ယုမာသင်း

B.A. (German) Yangon University of Foreign Languages
Basic Counselling Skills Training (Counselling Corner)
Advanced Counselling Skills Training (Counselling Corner)

မယုမာသင်း သည် Yangon University of Foreign Languages မှ B.A (German) ဘွဲ့ရရှိထားသူဖြစ်ပြီး Tourism Industry တွင် ၁၆နှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေရပ်တန့်သွားချိန် ဝါသနာပါရာ စိတ်ပညာကို စတင်လေ့လာခဲ့ပါပြီး Counselling Corner မှပေးသော Basic and Advanced Counselling Courses များအပြင် အခြားသော Trauma Care and Support၊ Basic Child Psychology သင်တန်းများကိုလည်း တက်ရောက်အောင်မြင်ထားသူပါ။

Trauma survivor တစ်ဦးလည်းဖြစ်တာမို့ သူမလို ဘဝမှာ ဒဏ်ရာတွေနဲ့ ပိတ်မိနေတဲ့သူတွေကို ကူညီအဖြေရှာပြီး နေပျော်တဲ့ဘဝတွေကို ပြန်လည်ရှာဖွေပေးဖို့ စိတ်အားထက်သန်သူဖြစ်ပါတယ်။ ခန္ဓာနဲ့စိတ် ချိတ်ဆက်လေ့ကျင့်ရတဲ့ ယောဂပညာရပ်ကို မြတ်နိုးသူပီပီ Counselling နဲ့ Yoga ပညာရပ် နှစ်ခုကို ဆက်စပ်အသုံးပြုလေ့လာနေတဲ့သူလည်းဖြစ်ပါတယ်။ နွေးထွေးတဲ့မျက်ဝန်းတစ်စုံနဲ့ နားတစ်စုံဟာ စိတ်သောကဖိစီးနေတဲ့သူတွေအတွက် ဘယ်လောက်တန်ဖိုးရှိကြောင်း ကိုယ်တိုင်နားလည်လက်ခံထားသူမို့ client တော်တော်များများရဲ့ healing journey ကို အကောင်းဆုံး အတူတကွရှာဖွေပေးနိုင်ခဲ့တဲ့ Counsellor တစ်ဦးလည်းဖြစ်ပါတယ်။