တို့ ကောင်စလာများအနေဖြင့် ပါဝင်သူ ၂ဦးမှအယောက်၂၀ ရှိသော ၂နာရီကြာသည့် အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးလျက် ရှိပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲများတွင် အပြန်အလှန်နားထောင်ခြင်း၊ စိတ်ခံစားချက်များကို ဖော်ပြခြင်း၊ စိတ်ချင်းကိုယ်ချင်းစာနာစိတ်ထားခြင်း၊ အပြန်အလှန်အားပေး နှစ်သိမ့်ခြင်းစသည့် အတွေ့အကြုံအခြေပြု လုပ်ဆောင်ချက်များကို လုပ်ဆောင်ကြရပါသည်။
ဝဘ်ဘီနာ
ဝဘ်ဘီနာများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုကို ခေါင်းစဉ်တင်၍ သက်ဆိုင်သည့် ဗဟုသုတ၊ အသိပညာများဖြန့်ဝေဟောပြောပါသည်။


သင်တန်းများ
အခြေခံ၊ အလယ်တန်းနှင့် အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ သင်တန်းများ
Psycho-social support training
(စိတ်ပိုင်းဆိုင်ရာ)နှစ်သိမ့်ဆွေးနွေးတိုင်ပင်မှုများ
စိတ်ပိုင်းဆိုင်ရာ ပြဿနာများရင်ဆိုင်ကြုံတွေ့နေရသူနှင့် အနီးကပ် နေထိုင်စောင့်ရှောက်နေရသူများအနေနှင့် ကျွန်ုပ်တို့၏ ကောင်စလာများနှင့် တွေ့ဆုံဆွေးနွေး၍ အကြံဉာဏ်များရယူနိုင်ပါသည်။ ဥပမာအားဖြင့် သတိမေ့ရောဂါခံစားနေရသူတစ်ဦးကို မည်ကဲ့သို့ ဆက်ဆံပြုစုရမည်ဆိုသည်နှင့် ပတ်သက်၍ အကြံဉာဏ်ရယူခြင်း ဖြစ်နိုင်သကဲ့သို့ ချစ်ခင်ရသူတစ်ဦးအားဆုံးရှုံးရသဖြင့် ကျန်ရစ်နေခဲ့သူကို မည်သို့ ကူညီပံ့ပိုးပေးနိုင်သည် ကို ဆွေးနွေးတိုင်ပင်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
ထို့အပြင် Counselling Corner အနေနှင့် အိုင်အန်ဂျီအိုများမှ ဝန်ထမ်းများ (သို့မဟုတ်) လူမှုအထောက်အပံ့အစီစဉ်များအတွက်လည်း လိုအပ်ချက်နှင့် အညီ ဒီဇိုင်းဆွဲထားသည့် သီးခြားဆွေးနွေးတိုင်ပင်မှုများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဤသီးခြား ဆွေးနွေးတိုင်ပင်မှု package တွင် လုပ်ငန်းအစီအစဉ်၊ ဆက်သွယ်ရေးအစီအစဉ်၊ လုပ်ငန်းအကောင်အထည်ဖော်သည့်အဆင့်နှင့် ပြန်လည်ဆန်းစစ်ခြင်းစသည့် အဆင့်များအားလုံး လွှမ်းခြုံပါဝင်ပါသည်။ Counselling Corner မှ လုပ်ငန်းများ အကောင်အထည်ဖော်ပြီးချိန်တွင် အစီရင်ခံစာများကိုလည်း လိုအပ်သလို ရေးသားပေးပို့ပါသည်။


သုတေသန
အိုင်အန်ဂျီအိုများ၊ နိုင်ငံတကာ ပညာရေးအင်စတီကျူများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင်း နေထိုင်ကြသူများ၏ စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ ကွင်းဆင်းသုတေသနပြုခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။ သုတေသနလုပ်ငန်းများလုပ်ဆောင်ရာတွင် ပုဂ္ဂလိစိတ်ကျန်းမာရေး ရှုထောင့်၊ ပြည်သူ့ကျန်းမာရေး ရှုထောင့်စသည်ဖြင့် ရှုထောင့်အမျိုးမျိုးမှ သုတေသနလုပ်ဆောင်လျက်ရှိပါသည်။ ထိုမျှသာမက စိတ်ကျန်းမာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ပပျောက်စေရေးနှင့် ကျေးလက်ဒေသတွင် နေထိုင်သူများပါ စိတ်ကျန်းမာရေးအကူအညီများကို လက်လှမ်းမီရေးစသည်တို့ကိုပါ ထည့်သွင်းလုပ်ဆောင်ပါသည်။
Counselling Corner
Singapore – Myanmar – Thailand